လမ်းမှားနေမှန်းသိပေမဲ့ ကိုယ်ဟာ
လျှောက်မြဲလျှောက်စဲသာ~Park Chanyeolတယောက် ညဘက်က အိပ်တာ ညဉ့်နက်လေတော့
တော်တော်နဲ့ မျက်စိမပွင့်နိုင် အိပ်မောကျနေလေရဲ့……အခန်းထဲမှာ heaterဖွင့်ထားတော့ ပြင်ပက အအေးဓာတ်ကို အန်တုပီး သာသာယာယာအိပ်နိုင်တော့ ဇိမ်ကျတာပေါ့
စောင်အောက်ကခြေထောက်ကို အေးစက်စက်အရာတခုက
လာကိုင်သလို ခံစားမိလိုက်တော့
အိပ်နေရင်း တုံ့ကနဲဖြစ်သွားပီး မျက်စိကပွင့်လာတယ်အေးစက်နေတာကို သေချာခံစားမိလိုက်လို့
ရေတွေဘာတွေများလားဆိုပီး ကြည့်မိတော့လည်း
ဟာလာဟင်းလင်းနဲ့ အိပ်ရာခင်းကလွဲလို့ ဘာမှမရှိ…ပြတင်းပေါက်ကိုကြည့်မိပြန်တော့ နေမထွက်သေးတာကလွဲလို့ အလင်းရောင်က အသင့်အတင့် ရှိနေလေပီ
သူလည်း ဗိုက်ဆာနေပီမို့ ဆက်မအိပ်ဖြစ်တော့
ရေချိုးခန်းထဲဝင်၍ ရေချိုးလိုက်သည်
သူ ဒီနေ့ အလုပ်သွားလျှောက်ကမည်မဟုတ်လား'တရွာမပြောင်း သူကောင်းမဖြစ်'ဟူသည့်အတိုင်း မိဘများ ဆုံးသွားကြပီးကတည်းက နေသည့်အိမ်ကိုရောင်း၍ မြို့ပြောင်းရန် အစီအစဉ်ရှိခဲ့သည်
'သေချင်တဲ့ကျား တောပြောင်း' ဟူသည်တော့ မဖြစ်ချင်၍ ပြောင်းသည့်မြို့၌ ငှားမည့်အိမ်ကို သေချာရွေးခဲ့လေသည်
အိမ်ရှင်မိသားစုကတော့ သဘောကောင်းကြမည့်ပုံပါပင်အတွေးတွေကိုခဏရပ် အကျီင်္လဲပီး ဖိုင်တွေထည့်ထားသည့်အိတ်ဆွဲကာ အောက်ထပ်ဆင်းလာခဲ့လေသည်
"ဟင် chanyeol နိုးလာပီလား ဒီမှာမနက်စာ စားသွားအုံးနော်"
"ဟုတ် noona"
သူထမင်းစားပွဲထဲဝင်ထိုင်လိုက်တော့ ဟင်းတွေက အစုံအလင်……
မားနဲ့ပါး ဆုံးပီးကတည်းက အပြင်ထွက်စားနေကြဆိုတော့ အိမ်ထမင်းအိမ်ဟင်းတောင် မစားရတာကြာလေပေါ့ထမင်းစားခန်းအပြင်က Noona xiuသံကြားလိုက်ရတယ်
"မောင် မနက်စာစားသွားအုံးနော် မနေ့ညကလည်း ဘာမှမစားရသေးဘူးမလား"
YOU ARE READING
Gùèśť
Fanfictionပေးခဲ့တဲ့ ကတိကို မတည်နိုင်ခဲ့လို့တောင်းပန်ပါတယ် အချစ်... #Kris တချိန်က ကိုယ်ဟာ သူ့အတွက် အဖိုးမတန်ပေမဲ့ တချိန်မှာတော့ တစုံတယောက်ကြောင့် ကိုယ် အဖိုးတန်ခဲ့ရတယ်... ...