"BH~ဟာ သကြော်ကတီး"
ပြဲလန်နေအောင်ထွက်လာတဲ့ ငဘတ်ရဲ့အသံအဆုံး ကျုပ်စိတ်ရှိလက်ရှိ ဖနောင့်နဲ့ပေါက်ချင်စိတ်သာ ပေါက်မိတယ်!
"Suho~ဘာ သကြော်ကတီးလဲ"
"BH~ရွှေရိုး သူကြီးကတော်က ဘယ်လိုလုပ်ရောက်နေတာတုန်း"
"PCY~အဲ့ဒါ မင်းကိုငါမေးရမှာ ငဘတ် မင်းကိုငါခိုးခိုင်းတာ ရီဖန့် ဘယ့်နှယ့် သူ့အမေကြီးခေါ်လာတာတုန်း ! "
"BH~ငါလည်း လောလော လောလောနဲ့ဆိုတော့ မှား"
"PCY~မှားစရာလားကွ! ဟိုက ဒီလောက် ဒီက ဒီလောက်လေး! အပုနဲ့အရှည်မှားတယ်ဆိုရအောင် မင်းအလုံးတွေ မှုန်နေတာလား"
ကျုပ်စိတ်တိုနေမှန်းသိတော့ ငဘတ် ခဲမှန်ထားတဲ့ စာသူငယ်လိုလို!
မိုးပြိုမှာစိုးလို့ ဖင်မူးတောင်းထောင်နေတဲ့ တစ်တီတူးလို.
သေတော့မယ့် အခွက်လေးနဲ့ ပေကလက် ပေကလက် မျက်တောင်တွေကို ပုတ်ခတ်ရင်း ပုဆိုးလေးခြုံကာ ကျုပ်မျက်နှာကို အကဲသာ ခတ်နေလေရဲ့!
"PCY~မင်းကိုငါတကယ် စိတ်ပျက်တယ် ငဘတ်! ဘယ်အရာမှ မျက်နှာလွှဲလို့ မရဘူး"
ငဘတ်အား ဘုတောတောကာ ကွပ်ပစ်ပေါ် ပက်လက်လှန်နေတဲ့ ကျုပ်ဘေး ငဘတ်မျက်နှာငယ်လေးနဲ့ ထိုင်နေပြန်သည်။
"BH~ငါတောင်းပန်ပါတယ် ရွှေရိုးရာ! ငါလည်း "
"PCY~မတောင်းပန်နဲ့တော့ ငဘတ်! အရာအားလုံးက ပြီးဆုံးသွားပြီ! မင်းတွေးကြည့် သူကြီးသိရင် ဒီကိစ္စက မိုးမီးလောင်မှာ!"
"BH~မင်းဘာမှ မဖြစ်စေရပါဘူး ရွှေရိုး! ငါ့ကြောင့်ဖြစ်တာ ငါလုပ်တာ ငါပဲခံမှာပါ!"
"PCY~ဒီမှာ ငဘတ် မင်းကိုငါစိတ်ဆိုးလို့ ပြောနေတာ မဟုတ်ဘူး! ငါတို့က ကံတူကျို.းပေး ဘဝတူသူငယ်ချင်းတွေ! မင်းလည်းခံစရာမလိုဘူး! "
"BH~ရွှေရိုး"
မျက်ရည်လေးတွေလဲ့ကာ ကြည့်နေတဲ့ ငဘတ်ပခုံးကို ခပ်တင်းတင်းဆုတ်ကိုင်ကာ ဖျစ်ညစ်လိုက်သည်။
ESTÁS LEYENDO
အမွှေစိန်တို့ရွာ
Romanceကျေးလက်မြန်မာ့ဓလေ့ကိုရေးမယ့်ficလေးပါ!! အားပေးကြပါအုန်းနော်90°Bow!!