🍃 9 🍃

3.1K 195 2
                                    

သစ်​ခက်​​လေးရဲ့ ရင်​ခုန်​သံ 🍃

( အပိုင်း - ၉ )

"အန်တီ သိန်း ၅၀ ​လောက်​လို​နေတယ်​ သားရယ်​ "

"ဗျာ ၊ သိန်း ၅၀ "

မာန်​မင်းခသည် များပြားသည့် ပမာဏမို့ ပိုက်​ဆံ​ချေးငှားရန် နည်းနည်း​တွေ​ဝေသွားမိသည် ။ ဒါ​ပေမဲ့ သက်​လျာတို့ ဒုက္ခ​ရောက်​​နေတာဘဲ ကူညီသင့်သည်ဟု တွေးမိသည် ။

"ဟုတ်​ကဲ့ ၊ ကျွန်​​တော့်ကို အန်​တီ့ဘဏ်အ​ကောင့်နံပါတ် ​ပေးခဲ့ပါ ။ ကျွန်​​တော်​  ​ငွေလွဲလိုက်​ပါ့မယ်​ "

"​ကျေးဇူးပါ သားရယ်​ ။ အန်​တီ အဆင်​​ပြေတာနဲ့ ချက်​ချင်း ပြန်​ဆပ်ပါ့မယ်​ "

"ဟုတ်​ကဲ့ ရပါတယ်​"

​​ဒေါ်သက်​ထားခင်​သည် စာရွက်​​ပေါ်မှာ ဘဏ်​အ​ကောင့်နံပါတ်​ ချ​ရေးရင်း...။

"ဒီမှာ အန်​တီ ဘဏ်​အ​ကောင့်ပါ "

"ဟုတ်​ကဲ့ ၊ ကျွန်​​တော်​ ​ငွေလွှဲလိုက်​ပါ့မယ်​ "

"​အေး ကျေးဇူးပါကွယ်​ ။ အန်​တီ သွားလိုက်​ဦးမယ်​​နော်​ "

"ဟုတ်​ကဲ့"

မာန်​မင်းခ သက်​ပြင်းချမိသည် ။ သူ့ ဘဏ်​အ​ကောင့်ထဲက ​ဖေ​ဖေတို့ထည့်ပေးထားသည့် ပိုက်​ဆံထဲက လွှဲရမှာပင် ။အဲသည်ပိုက်​ဆံ​တွေက သူ ​ဖေ​ဖေ့ ကုမ္ပဏီ မှာ အလုပ်​ကူလုပ်​​ပေး၍ ထည့်ပေးထား​ခြင်းဖြစ်၏ ။ ​ဖေ​ဖေ နှင့် ​မေ​မေတို့သာ သိရင်​ ပြသနာတက်​နိုင်သည် ။ မသိ​အောင်​ ခဏ ဖုံးကွယ်​ထားမှာပင် ။

⚡⚡⚡⚡⚡⚡

"​ရော့....ဒီမှာ သမီး သုံးဖို့ ပိုက်​ဆံ"

"​အ​မေ ဘယ်​က ပိုက်​ဆံရလာတာလဲ ။ ဒီ​နေ့ ဖဲဝိုင်းမှာ နိုင်​ခဲ့တာလား "

"မဟုတ်​ပါဘူး "

သက်​လျာသည် ​အ​မေ့ပုံစံကို အကဲခတ်မိသည် ။ တစ်ခုခု အချီကြီးရလာသည့်ပုံစံပင် ။

"​အ​မေ ၊ ဒီ​ငွေ​တွေ ဘယ်​ကရလာတာလဲ "

"ညည်း သူငယ်​ချင်းဆီက "

"ဘယ်သူလဲ ၊ မင်းခဆီကလား ။ ​အမေ ဘာလို့ ဒီလို လုပ်​ရတာလဲ ။ မင်းခက သမီးရဲ့ သူငယ်​ချင်းလေ ။ သမီး သူ့ကို ဘယ်​လိုမျက်​နှာပြရမှာလဲ"

🍃 သစ်ခက်လေးရဲ့ ရင်ခုန်သံ 🍃 ( Completed )Opowieści tętniące życiem. Odkryj je teraz