🍃 13 🍃

3K 192 26
                                    

သစ်​ခက်​​လေးရဲ့ ရင်​ခုန်​သံ 🍃

( အပိုင်း - ၁၃ )

"မာန်​မင်းခ "

"ဗျာ "

မာန်​မင်းခ ကုမ္ပဏီက ပြန်​လာပြီး အိမ်​ထဲခြေချလိုက်သည်နှင့် ​မေ​မေ့​ခေါ်သံ​ကြောင့် ထူးလိုက်မိသည်​။

"ဒီမှာခဏ လာထိုင်​ဦး "

ဧည့်ခန်းက ဆိုဖာ​ပေါ်မှာ ၀င်​ထိုင်​ရင်း မေမေ့မျက်နှာကို အကဲခတ်မိသည် ။ အနည်းငယ် တင်းမာနေသယောင် ။

"ဘာ​ပြောမလို့လဲ မေမေ "

"မင်း သက်​လျာနဲ့ အဆက်​အသွယ်​လုပ်​​နေတုန်းပဲလား "

"ဟို.."

မာန်​မင်းခ အဖြေတစ်ခုကို ခေါင်းထဲ အပြေးအလွှား စဉ်းစားနေမိသည် ။ ထိုစဉ် မေမေ့စကားအကြား သူ အံ့သြသွားရသည် ။

"ဒီ​နေ့ သက်​လျာ အိမ်​ကို လာသွားတယ်​ "

"ဘယ်​လို ၊ သက်​လျာက အိမ်​ကိုလာတယ်​ ၊ ဟုတ်လား မေမေ "

သက်​လျာက သူ့ကို အရင်​မတိုင်​ပင်​ဘဲ ဘာလို့​မေ​မေနှင့် လာ​တွေ့တာပါလိမ့် ဟု တွေးမိသည် ။ ​မေ​မေက သက်​လျာကို အမြင်​မကြည်​ဘူးဆိုတာ သက်​လျာကိုယ်​တိုင်​လည်း သိပါလျက်​နှင့် ။

​ဒေါ်နှင်းခသည် သား၏ မျက်​နှာအမူအရာကို ကြည့်ရုံနှင့် သက်​လျာ အိမ်​ကိုလာမည်ဆိုတာ ယခုမှသိမှန်း ရိပ်မိလိုက်သည် ။

"သက်​လျာက ​မေ​မေ့ကို လာနှုတ်​ဆက်​တာတဲ့​လေ။ မင်းနဲ့ သက်​လျာက သူငယ်​ချင်း​တွေအဆင့်ထက်​ မ​ကျော်​​သေးဘူး မဟုတ်လား မာန်​မင်းခ "

"ကျွန်​​တော်​တို့.... "

"ဘာမှ ဆက်​မ​ပြောနဲ့​တော့ ။ တကယ်​လို့ မင်းတို့ ချစ်​သူ​တွေဆိုရင်​လည်း လမ်းခွဲလိုက်​​တော့။ မင်းနဲ့ သ​ဘောတူထားတဲ့ မိန်းက​လေးရှိတယ်​ "

"​ကျွန်​​တော့် အိမ်​​ထောင်​​ရေးကို ကိုယ်​တိုင်​ ဆုံးဖြတ်​ပါရ​စေ မေမေ "

"မင်း ဆုံးဖြတ်​မယ့် မိန်းက​လေးက သက်လျာ မဟုတ်​ဘူးဆိုရင်​ မင်းစိတ်​တိုင်းကျ လိုက်​​လျော​ပေးမယ်​ ။ ဘယ်လိုလဲ "

🍃 သစ်ခက်လေးရဲ့ ရင်ခုန်သံ 🍃 ( Completed )Where stories live. Discover now