"My son အဆင်သင့်ဖြစ်ပြီလား "
"Yes daddy "
Luggage ကိုဆွဲလာရင်း Daddy က ပြုံးစွာကြည့်နေသည်။
"ဘာလို့ အဲ့လိုကြီးကြည့်နေတာလဲ daddy ကလဲ"
Daddy ကိုထုရင်း ပြောတော့ daddy က သဘောကျစွာအော်ရယ်ရင်း ကားပေါ်ကို luggage မကာ ထည့်လိုက်သည်။
Incheon Airport ရောက်တဲ့ အထိ Daddy ကမပြန်သေး ။ လေယာဉ်ပေါ်ထိ လိုက်ပို့ချင်ပုံရသည်။
"daddy နောက်တခါဆို မရဘူးနော် "
"yes my son! ဟား ဟား"
Baekhyun က New York က သူ့ mommy ဆီ
သွားခြင်းဖြစ်သည်။ Daddy က ဒီနှစ်လဲ မလိုက်တော့ဘူး ဆိုတာကြောင့် သူအနည်းငယ်စိတ်ဆိုးနေသည်။ Mommy နဲ့ ဘယ်အချိန်ထိ ဒီလို မခေါ်ပဲနေကြမှာလဲ သူမစဉ်းစားတတ်တော့ ။ Mommy က Foreigner မို့လို့ Baekhyun ငယ်ငယ်က အရမ်းအံ့ဩခဲ့ရသည်။ဘာလို့လဲဆိုတော့ Foreigner လူမျိုးကို သူအရမ်းရူးသွပ်ခြင်းကြောင့်ဖြစ်သည်။ သူ့အမေကိုယ်တိုင်က Foreigner ဖြစ်နေတော့ ပြောစရာမလိုပဲ Baekhyun က MaMa Boy လေးဖြစ်ခဲ့သည်။
သူတို့လူမျိုးက ချုပ်ချယ်ခြင်းမရှိပဲ လွတ်လွတ်လပ်လပ် ပျော်ရွှင်ကြတဲ့ Life style ကို Baekhyun အရမ်းသဘောကျသည်။
ငယ်ငယ်ထဲက Daddy နဲ့ Korea မှာ နေခဲ့ရတယ် ။ Christmas တိုင်းတော့ Mommy ဆီသွားဖြစ်သည်။ တခါတလေတော့ Mommy လာလည်သည်။
Mommy နဲ့ Video call ပြောဖြစ်တိုင်း သူဘာစကားမှမပြောပဲ Foreigner Mommy ကိုပဲ ငေးကြည့်နေတတ်သည်။ Baekhyun ကတော့ အဖေတူလို့ Korea လုံးလုံးကိုဖြစ်နေသည်။
"my son မင်း mommy ကိုတွေ့ပြီး daddy ကိုမေ့မသွားနဲ့နော်"
ကားပေါ်က ဆင်းခါနီးပြောသော daddy ကြောင့် Baekhyun ဆင်းပြီး ကားတံခါးပြန်ပိတ်လိုက်သည်။ မှန်ချထားသော အပေါက်နား မျက်နှာကပ်ကာ စိတ်တိုစွာ ပြောလိုက်သည်။
"မေ့မသွားချင်ရင် daddy လိုက်ခဲ့သင့်တယ်! mommy နဲ့ရှိနေရင်တော့ daddy ဆိုတာ sonအတွက် ပျောက်ကွယ်သွားမှာပဲ "
ပြောပြီး luggage ကိုဆွဲကာ ထွက်သွားသော သားကိုကြည့်ပြီး ကားထဲက daddy အော်ရယ်နေတော့သည်။
"သူ့ mommy နဲ့ တပုံစံတည်း "
Baekhyun သူ့ daddy ကိုစိတ်တိုလွန်းလို့သာပြောခဲ့တာ တကယ်လေယာဉ်ပေါ်ရောက်တဲ့အထိ သူရယ်နေမိသည်။
VOUS LISEZ
"C TO B....LOVE IS BORN"( one short collections)
NouvellesPark Chan Yeol Vs Byun Baek Hyun