Episode(2)

140 15 2
                                    

ပေါင်​မုန့်​ကိုတလုပ်​ထဲထိုးသွင်းရင်း ဖိနပ်​ကြိုးထိုင်​ချည်​ရသည်​။
''ဟဲ့ကောင်လေး တခုခုစားသွားဦးလေ''
ပါးစပ်လဲမအားတာကြောင့် လှည့်မကြည့်ပဲလက်သာပြလိုက်သည်။
''မဒမ်ချမ်း သွားပြီနော်''
အသံကြားတည်းက ဘယ်သူလဲတန်းသိသည်။
''Good luckငါ့ညီ..စာကောင်းကောင်းလုပ်လာခဲ့''

''အိုခီကွာ ဟဟ''
ကျနော့ဆံပင်တွေကိုထိုးဖွရင်း အပြုံးနဲ့ပြောလာတဲ့ကိုကို့ကြောင့် လက်မနဲ့လက်ညှိုးကိုစက်ဝိုင်းပုံလုပ်ပြရင်း ပြန်ရယ်ကာနှုတ်ဆက်လိုက်သည်။ ကိုကိုထွက်သွားတော့မှ ဖိနပ်ကြိုးချည်တာကိုအဆုံးသတ်ပြီး ကျောပိုးအိတ်ကိုကောက်ဆွဲကာထွက်လာလိုက်သည်။
''သွားလိုက်ပါဦးမယ်''

မိုးရွာထားလို့ထင်ရဲ့...စိုစွတ်စွတ်လမ်းမကြီးက ဒီဇယ်နံ့သင်းနေသည်။ ပေါင်မုန့်တချပ်သွတ်ထားတဲ့အစာအိမ်က အချက်ပေးသံတချို့ပေးလာပေမယ့် ဘေးမဲ့သာပေးထားလိုက်၏။ YBSတစီးကိုယ့်ဘေးကဖြတ်သွား၏။ ကျောင်းကိုများရောက်မလား တွေးမိပေမယ့်..မစီးဖြစ်ခဲ့ပါ။ ဗိုက်ထဲကအချက်ပေးသံကတော့ စည်းချက်ကျကျနေတုန်း..အာရုံပြောင်းလိုပြောင်းငြား ရေစက်တချို့တွဲလောင်းခိုနေတဲ့ဓာတ်ကြိုးပေါ်နားနေတဲ့ခိုတွေ ဓာတ်မလိုက်တဲ့အကြောင်းကို သောမတ်အက်ဒီဇင်ရဲ့အလက်ထရွန်ညီမျှခြင်းတွေနဲ့ အချိုးချလိုက်ရင် အဖြေက..........
''Huh...hey hey stop! ''
အဖြေနဲ့နီးစပ်သလိုခံစားရချိန်မှာ ကျောပိုးအိတ်ကိုစောင့်ဆွဲသွားတာကြောင့် အတွေးစတို့တိုးလို့တန်းလန်းဖြစ်ကုန်သည်။ တဖက်သာလွယ်ထားတဲ့ကျောပိုးအိတ်က စက်ဘီးတစ်စီးနဲ့ညှိသွားခြင်းဖြစ်တာကြောင့် ကိုယ်ပါလိုက်ပြေးနေရ၏။ စက်ဘီးကိုမှီအောင်ပြေးနေရသည်ကြောင့်ချွေးပါစို့လာသည်။ ထိုမှ ကျောင်းဝန်းထဲရောက်မှန်းမသိရောက်လာခဲ့တော့ လူတွေရဲ့မသိမသာရော သိသိသာသာပါattentionတွေရနှင့်ပြီးဖြစ်သည်။ သို့သော် ဆွမ်းတော်ဗျို့လို့ကျနော်မအော်သလို ဘယ်သူကမှလဲဆွမ်းထွက်မလောင်းကြပါ။
''ကျွီ .. ကျွီ ''
ဗြုန်းဆိုထရိတ်ဆွဲလိုက်တော့ လူကအရှိန်လွန်ပြီးရှေ့ကိုထိုးကျသွားသည်။ What's the f**kin shit!! စက်ဘီးပိုင်ရှင်ကလွယ်အိတ်မှပြန်ဆွဲကာ ထိန်းထားပေး၍သာတော်တော့သည်။
''ခုဏကအော်တာ မင်းလား? ''
အသံကြည်ကြည်လေးကြောင့် ဆွဲထိုးဖို့အတွေးကိုခဏခေါက်သိမ်းရင်း စက်ဘီးစီးလာသူကိုကြည့်မိသည်။ အင်္ကျီအဖြူလက်​ရှည်​​ကို ကြယ်​သီးကအစသပ်​သပ်​ရပ်​ရပ်​တွယ်​ထားပြီး ​ကျောင်uးniformစိမ်းပြာ​ရောင်​ပုဆိုးနဲ့ လိုက်​ဖက်​လွန်း​နေသည်​။သတိကိုမနဲပြန်​ကပ်​ပြီး ထို​ကောင်​​လေးဆီကမျက်​နှာလွှဲလိုက်​ရသည်​။
''မင်းကိုတခါမှမတွေ့ဖူးသလိုဖဲ..ကျောင်းသားသစ်လား''

''Sec year .. ပန်းချီ''
တုံးတိတိအေးစက်စက်အဖြေနောက်မှာ သူ့အကြည့်တွေကိုခံစားမိသည်။ သူ ကျနော့်ကိုစိုက်ကြည့်နေတာလား?

''မင်းကရော..? အသစ်ထင်တယ် first yearမလား ''
ဟာ..ကြက်သီးတွေပါထလာသည်အထိ။

''ကျွတ် . . နောက်ကျနေပြီ''
အမြန်လစ်ထွက်လာခဲ့ပေမယ့် ကြက်သီးတွေထနေသေးတာကြောင့် သူ ကျနော့ကိုကြည့်နေသေးပေလိမ့်မည်။ တောက် .. စွမ်းသုတ §ရှက်​ကွာ မင်း​တော့..!
လှေကားထစ်​​တွေက ဘာလို့ဒီ​လောက်​များ​နေတာလဲ? ​ဒေါသက ဘာမှမဆိုင်​ဖဲထွက်​လာပြန်​သည်​။

''အားသစ် !! ဆရာ မင်းကိုစောင့်နေတာ။hallထဲမှာမင်းကလွဲရင် လူစုံနေကြပြီ။ Greyရောပါလာတယ်မလား''

''ဒါပေါ့..အဲ့တာကြောင့်ပဲ လာတဲ့ဟာ''

နားစွန်နားဖျားကြားလိုက်သည့်အသံကြောင့် ခြေလှမ်းတို့ကမစေခိုင်းမိပါဘဲတုံ့ခနဲ။ 'အားသစ် .. အားသစ် 'တဲ့လား!သွားတက်လေးများပေါ်သည်အထိရယ်မိသည်။နဘေးမှလူတချို့ကမအူမလည်ကြည့်သွားကြသည်။ ထားပါ..အရေးကြီးတာမှမဟုတ်ပဲ။ အဓိက,က အဲ့စက်ဘီးလေးကသူဖြစ်ပြီး သူသည်အားသစ်ဖြစ်သည်။ နောက်ထပ်တခုက ကျနော့ဘယ်ဘက်ရင်အုံမှနွေးခနဲခံစားချက်တခု။ ဒါ ဘာလဲ!! သေချာအောင်လုပ်ဖို့တော့ လိုမည်ထင်သည်...။

#kedorishin/wattpad/author/forever

FOREVERWhere stories live. Discover now