ဘေးပတ်ဝန်းကျင် မျက်စိတဆုံး အဖြူရောင် ဖြစ်နေသော နေရာသည် လေဟာနယ်လေလား.....
Sehun မသိပါ....
သိချင်စိတ်လည်း ရှိပုံမရ.....
သူ အိမ်မက်စေစားခြင်းခံရသူလို ကလေးရယ်သံ
တစ်ခုနောက်ကိုသာ ဦးတည်ရာမဲ့ လိုက်လာခဲ့ခြင်းပင်....* appa ....သားသားက ဒီမှာလေ *
* ဟင်..?...သားသား ?..*
ဖြာထွက်နေသော အဖြူရောင် အလင်းတန်းတွေကြောင့်
ထိုင်နေသော လသားအရွယ် ကလေးလေးကို
သူ နောက်ကျစွာ ရှာတွေ့သော်လည်း....တဖြည်းတဖြည်း ရယ်သံတိတ်သွားသော
ကလေးလေးဆီ သူသွားလို့မရအောင် ....သူတို့နှစ်ယောက်ကြား မမြင်ရသော တစ်စုံတစ်ရာက
စီးခြားထားခြင်းကို သိရတော့...သူကြောက်လန့်တရား ဖန်နံရံကဲ့သို့သော လေဟာနယ်ပေါ် ထုရိုက်ကာ အော်ဟစ် ငိုကြွေးမိတော့သည်....
*ကျ...ကျနော့် ကလေးလေး ဆီ သွားခွင့်ပြုပေးပါ....*
မျက်လုံးဝိုင်းဝိုင်းလေးတွေနှင့် ချစ်စဖွယ် လသား ကလေးလေးက ....
* appa....သားသား သွားရတော့မယ် *
သူ ထိပ်လန့်တုန်လှုပ်ခြောက်ခြားစွာဖြင့်
ရေရွတ် တောင်းဆိုမိသည်....* ဟင်...ဟင့်အင်း... သားသား....a..appa
ကို ထားမသွားပါနဲ့..** သားသား appa ဆီဘဲ ပြန်လာချင်တယ်....
appaတို့ သားသားကိုဘဲ ပြန်ခေါ်ပေးပါနော်...**မသွားပါနဲ့.... သားသား...appa ဆီလာခဲ့ပါနော်..
မဟုတ်ရင် appaလိုက်လာမှာ....** appa မလိုက်လာရပါဘူးနော်....သားသား
သွားတော့မယ်....တာ့တာ ** ဟင်...ဟင့်အင်း...! သားသား ! *
*မ..မသွားပါနဲ့ ! appa တောင်းပန်ပါတယ်...
ပြန်လာခဲ့ပေးပါနော်....** သားသား...*
*သားသား...appa ကို ထားမသွားပါနဲ့....အဟင့်..
appaကိုလည်း..ခေါ်သွားပါတော့လား.....*
YOU ARE READING
ချစ်ခြင်းရဲ့ သက်တံ့ရောင်စဉ်
FanfictionYAOI warn° M- preg. Finally *Unicode *version is availabled from 2021 June XD