When we are the students

4K 309 15
                                    

* Universe Private School *

ဆိုတဲ့ Korea ရဲ့ အချမ်းသာဆုံးသော အဆင့်မြင့်ဆုံးသော ကျောင်းကြီးထဲမှာ
မည်သူနဲ့မှ ယှဉ်မရတဲ့ အဖွဲ့ ၂ဖွဲ့ ရှိခဲ့သည် ။

2 ဖွဲ့ စလုံးကတော့ အရမ်းကွာခြားကြသည် ။ ကွာခြားသည် ဆိုတာထက် oppostie ဖြစ်နေတယ် ဆိုရင်ပိုမှန်မည် ။

1 ဖွဲ့မှာ Leader Byun Baek hyun , Kim Suho , Do Kyung Soo ,Hwang Zitao, Kim Min Seok နဲ့ Xiao Luhan တို့ ပါဝင်သည် ။

နောက် 1 ဖွဲ့မှာတော့ Leader Park Chan Yeol , Zhang Yixing , Kim Jong In ,Wuyifan, Kim  Jong Dae နဲ့ Oh Sehun တို့ပါဝင်ကြသည် ။

ထူးဆန်းသည်က ထို 2ဖွဲ့သည် အပြိုင်အဆိုင်များလှသည် ။ ဘယ်တော့မှ တည့်သည်မရှိ ။ အဖွဲ့ နာမည်တောင်

ပထမ အဖွဲ့မှာ Angel လို့ပေးလို့ ဒုတိယ အဖွဲ့မှာ Monster လို့ပေးရ သည်အထိ
လုံးဝ opposite ဖြစ်ကြသည် ။

2 ဖွဲ့စလုံးကို ပေါင်းခေါ်တဲ့ နာမည်ကတော့ The War ဖြစ်သည် ။
ထိုနာမည်ကို ကျောင်းအုပ်ကြီး ကိုယ်တိုင်က ပေးခဲ့ခြင်းပင် ။

အခုလဲ ......

"ဘာ....ဘာဖြစ်နေလဲဟင် !"

ဆရာ ရောက်လာ၍ မေးသော်လည်း Byun Baekhyun နှင့် Park Chanyeol မှာ ဖြေချင်သည့်ပုံစံမရှိ ။ စိုက်ကြည့်နေကြသည်မှာလဲ မျက်လုံးများပြုတ်ထွက်မတတ် ။ ဆရာသည် ထို၂ယောက်ကို ကျော်ပြီး နောက်က သူငယ်ချင်းတွေကို မေးသော်လည်း Oh Sehun ဆိုသူ ထိုကောင်လေးမှာ

"Sam !"

"ဟင် ! "

"ထွက်သွားပေးပါလား !"

ဆရာ သည် ခေါင်းကုတ်ကာ ဝင်မေးမိတာ မှားပြီ ဆိုသော အတွေးလေးဖြင့် ထွက်သွားလေသည် ။
ဆရာ ထွက်သွားမှာ သူ့အတွဲနဲ့သူ ကိုက်ညီစွာ စိုက်ကြည့်နေကြသော ဒီပွဲမှာ Oh Sehun သည် Xiao Luhan ကို ပြန်စိုက်ကြည့်လိုက်သည် ။

"ဘယ်လိုလုပ်ပေးမှာလဲ?"

Baekhyun ရဲ့ စကားကို Chanyeol က ခနဲ့စွာရယ်သည် ။ ထို့နောက် နက်ခ် တိုင်ကို ဆွဲဖြဲကာ Baekhyun ကိုမော့ကြည့်လိုက်သည် ။

"ဘာလုပ်ပေးရမှာလဲ ချစ်လေးရဲ့ !"

"ဟား....ဟက်...Chanyeol ရာ သိပ်မစပါနဲ့ မျက်နှာကြီးနီရဲနေပြီ ဟာကို... ဟုပါ့ကွာ...ဟား...ဟက် !"

"C TO B....LOVE IS BORN"( one short collections)Donde viven las historias. Descúbrelo ahora