အပိုင်း၂မှအဆက်~
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^"အဟမ်း ဒီက Park Chanyeolနော်"
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ ဖြေမယ် လုပ်လိုက်စဉ်မှာပဲ
..................
တကိုယ်လုံး မူးနောက်နောက်နဲ့ ပူသလိုလိုအသက်ရှူကြပ်သလိုလိုဖြစ်လာတယ်Chanyeolရဲ့စိတ်ထဲမှာတော့......
ရှေ့မှာ သူ့ကို ကြည့်နေတဲ့ မန်နေဂျာလား ဘာလားမသိတဲ့သူကို အားလည်းနာတယ်
ဆက်ဆံရေးမကောင်းလို့ဆိုပီး အလုပ်မခန့်မှာလည်း စိုးလို့
အားတင်းပီး ပြန်ဖြေမယ်လုပ်တော့
သူလုံးဝပြောမထွက်လူက လဲကျချင်သလိုလိုတွေဖြစ် လက်တွေကလည်း အားမရှိတော့ တခုခုကိုင်ဖို့အစား ပြောဖို့တောင် အားမရှိသလိုလို
နောက်ဆုံးသူ သိလိုက်တာက သူအမှောင်ထုထဲ ရောက်သွားခဲ့လေပီ..."ဒီမှာ!!! မေးနေတယ်လေ Park Chanyeolဆိုတာ မင်းလားလို့"
ထိုလူ အနည်းငယ် မျက်မှောင်ကြုံ့ကာ မေးနေလေသည်"ဟင်အင်း ကျနော်က Luhanပါ ကိုကို"
ခုနက ချွေးစီးတွေတောင်ထွက်ပီး မျက်လုံးတွေတောင်ရောက်မြောက်ရောက်ဖြစ်နေတဲ့ နားကားကားနဲ့ ကောင်လေး က ဘလိုလုပ် သူ့အချစ် နာမည်ကို လာရွတ်နေတာလဲ ......Kris Wuတယောက်တွေးမိလိုက်သည်
"ပြောင်ချော်ချော်တွေလာလုပ်မနေနဲ့ မင်းအလုပ်လာလျှောက်တာလား ငါ့ကို အာရုံ လာစားနေတာလား"
ထိုကောင်လေး၏ ဖိုင်ကိုကြည့်၍သာ တည်ငြိမ်သော အသံဖြင့် သူပြောလိုက်သည်
ရင်ထဲမှာတော့ ဗလောင်ဆူနေလေသည်
Luhanဆိုတာ သူသိပ်ချစ်ခဲ့ရသူမဟုတ်လေလား!!
ကံအကြောင်းမလှလို့ သေကွဲ ကွဲခဲ့ရပေမဲ့
သူ့ကိုမေ့ဖို့ အတော်လေးကြိုးစားခဲ့ရတာ......"မဟုတ်ဘူး ကိုကို ကျနော် Luhanလေ ကျနော့်အသံကိုမမှတ်မိဘူးလား"
Kris's pov; အသံ!!!!!!!ဟုတ်တာပေါ့ ကျနော်ဘဝရဲ့ တစိတ်တပိုင်းဖြစ်ခဲ့တဲ့ သူ့အသံကို မမှတ်မိပဲနေမလား
အဟက် အသံဆိုတာ လုပ်ယူလို့ရတာပဲ
ကျနော်နဲ့ Lu အကြောင်းသိတဲ့သူက ကျနော့်စည်းစိမ်တွေလိုချင်လို့ ချဉ်းကပ်တာ ဖြစ်မှာပေါ့
YOU ARE READING
Gùèśť
Fanficပေးခဲ့တဲ့ ကတိကို မတည်နိုင်ခဲ့လို့တောင်းပန်ပါတယ် အချစ်... #Kris တချိန်က ကိုယ်ဟာ သူ့အတွက် အဖိုးမတန်ပေမဲ့ တချိန်မှာတော့ တစုံတယောက်ကြောင့် ကိုယ် အဖိုးတန်ခဲ့ရတယ်... ...