🌜4🌛

193 35 3
                                    

Upပေးလိုက်ပီနော်
ကိုယ့်ရဲ့ အလုပ်နဲ့ကိုယ်ရေးကိုယ်တာနဲ့ ရောပစ်တဲ့အကျင့်ကို စိတ်ညစ်မိတယ်
P-3လေး recallပေးကြဘာနော့်😬

❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇

ဆေးရုံက ဆင်းလာသည်နှင့် Chanyeol ကုမ္ပဏီ ပြန်သွားတော့ သူနှင့် အင်တာဗျူးလာဖြေသူတွေ ပြန်ကုန်တာ သူတွေ့လိုက်တယ်

ကောင်တာက အမကတော့ သဘက်ခါရွှေ့လိုက်တယ်ဆိုတာနဲ့
သူအိမ်ပြန်လာခဲ့တယ်

ကားမောင်းရင်း သူစဉ်းစားနေတာက
ဆေးရုံမှာတွေ့ခဲ့တဲ့လူအကြောင်း

ဒီလိုနဲ့ အိမ်ရောက်တော့  အကိုChenကို အိမ်မှာတွေ့လိုက်တယ်

အဖိုးမူးလဲသွားလို့ ပြန်လာတာတဲ့……
အခု အဖိုးက ဆေးထိုးခံပီး အခန်းထဲမှာအိပ်နေတယ်ဆိုပဲ
အကိုChenကတော့ ဆေးသေတ္တာထဲ ပစ္စည်းတွေပြန်ထည့်နေလေသည်

သူလည်း အကိုChenနဲ့ noonaကို နှုတ်ဆက်ပီး အပေါ်ထပ်တက်မယ်လုပ်တော့ noonaက

"Chanyeol မနက်က မောင်လေး ကားနောက်ခန်းမှာ ပါသွားတဲ့  ကောင်လေးက ဘသူလဲ မောင်လေးအသိလား"

"ဗျာ!!! ဘသူ့ကိုပြောတာလဲ ကျနော့်အသိ ဒီမှာမှမရှိတာ"
သူနည်းနည်းကြောင်သွားသည်

"အယ်!!ဟုတ်လား မသိပါဘူး noonaလည်း ……
ဒါမဲ့ ဟုတ်ပါတယ် မောင်လေးရယ် ဆံပင်အဖြူလေးနဲ့လေ ရုပ်တော့မမြင်လိုက်ဘူး"

"noona မနောက်နဲ့နော် ကျနော်မနက်က တယောက်ထဲသွားတာပါ"

Noona Xiuက ခေါင်းကုတ်ပီး
"အဲ့ဒါတော့ noonaလည်းမသိတော့ဘူးရယ် ဒါမဲ့ သေချာတော့မြင်လိုက်တာပါ"

အကိုChenက
"ညီလေး သိပ် စိတ်ထဲထားမနေနဲ့ မင်းnoonaက မျက်စိမှားတာနေမှာ" ဟု ပြော၍ ဆေးရုံသို့ ပြန်သွားလေသည်

အကိုChenသွားတော့ Noona xiuက မေးသည်
"မောင်လေး အလုပ်အဆင်ပြေလား"

"အလုပ်က သဘက်ခါပြောင်းလိုက်တယ် noonaရဲ့ "ဟု
သူဖြေလိုက်သည်

GùèśťWhere stories live. Discover now