Part 9

39 5 0
                                    

" Hello  ချစ် ခုတော့ ph ကိုင်ပြီပေါ့နော် ( ခုထိ ph မကိုင်တာ တစ်ပတ်ရှိပြီလေ သူက အဲ့လိုဘဲ စိတ်ဆိုးလို့ ချက်ချင်းမချော့ရင် ) မောင် ချစ်ကို ပြောစရာရှိလို့  အာ့တာာ
ချစ်လာစေချင်တဲ့ နေရာပြောလေ မောင်လာခဲ့မယ်"

ကိုယ့်စိတ်ကို ပြင်ဆင်ပြီးတော့ ပြန် ph ပြောလိုက်တာပါ အရမ်းဆိုးတယ် သူမက
ချစ်တာကတော့ ချစ်တာဘဲ ဒါပေမယ့် စိတ်ပျက်တာက များနေပြီလေ

" ငါနင်နဲ့ မတွေ့ချင်ဘူးလို့ ပြောပြီးပြီလေ
အေ တွေ့မယ် ငါ မနက်ဖြန် ကျောင်းကိုလာခဲ့မယ် RC ကိုဘဲ လာခဲ့"

" အိုခေ ချစ် ဘယ်အချိန်လဲ"

"၁၂ လောက် လုံးဝနောက်မကျစေနဲ့နော်"

" အင်း......ပါ "

" အာ့ဆို ဒါဘဲ မအားလို့"

ဒါက ပထမဆုံးအချစ်ဦးပါ  အရမ်းအရမ်းချစ်ခဲ့ပါတယ်
ကြားရပါတယ် သူ့သတင်းတွေ တခြားကောင်လေးတွေနဲ့ တွဲတဲ့အကြောင်းကို
ပြီးတော့ သူ့သူငယ်ချင်းတွေကြားမှာ ကိုယ့်အကြောင်းကို တော်တော်လေးဆိုးတယ်ပြောထားတာတွေက
တစ်ပတ်မှာ ငါးရက်ကို ပြသနာ တက်တယ် အာ့တာကလည်း သူပြသနာ ရှာတာပါ
ကိုယ့်ဘက်က အမြဲတမ်း နားလည် ပေးပါတယ်
အနိုင်ယူတယ် ကိုယ့်ဘက်က အမြဲတမ်းလျော့ပေးတယ်
တစ်ခါမှ ကိုယ့်စကားကြောင့် သူမ မျက်ရည် မြေမခစေရဘူး
တစ်ခါ ကိုယ် လုံးဝ ရှော့ဖြစ်သွားစေတဲ့ စကားတစ်ခွန်းကို သူ့သူငယ်ချင်းကို ပြောနေတာကြားခဲ့ရတယ်
အာ့တာကလည်း ခိုးနားထောင်တာ မဟုတ်ပါဘူး
သူတို့ပြောနေတဲ့နေရာနားမှာ ကိုယ့်သူငယ်ချင်းဝိုင်းရှိနေခဲ့တာ သူကလည်း မခံစားနိုင်လို့ပြန်ပြောတာ ( သူက ကိုယ့်သူငယ်ချင်းအကုန်လုံးကို မသိဘူးလေ)
အဲ့သူပြောတဲ့ဟာက သူက ခိုင်းလို့ကောင်းလို့တဲ့ သူ့အတွက်ဆို ဘာဖြစ်ဖြစ်လုပ်ပေးလို့တဲ့
အဲ့စကားက ကိုယ့်အတွက် ရှော့ရစေပြီး ပြန်တွေးကြည့်တော့ ကြည်တောင် ကြည်နူးသေးတယ် ကိုယ့်အတွက်က သူက ဘေးနားလေး ရှိနေရင်တောင် ကျေနပ်တ်ာလေ
အရင်တုန်းက ချစ်ခဲ့ပါတယ် ခုထိလည်း ချစ်နေတုန်းပါဘဲ ဒါပေမယ့် ခုက နည်းနည်း စိတ်ခုမိတာလည်း တစ်ခု ပိုနေပါပြီ

~~~~~~~~~~~~~
နောက်တစ်နေ့
At RC,

12 နာရီထက် နောက်မကျနဲ့ဆိုလို့ အမိန့်တော်အတိုင်း  RC ကိုရောက်နေပါပြီ
1 နာရီထိုးနေပြီ သူမ အခုထိ မရောက်သေးဘူး
ရောက်လာပါပြီသူမ
ခုထိတော့ ဘာစကားမှ မပြောကြသေးဘူး
တိတ်ဆိတ်မှုကို ဖောက်ခွင်းပြီးတော့ အသံထွက်လာသူက သူမ
" လမ်းခွဲမယ် ငါ မတွဲနိုင်တော့ဘူး"

"ဟင်?????"

ဟူးးးးးးခုတော့သူ ဒီစကားပြောလာခဲ့ပြီပေါ့
ဒီစကားကို သူ့ဆီက ကြားဖူးတာ ဒါဒုတိယအကြိမ်
ဒီတစ်ခါတော့ ကိုယ့်ဖက်က သူမစိတ်ကျေနပ်အောင်လုပ်ပေးဖို့ အင်အားမရှိ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်းမရှိ

"ဘာလ်ို့တိတ်နေတာလဲ ပြောတာမကြားဘူးလား"

" အင်းပါ ချစ်ရယ်
ချစ်ကို မောင်မဆွဲထားတော့ပါဘူး
ကိုယ့်ဘက်က လွန်ခဲ့မိတာတွေရှိရင် တောင်းပန်ပါတယ်"

"အင်းးး အာ့ဆိုငါသွားပြီ"
John ရဲ့ကောင်မလေး- အင်းသူက ခုတော့ မောင်လ်ို့တောင်မပြောတော့ဘူးပေါ့ John ကိုမချစ်ခဲ့ပါဘူး ဒါမဲ့ သံယောဇဉ်တော့ရှိပါတယ် သူ့ကိုတွေ့ရင် ဘာလို့ အနိုင်လိုချင်နေလဲဆိုတာ စဉ်းစားလို့မရဘူး သူက ဒီတစ်ခါတော့ လက်လွှတ်လိုက်ပြီထင်ပါရဲ့  အင်းးးးး

လှည့်ပြီးတော့ သွားဖို့ ပြင်တုန်း ခေါ်လာတယ် " ချစ်" တဲ့
ဘာမှမပြောဘဲ ငြိမ်နေလိုက်တယ်

" ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ အစစအရာရာ အဆင်ပြေပါစေ ကိုယ့်ထက် သာတဲ့သူနဲ့တွေ့ပါစေ"

"Ok thanks"
သူမထွက်သွားခဲ့လေပြီ
ကိုယ့်ဘဝကြီးက တကယ်ထွက်သွားခဲ့ပြီဘဲ

******************
ထပ်ရေးချင်ပေမယ့် မျက်လုံးက မရတော့လို့ပါ😢
အကုန်လုံးကိုချစ်ပါတယ်💓

My StarWhere stories live. Discover now