My Star

224 15 0
                                    

Part 1

အခန်းထဲမှာ ​ကောင်​မ​လေး​တျောက်​ထဲ ငိုင်​ငိုင်​​လေးထိုင်​​နေတယ်​ ​ဘေးမှာလည်း သူ့ရဲ့ အရုပ်​​လေး​တွေက လွဲလို့ ဘသူ့မှ ရှိမ​နေ
သူ​လေးက မနက်​ဖြန်​ကို စိုး​ကြောက်​​နေ​သော ​ကောင်​မ​လေး​တစ်​​ယောက်​ပေါ့

*မနက်​ဖြန်​ကို ​တက္ကသိုလ်​ဆိုတာကြီးကို တက်​ရ​တော့မယ်
ရင်​​တွေတုန်​လိုက်​တာ မိမိရဲ့ ငယ်​သူငယ်​ချင်းများနဲ့ ​ကျောင်းတူ​သော်​လည်း ​မေဂျာမတူ*

...................................................................................

"သမီး​လေး​ရေ ထ​တော့ ထ​တော့ သမီး ​ကျောင်းသွားရမယ်​​လေ
ဒီ​နေ့မှ စတက်​ရမှာ​လေ ​နောက်​ကျလို့မရဘူး"

*မာမီရဲ့ နှိုးသံ​ကြောင့်​ နိုးလာရ​သော်​လည်း မိမိမှာဘာမှ မသိ ...
မ​နေ့က ​တွေးချင်​ရာ​တွေးပြီး ဘယ်​အချိန်​မှ အိပ်​မိလဲ မသိဘူး
Ph က နာရီကိုကြည့်​​တော့ မနက်​ ၇ ​နာရီ​ကျော်​​နေပြီ *

"ဟာ.....​နောက်​ကျပြီ"

အော်​သံ​ကြောင့်​ ​စောင်​​ခေါက်​​နေ​သော မာမီဆီမှ မျက်​​စောင်းဒိုင်းခနဲ ​ရောက်​လာသည်​ ခုမှဆိုပြီး ဒီဇိုင်းမျိုး...

"ထပြီး ​ရေမြန်​မြန်​သွားချိုး​တော့ ​အောက်​မှာ မနက်​စာ ပြင်​ဆင်​ထားမယ်
မြန်​မြန်​ဆင်းလာခဲ့...အင်္ကျီ​တွေအကုန်​ထုတ်​​ပေးထားတယ်​​နော်​"

"Yessss sir မာမီ မွမွ အာ့​​ကြောင့်​ချစ်​ရတာ"

ပြောပြီးတာနဲ့ မြန်​မြန်​​ရေချိုးခန်းဝင်​ မြန်​မြန်​ပြင်​ဆင်​ပြီး ​အောက်​ထပ်​ကို
ဆင်းလာခဲ့တယ်

ထမင်းစားခန်း​ရောက်​​တော့ ဒယ်​ဒီနဲ့ မာမီရဲ့ ဆုံးမ​စကား​တွေနား​ထောင်
မနက်​စာ မြန်​မြန်​ စားပြီး အိမ်​ကစီစဉ်​​ပေးတဲ့ ကား​ပေါ်မြန်​မြန်​တက်​လာတယ်

*ဟူး....ခုမှဘဲ သက်​ပြင်းချနိုင်​တယ်​ အာ့တာ​တောင်​ traffic jam ​တွေက ရှိအုန်းမယ်​*

မိမိမှာ အိမ်​မှ အလိုလိုက်​တာ​ကြောင့်​ နည်းနည်းမသိမသာ​လေးဆိုး​နေပြီး ပြင်​ပ​လောကကို​တော့ နည်းနည်း​ကြောက်​​နေ​သော သူတစ်​​ယောက်​..

သူငယ်​ချင်း​တွေ​တော့ ရှိ​ပေမယ့်​ အရမ်းကြီးရင်းနှီးတဲ့ သူငယ်​ချင်းကရှိမ​နေ
ခုတက်​မယ့်​တက္ကသိုလ်​က ​မေဂျာမတူတဲ့ သူငယ်​ချင်း​တျောက်​ဘဲ ရှိတယ်

*ခု ဘလိုသွားရပါ့ ခု​တောင်​ လက်​ဖျား​တွေ ​အေးစက်​စက်​*

#Ta tara tara ta ra ra tara tarara ra tara tara ta ra ra #
Ph ringtone ​ကြောင့်​ ကြည့်​လိုက်​​တော့ မိမိသူငယ်​ချင်း​လေး တာရာ​(မေဂျာမတူတဲ့​တျောက်​​ပေါ့)
စကိုင်​လိုက်​​တော့ ထုံးစံအတိုင်းသူ့ဆီက အသံမလာ မိမိဘက်​မှ အရင်​ဆုံးအသံပြုရသည်

"ဟဲလို"

"​အွန်း ..မလာ​သေးဘူးလား"

"လာ​နေပြီ ကားကြပ်​​နေလို့....နင်​အခုဘယ်​မှာလဲ"

"ငါအခု RC ​ရှေ့မှာ နင့်​ကို​စောင့်​​နေ​တာ"

"ဟယ်​..ဟုတ်​လား ငါအခု တက္ကသိုလ်​ရိပ်​သာလမ်း​မှာ.​ရောက်​​တော့မယ်​ ခဏဘဲ​စောင့်​"

"​အေးပါကွာ ငမျိုးရဲ့ နင့်​​ပြောရင်​ အာ့အတိုင်းဘဲ ...ဒါဘဲ​နော်​ မြန်​မြန်​လာ 9 နာရီ​ကျော်​​နေပြီ"

"Nae"

သူရဲ့ထုံးစံ​ပေါ့ ​အေး​ဆေး​လေသံနဲ့ nae တဲ့

********************************************************

Yuri fic ​လေးပါ
ပထမဆုံး​ရေးဖူးတာပါ😢
ကြောက်​လည်း​ကြောက်​တယ်​ ​ရေးလည်း မ​ရေးရဲဘူး😢
မကြိုက်​ရင်​လည်း သည်းခံပြီး ဖတ်​​ပေးကြဘာ😢

My StarWhere stories live. Discover now