4.Something is strange & something is change

8 2 0
                                    


မနက်အိပ်ရာကနိုးတာတော့ ကိုယ်လက်တွေအတော်ကိုက်နေပါတယ်

မနေ့ညကကောင်လေးနဲ့အတော်ကြမ်းသွားပုံရတယ်

ဒီကောင်ကအခုမှလူကြီးနည်းနည်းဆန်လာတာ

ဒီအိမ်ကိုသူစရောက်ကတည်းက Daddy တို့၂ယောက်က သူ့ကိုဆိုသားအရင်းလိုပဲ

ကျွန်တော်ကတော့ မွေးစားသားလုံးလုံးဖြစ်ရော

သားသားနဲ့တသားသားဖြစ်နေတာ ပြီးတော့သူ့ကို Daddy တို့က နာမည်ပေးထားသေးတယ် Loey တဲ့ နဖူးနဲ့သာပြေးဆောင့်ချင်မိတယ် Loey တဲ့လေ😑

အဲ့ကောင်က၁နေ့တခြားထွားထွားလာတာ အရပ်ကလည်းရှည်ရှည်လာတာ အဲ့တော့ ကျွန်တော်က မင်း protein တွေသောက်နေတာလားလို့မေးလိုက်ရော

...ဟိုဟိုချမ်း protein က ဘာကြီးလဲဟင်တဲ့...

သူကအမြဲကျွန်တော့်ကို ဟိုဟိုချမ်း လို့ပဲခေါ်တော့တယ်

ကျွန်တော်နဲ့သူအချိန်တိုင်းလိုလို အဝေမတည့်ပါဘူး

အဓိကအကြောင်းက နာမည်ပေးကင်ပွန်းချဉ်ရွက်သုတ်အကြောင်းပေါ့

ကျွန်တော်ကသူ့ကို ဟိုဟိုချမ်း လို့ခေါ်တာ
သူကအဲ့ဒါကို သူ့နာမည်လို့ထင်နေတာ အဲ့ကစပြီးတိုင်ပတ်တာပဲ

ပြီးတော့ရှိသေးတယ် ကျောင်းကပြန်လာရင်အမြဲမျှော်နေတတ်တာ ကျောင်းသွားရင်လည်းသူလိုက်ခဲ့မယ်ချည်း လုပ်နေတာရယ် တနေ့ကဆို ကျွန်တော့်လွယ်အိတ်ထဲက စာအုပ်တွေပစ္စည်း ပစ္စယတွေ အကုန်ထုတ်ထားပြီးတော့ သူဝင်နေတာ ကျောင်းရောက်တော့ ကျွန်တော့်အိတ်ထဲက သူထွက်လာတယ် အဲ့နေ့ကဆို တစ်ခါမှမရောက်ဖူးတဲ့ ဆရာရှု ရဲ့ရုံးခန်းထဲ ပထမဦးဆုံးအကြိမ်ရောက်ဖူးတဲ့နေ့ပဲ

ဆရာရှု ဆိုသည်မှာကလည်း အချိန်တိုင်းတက်ကြွနေတဲ့ ကျွန်တော့်တို့ကျောင်းက ကြက်အုပ်ပါ ..အဲလေ ကျောင်းအုပ်ပါ ....

သူ့ရုံးခန်းထဲမှာဆို သူ့ကျောင်းသားတွေကို အဖွဲ့တွေဖွ့ဲပေးထားတာ အဲ့နေ့မှကျွန်တော်သိလိုက်တာက..

သူပြောပြောနေတဲ့ အိစိုလ် လား အိစ်ဇို လား အဲ့အဖွဲ့ထဲရယ် ကျွန်တော်ပါတယ်😑

သေချာကြည့်လိုက်တာက ဆရာရှုလည်း အဲ့အဖွဲ့ဝင်ပဲ အာ့ကြောင့် သူကိုယ်တိုင်ပါဝင်လှုပ်ရှား တံမြက်စည်းလှဲနေတာ

ပြီးတော့ အခန်းထဲဝင်တဲ့ စာရိတ္တဆရာကို အဖွဲ့ခေါင်းဆောင် ခန့်ပေးထားတယ်ဆိုလားပဲ

ကျွန်တော်ဟာဆိုရင်လည်း မျက်မှန်သမားဆိုတော့ သိပ်ကြီးလည်းတအားမမြင်ရပါဘူးရယ် ကျွန်တော့်တို့ကျောင်းအပ်ရင် ပတ်စ်ပို့ဓာတ်ပုံ ပုံ၁၀၀ကျော်လောက်ရှိမယ် ခဏကြာပတ်စ်ပို့ တအောင့်နေ ပတ်စ်ပို့ နဲ့ တချို့ပုံမကျတဲ့ဓာတ်ပုံပိုင်ရှင်သမားဆိုရင် ခေါ်ဆူနေတာမပြီးတော့ဘူး အဲ့တော့မနေ့ကစပြီး ကျောင်းကိုဓာတ်ဖမ်းဆရာမူပိုင်ထားတာတယ်

အလှဆုံးအပြုံးနဲ့ကျောင်းအလာကျောင်းအပြန်ကို အဲ့ဆရာဆီမှာမှတ်တမ်းဓာတ်ပုံဝင်ရိုက်ရတယ် ပုံမလှရင်လည်း တော်တော်နဲ့ရိုက်လို့မပြီးတော့ဘူး အခုခေတ်ကလေးတွေသိအောင်လွယ်လွယ်ပြောရရင် fingerprint သဘောမျိုးပေါ့ ဓာတ်ပုံprint ပေါ့ အဲလေ~😜

ကျောင်းရဲ့ကန်တင်းမှာ

အာဟာရပြည့်ဝရေး ကလေးများအတွက်___

အဲ့နောက်ကကွက်လပ်ကအခုထိဖြည့်လို့မရသေးဘူး

နေပါတော့ အဲ့ဆောင်ပုဒ်နဲ့ စာဖိုမှူး၁ယောက်ခန့်ထားတယ် ထမင်းစားချိန်ဆိုရင် အဲ့ဆရာက ကျောင်းသား၁ယောက်စီတိုင်းကို ထမင်းဘူးလိုက်စစ်တယ် အစာအုပ်စု၃စုမပြည့်ရင် သူချက်ထားတဲ့ ဆန်ပြုတ်ပဲစားရတဲ့ကလေးတွေက လက်ချိုးပြီးရေလို့တောင်မကုန်နိုင်ဘူး

စဉ်းစားရေးတွေးရင်းနဲ့ဘယ်ဆီတွေရောက်နေလဲတောင်မမှတ်မိတော့တဲ့အဆုံး..

သားလေး ဒီကောင်လေးကို ဆရာရှုတို့ရဲ့ EXO အဖွဲ့ထဲထည့်လိုက်မယ်နော်သား...

ဗျာ..ဟုတ်ကဲ့ဆရာ
ဘာ! ဟိုဟိုချမ်း ကို ကျွန်တော်တို့ တံမြက်စည်းအဖွဲ့ထဲထည့်မယ် ဟုတ်လားဆရာရှု

အေး...ဒီကောင်လေးအသံနဲ့ဆို main rapper ခန့်ရမယ်

ဆရာကျွန်တော်တို့အသင်းက

အနော်ရထာ၊ကျန်စစ်သား၊ဘုရင့်နောင်၊
အလောင်းဘုရား၊ဗန္ဓုလ

အဲ့အသင်းတွေလိုပဲ အဖွဲ့ဖွဲ့ပေးထားတာမဟုတ်လားဆရာ...

အင်းလေ ငါတို့အဖွဲ့ကသီချင်းဆိုရမှာလေ

ဟိုဟိုချမ်း အိမ်ကိုပြန်မပို့ပါနဲ့နော် ..ဟင့်ဟင့်
နောက်၁ခါဆို အဲ့လိုမလုပ်တော့ပါဘူးလို့ ကတိပေးပါတယ် နော်လို့နော်... ဟိုဟိုချမ်း

ဘာကိစ္စ မင်းက ထငိုရတာလဲ ရှင်းကြပါအုံး

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ပြန်လည်ရောက်ရှိ ရောက်ရှိ ✋😁 Heex

Naughty BabyWhere stories live. Discover now