အပိုင်း-၁

71 6 0
                                    


"ကျွန်တော် လက်မခံနိုင်ဘူး။"

"ကျွန်တော် လက်မခံနိုင်ဘူး။"

တစ်ပြိုင်နက် ထွက်ပေါ်လာသော အသံနှစ်ခု။ ထိုအသံများ၏ ပိုင်ရှင်များမူကား ဦးရှိုင်းလင်းရဲ့သား ရှိုင်းသီဟနှင့် ဒေါ်ခင်မြရဲ့သား ရဲမင်းမြတ်။

ဆိုင်းမဆင့် ဘုံမဆင့် မိထွေးအဖြစ် ရောက်လာသည့် ဒေါ်ခင်မြနှင့် သူမရဲ့သား ရဲမင်းမြတ်ကို ရှိုင်းသီဟ ဘယ်လိုမှ လက်မခံနိုင်။ ထိုနည်းတူ ရုတ်ချည်း အိမ်ထောင်ပြုမည်ဟု ဆိုကာ ဦးရှိုင်းလင်းအိမ်တွင် မိခင်ဒေါ်ခင်မြ သွားရောက်နေမည်ကိုလည်း ရဲမင်းမြတ် လုံးဝ လက်မခံနိုင်။

"မင်းတို့ လက်ခံတာ မခံတာကို ငါ လုံးဝ ဂရုစိုက်မှာ မဟုတ်ဘူး။"

ထိုစကားတစ်ခွန်းကို ပြောကာ ဧည့်ခန်းမှ ထထွက်သွားသည့် ဖခင်ဖြစ်သူကို ကြည့်ပြီး ရှိုင်းသီဟ မဲ့ပြုံး ပြုံးလိုက်သည်။ သူ သိပ်သိတာပေါ့။ သူ့ရဲ့စကားလုံးတွေက သူ့ဖခင်ရဲ့ မာနတွေ၊ သိက္ခာတွေ၊ ဂုဏ်တွေ အကုန် အဖတ်ဆယ်မရ ဖြစ်သွားနိုင်သည်။ သားအဖချင်း ရန်ဖြစ်တိုင်း ပြောလေ့ ရှိသည့် စကားလုံးတို့ သူ့နှုတ်မှ မထွက်လာခင် ရှောင်သွားမှန်း သူ သိသည်။

ရှိုင်းသီဟနှင့် ရဲမင်းမြတ်ကို စူးစူးရဲရဲ စိုက်ကြည့်ပြီး ဦးရှိုင်းလင်း၏ အခန်းထဲသို့ ဝင်သွားသည့် ဒေါ်ခင်မြကို ရဲမင်းမြတ် မုန်းမိသည်။ ဒေါ်ခင်မြက ဦးရှိုင်းလင်းရဲ့ ပိုင်ဆိုင်မှုတွေကို တပ်မက်ပြီး အိမ်ထောင်ပြုမှန်း သူ့စိတ်မှ အတပ် သိနေသည်။ သူ့အား ကြိုတင် တိုင်ပင်ခဲ့ပါက တားမည်စိုး၍ ဖုံးကွယ်ခဲ့မှန်း သူ ရိပ်မိသည်။ ဤအချက်နှင့်တင် ဒေါ်ခင်မြကို သူမုန်းရန် လုံလောက်ပြီပင်။

ဦးရှိုင်းလင်းနှင့် ဒေါ်ခင်မြ အခန်းထဲသို့ ဝင်သွားပြီး ဧည့်ခန်းတွင် ရှိုင်းသီဟနှင့် ရဲမင်းမြတ်သာ ကျန်ခဲ့သည်။ မည်သူ့ဘက်ကမှ စကားစပြောခြင်း မရှိဘဲ တိတ်ဆိတ်ခြင်းကသာ ကြီးစိုးနေခဲ့သည်။ နှုတ်မှ ထုတ်မပြောသော်လည်း နှစ်ဦးလုံး၏ ရင်ထဲတွင် ဒေါသများက အပြည့်။

တူညီသော ရည်ရွယ်ချက်တစ်ခုအတွက် နှစ်ဦးလုံး ဦးနှောက်ကို အနားမပေးဘဲ စဉ်းစားနေကြသည်။

BUTTERFLYWhere stories live. Discover now