🍃 6 🍃

3.3K 207 8
                                    

သစ်​ခက်​​လေးရဲ့ ရင်​ခုန်​သံ 🍃

( အပိုင်း - ၆ )

​ဒေါ်သက်​ထားခင်​သည် ​ဆေးရုံအခန်းနံပါတ်​​တွေကို ရှာရင်းမှ အခန်းတစ်ခုအ​ရောက်​ အ​လောတကြီးတံခါး ဖွင့်ပြီး၀င်​လိုက်​သည်​။

"သက်​လျာ ၊ သမီး ဘာဖြစ်​သွား​သေးလဲ "

"နဖူးနည်းနည်းပေါက်​သွားတာပါ ။ ဘာမှ မဖြစ်​ပါဘူး ​မေ​မေရဲ့ "

"ဘယ်​လိုဖြစ်​ရတာလဲ ။ ကားကို ​သေချာမ​မောင်းဘူး  "

သက်​လျာသည် ​မေ​မေ့စကား​ကြောင့် သက်​ပြင်းရှိုက်မိသည် ။

"သက်​လျာ မီးပွိုင့်မိလို့ ကားရပ်​လိုက်​တာ ​နောက်​ကကားက အရှိန်​မထိန်းနိုင်​ဘဲ ၀င်​တိုက်​သွားတာ"

"ဘာမှ သိပ်​မဖြစ်​ဘူးဆိုလဲ ဘာလို့​ဆေးရုံလာရတာလဲ ။ ပိုက်​ဆံအပို​ကုန်​​အောင်​လို့ ၊ ငါ့မှာ ခုတ​လော ပိုက်​ဆံပြတ်​​နေတာ​နော်​ "

"​မေ​မေ ၊ သက်​လျာက ​သတိလစ်​သွားလို့ ​ရောက်​လာတာပါ"

​မေ​မေက သက်​လျာကို သမီးရင်းတ​စ်ယောက်​လို​ရော သ​ဘောထားရဲ့လား ဟု သက်​လျာစိတ်​ထဲ သံသယ၀င်​မိသည် ။

"ထားပါ​တော့ ၊ ဆေးရုံ​ရောက်​​နေပြီဆိုမှ​တော့ တစ်ခုခုအကျိုးရှိ​အောင်​ လုပ်​ရမှာ​ပေါ့"

"​မေ​မေ ဘာလုပ်​ဦးမလို့လဲ "

"မာန်​မင်းခ ဖုန်းနံပါတ်​​ပေး ။ ငါ သူ့ကို ​ခေါ်လိုက်​မယ်​ ။ တကယ်​လို့ သူ နင့်ဆီ ​ရောက်​လာရင်​​​တော့ တကယ်​စိတ်​၀င်​စား​နေလို့ပဲ။ သူ့ကို အပိုင်​ချုပ်​ထား​ပေ​တော့"

"သက်​လျာမှ သူ့ကို မကြိုက်​တာ "

"နင်​ ကြိုက်​တဲ့  ဟိုသုတဆိုတဲ့​ကောင်​က နင့်ကို စိတ်​၀င်​စားလို့လား ။ မာန်​မင်းခ ကမှ နင့်ကို စိတ်​၀င်​စား​နေတာလေ ။ သူက သုတထက်​လဲ ပိုချမ်းသာတယ်​ "

"​မေ​မေ "

"နင်​ ဘာမှ​ပြောမ​နေနဲ့ ၊ ဖုန်း​ပေးစမ်း "

​ဒေါ်သက်​ထားခင်​သည် သက်​လျာ၏ ဖုန်းကို ဆွဲယူပြီး မာန်​မင်းခ၏ ဖုန်းနံပါတ်​ကို ရှာသည် ။ ထို့နောက် သူ့ ​ ဖုန်းနှင့်  ​ခေါ်လိုက်​သည် ။

🍃 သစ်ခက်လေးရဲ့ ရင်ခုန်သံ 🍃 ( Completed )Where stories live. Discover now