My Star

76 12 0
                                    

Part 4
"ဟေး ဂျွန် ကောင်မလေးက ချစ်စရာလေးနော် "

"အေးးးးး ဖြစ်န်ုင်တာဘဲ
မြန်မြန်လာ ငါ ဗိုက်ဆာနေပြီ "

...............................................

At 7 pm

အခန်းကျဉ်းလေးထဲ ခုတင်ပေါ်မှာ မျိုးတစ်ယောက် ဟိုဖက်ဒီဖက်လှည့်ရင်း အတွေး ကမ္ဘာထဲ လည်ပတ်နေတယ်

ဟင်းးးးးး စိတ်တွေရှုပ်လိုက်တာ

ဒီနေ့မျိုးကို စီနီယာ စိုင်းခန့်ရဲ့ သူငယ်ချင်းက စိတ်ဝင်စားတယ်ဆိုပြီးပြောသွားတယ်လေ
မျိုးစိတ်ထဲ စီနီယာထက်ပိုပြီး စိတ်ထဲမှာ မရှိပါဘူး

တော်ပါပြီ မစဉ်းစားချင်တော့ဘူး
မနက်ဖြန်  basketball ပွဲ သွားကြည့်ရအုန်းမယ်
တကယ်တော့ မျိုး အားကစားတွေကို စိတ်ဝင်စားလို့မဟုတ်ပါဘူး မျိုးရဲ့သူငယ်ချင်း နန်းက ဒီလိုမျိုးတွေ အရမ်း စိတ်ဝင်စားတယ်လေ

............................
At RC,

မျိုးနဲ့ နန်းတ်ို့ RC ထဲရောက်နေတယ် ကစားပွဲက law မိန်းကလေးအသင်း ဆော့မှာဖြစ်တယ်
မျိုးတို့ထိုင်နေတဲ့ နေရာက ကစားသမားတွေရဲ့နောက်မှာ
လက်ခုပ်တီးသံကြားရတယ် ဘာဖြစ်လို့လဲ ကြည့်လိုက်တော့ ကစားသမားတွေ ဝင်လာတာ
အဲ့ချိန်မှာ မျိုး တကယ်ကြီး အံ့သြသွားတာပါ
မျိုး စာအုပ်ကို တိုက်သွားတာ အကိုကြီးထင်နေတာ သူက မိန်းကလေးအသင်းမှာ ကစားသမားတစ်ယောက်
ပြီးတော့ သူက ကျောင်း လက်ရွေးစင်တဲ့
အားကစားဝတ်စုံနဲ့ အရမ်း စမတ်ကျပါတယ်
Basketball အင်္ကျီအနက်လက်ပြတ်အောက်က အဖြူရောင် T-shirt ခံဝတ်ထားတာ ဒူးနာလို့နဲ့ တူပါတယ် ဒူးပတ်က ဘယ်ဘက်ခြေထောက်မှာ ဝတ်ထားတယ်
အင်္ကျီနောက်မှာ ကျောနံပါတ် 0
နာမည်က John လို့ရေးထားတယ်
သူ့နာမည်က ကိုယ့်စိတ်ထဲ senpai ဆိုပြီးပေးလိုက်တယ်
ကစားပွဲတစ်လျှောက်လုံးလဲ သူ့ကိုဘဲ လိုက်ကြည့်နေမိတာ
သူကလည်း သတိထားမိတယ်နဲ့တူပါတယ် ဒီဘက်လှည့်ပြီး ပြုံးပြသွားတယ်
အို ကိုယ့်ကိုပြုံးပြတာ မဟုတ်လောက်ပါဘူး
နောက်က မိန်းကလေးတစ်စုရဲ့ အော်သံကြားရတယ်
မျိုးစိတ်ထဲ သဝန်တိုစိတ်လား ဘာစိတ်လား မခွဲခြားတတ်တဲ့ စိတ်ကလေးတစ်ခုက ဝင်လာတယ်
မျိုးရဲ့ စိတ်ထဲမှာ တကယ်ရှုပ်ထွေးသွားတယ် ပြီးတော့ ရင်ကလည်း ခုန်နေသေးတယ်

ဟင် ငါ ဘာဖြစ်နေတာလဲ ?
ငါ သူ့ကို ကြိုက်နေတာလား
ငါက မိန်းကလေးတွေကို ကြိုက်နေတာလား?
ဟင့်အင်း မဟုတ်လောက်ပါဘူး
သူ အားကစားတော်လို့ အထင်ကြီးမိရုံလေးပါ
မျိုးတစ်ယောက် ကိုယ့်စိတ်ကိုသာ ဖြေလိုက်ရတာ တကယ်တော့ မသက်သာလှ

.....................................
At cafe,

မျိုးတစ်ယောက် မခံစားနိုင်တဲ့ အဆုံး တာရာ့ကို အကုန်ဖွင့်ပြောလိုက်တယ်
( တာရာ = ရှေ့အပိုင်းမှာပါတဲ့ မျိုးရဲ့ ငယ်သူငယ်ချင်း)
တာရာ - " နင်သေချာ ပြန် စဉ်းစားပါဟာ ဒါက ဖြစ်နေကျမဟုတ်တော့ ပြီးတော့ ဟင်းးးး မဟုတ်တော့ပါဘူး "

မျိုး - "အင်းးး "

*******************

Love u all ❤️
အကုန်လုံးကို sry ပါလို့ပြောချင်ပါတယ်
အရင်တင်ထားတဲ့ part 4 ကို ဖျက်လိုက်မိတယ် ☹️
တကယ် စိတ်ညစ်ရပါတယ်
ဒီအပိုင်းက အရင်ဟာနဲ့ အတတ်နိုင်ဆုံးတူအောင်ရေးထားပေမယ့်ကွာနေတာလေးတွလည်း ရှိတဲ့ အတွက် တောင်းပန်ပါတယ်

My StarWhere stories live. Discover now