Episode(3)

95 14 4
                                    

ဟုတ်​ပါတယ်​ . . ကျ​နော်​​ရောက်​​တော့ hallထဲမှာလူစုံသ​လောက်​ဖြစ်​​နေပြီ။ ​"​မောင်​မယ်​သစ်​လွင်​ကြိုဆိုပွဲအခမ်းအနား"ဆို​သောစာတန်းက ဝံ့ဝံ့ကြွားကြွားရှိ​​နေ၏။

" အားသစ်​? လာ . . အကုန်​လုံးသားကို​စောင့်​​နေကြတာ "

" ဟုတ်​ ဆရာ "

ဆရာ့​နောက်​က ခပ်​ရို့ရို့လိုက်​သွားလိုက်​သည်​။ အစီအစဉ်​ကထုံးစံအတိုင်းmajorတစ်​ခုစီအတွက်​king​တွေqueen​တွေ​ရွေးကြလိမ့်​မည်​။ ​တခုထူးခြားတာက ပန်းချီ​မေဂျာက ​လက်​​ရွေးစင်​​ကျောင်းသား၊​ကျောင်းသူ​တွေရဲ့ပန်းချီလက်​ရာ​တွေကိုပါ ​လေ့လာလို့ရ​အောင်​ခင်းကျင်းပြသမည်​ဖြစ်​သည်​။ ထို့အတွက်​​ကြောင့်​ပဲ သူ​ရောက်​လာရခြင်းဖြစ်​သည်​။

" ဆရာတို့​တွေ့ချင်​နေတဲ့​အားသစ်​ဆိုတာ ဒီခ​လေး​ပဲ "

ကျ​နော့်​ပုခုံးကိုပုတ်​ရင်း​ပြော​တော့ အလိုက်​တသိနှုတ်​ဆက်​လိုက်​သည်​။

" ​အေးကွာ . . မင်းဆရာမင်းအ​ကြောင်း​ပြောလာတည်းက ဆရာတို့​တွေ့ချင်​​နေတာ။ မင်းခကြီးက ချီးကျူးခဲတယ်​​လေ ဟားဟား "

ဆရာမင်းခက​တော့ပြုံးရုံသာ။ ဆရာမင်းခဆိုတာ ကျ​နော်​တို့​မေဂျာက​ကျောင်းသား​တိုင်း​ချစ်​​ကြောက်​ရို​သေရတဲ့ဆရာကြီး။ ​စာသင်​ရင်း​ဟာသ​တွေညှပ်​​ပြောပြီး​ပျော်​​ပျော်​​နေတတ်​​ပေမယ့်​ ပန်းချီပညာနဲ့ပတ်​သတ်​လာရင်​လုံးဝအမှားမခံသူဖြစ်​သည်​။ စည်းကမ်းလည်းတင်းကျပ်​သ​လောက်​ ကျ​နော့်​ကို​တော့အ​တော်​ချစ်​ရှာသည်​။ အမြဲတမ်း​နောက်​ကျ​လေ့ရှိတဲ့ကျ​နော့်​ကို ဘယ်​​တော့မှမဆူသလို ' မင်းက ဆရာငယ်​ငယ်​ကနဲ့​တော်​​တော်​တူတယ်​ကွ 'ဆိုပြီးပင်​ ​ပြောတတ်​သည်​။

" မင်းရဲ့လက်​ရာကို​စောင့်​​နေတာ . . နာမည်​က? "

" Greyပါ "

" ​အေးကွာ . . မင်းဆရာက​တော့ ​တော်​​တော်​"​မျှော်​လင့်​ထားတာ​နော​ အဟား "

" ဆရာတို့စိတ်​မပျက်​​စေရဘူးလို့ ကျ​နော်​အာမ,ခံနိုင်​တယ်​ဆိုရင်​​ရော? "

FOREVERWhere stories live. Discover now