1st Dream

975 45 6
                                    

#ဘယ်ရောက်နေတာလဲ?

ပတ်ဝန်းကျင် တစ်ခုလုံးကို လှည့်ပတ်ကြည့်လိုက်သည်

ဘယ်နေရာဟု ပြောလို့မရ လောက်အောင်ပင် ဘာမှမမြင်ရ

မှောင်နေသည်လားဆိုတော့လည်း
မဟုတ်ပြန်

ကြည့်လေရာရာ ရှိတဲ့ ပစ္စည်းတွေက အမည်းရောင်တွေသာဖြစ်နေ၍ ဖြစ်မည်

Jeon Jungkookတျောက် မျက်လုံးတွေထူပူလာအောင်ကြည့်ပါသော်လည်း အသားမကျလာ...
မဲနေဆဲပင်။

ဘယ်နေရာရောက်နေမှန်းမသိ,ဘာသံမှလည်းမကြားရသည်ကို
Jungkook စိတ်တိုလာသည်

ဒါပေမယ့်လည်းး ရုတ်တရက်......

"ဝုန်းးးး"

အသံကြီးက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်

Kook နားတွေပူထူသွားတာကြောင့် နားနှစ်ဖက်ကို လက်ဖြင့်ပိတ်ပြီး မျက်စိစုံမှိတ်ပြိုက်သည်

မြင် လွှာကို ပြန်ဖွင့်လိုက်တော့...

"ဟောဗျာ"

ခုနက မှောင် မည်းနေခဲ့တာတွေ ဘယ်ရောက်သွားမှန်မသိ

ပတ်ဝန်းကျင်တစ်ခုလုံး အလင်းရောင်များဖြင့် စူးရှတောက် ပနေသည်

အမှောင် ရဲ့စိုးမိုးမှုကို အသားမကျခဲ့သော Jungkook ရဲ့မျက်လုံးတွေက အလင်းဒဏ်ကိုလည်း မခံနိုင်

မှောင်နေသည်ထက် လင်းလွန်းသည်ကပင် ပိုဆိုးနေသယောင်

ဒါပေမယ့်လည်း အာရုံစိုက်ပြီး အလင်းထဲကိုကြည့်လိုက်တော့

အဝေးတစ်နေရာတွင် တစ်စုံတစ်ခုရပ်နေသည်ကိုတွေ့လိုက်ရသည်

arr......တစ်ခုခုမဟုတ်
တစ်ယောက်ယောက်!

Jungkook မလှုပ်မယှက် သေချာစိုက်ကြည့်နေမိသည်

ကြည့်နေရင်းနဲ့မှ သေချာပုံပေါ်လာသည်

လူလား Angelလား မကွဲပြားလောက်အောင် ပင်
အသားအရေက အလင်းရောင်တွေနဲ့မခြား ဝင်းပဖြူဆွတ်နေသည်

ဒီလိုအသားအရေမျိုးဟာ ကိုင် လိုက်တာနဲ့
နှင်းဆီဖတ်လေးလို နုဖတ်နေမည်ဆိုတာ Jungkookသေချာသိနေသည်

DreamOù les histoires vivent. Découvrez maintenant