COP-2

7.5K 447 30
                                    

{Unicode}

ကင်မ်ထယ်ယောင်းလောက် မိုက်မဲတဲ့သူရှိအုန်းမလား
ကိုယ့်အိမ်ထဲကို ကျူးကျော်ခိုးဝင်လာတဲ့ ရန်သူလားဘာလည်းမသိတဲ့ သူစိမ်းလူတစ်ယောက်ကို အိပ်ခန်းထဲအထိခေါ်သွင်းလာပြီး ထိုလူကိုတောင် ဆေးပြန်ကုပေးနေတာ။ မတက်နိုင်ဘူးလေ ကူညီတက်တဲ့နူးညံ့တဲ့နှလုံးသားကို အပြစ်တင်လို့မှမရဘဲ။

၁၄နှစ်အရွယ်တုန်းကပါပါးအမိန့်ကြောင့် စစ်သင်တန်း၂နှစ်တိတိတက်ဖူးသည်။ ၁၄နှစ်သားလည်းဖြစ်သလိုတခြားယောက်ကျားလေးတွေလိုကြွက်သားတောင့်တောင့်တင်းတင်းမရှိတာမို့ ဆေးဝါးနေရာမှာသာ တာဝန်ယူခဲ့ရတာပေါ့။ ဒါကြောင့် ကျည်ဆန်ထုတ်တာဆိုတာ ကင်မ်ထယ်ယောင်းအတွက် အသေးအမွှားဘဲ။ သူငယ်ချင်းဖြစ်သူ
ဂျီက လယ်ကနေပြန်လာရင် ခြေထောက်မှာ အမြဲဒဏ်ရာရလာလေ့ရှိတာမို့ ဂျီ့အတွက်ဆိုကာ ဆေးဗူးကို အမြဲအသင့်ဆောင်ပေးထားတာ။ အတော်ဘဲဖြစ်သွားတယ်။

မိနစ်ပိုင်းလောက်ဘဲကြာသွားတယ်။ ကျည်ဆန်ထုတ်ပေးပြီးအနာကိုရေနွေးလေးနဲ့သန့်စင်ပေးကာ ပတ်တီးနဲ့ပတ်ပေးလိုက်တယ်။

"ကဲ ဒဏ်ရာကိုတော့သန့်စင်ပြီးပြီ အခုခင်ဗျားကိုမေးစရာတွေအများကြီးရှိတယ်"

ခုတင်စောင်းမှာ ထိုလူကမျက်စိမှိတ်ကာလှဲနေတော့ ထိုလူနဲ့စကားပြောဖို့ခုံကိုဆွဲယူကာ မျက်နှာချင်းဆိုင်ထိုင်လိုက်ရင်း

"မျက်လုံးဖွင့် "

အတင်းအားယူပြီး ထိုလူကမျက်လုံးကိုဖွင့်လာတယ်။
သနားပေမဲ့မတက်နိုင်ဘူး ကိုယ့်အိမ်ထဲကိုကျူးကျော်ဝင်လာတဲ့သူမလား။
.
.
ဒဏ်ရာအရှိန်ကြောင့် မှိန်းနေပေမဲ့ "မျက်လုံးဖွင့်"ဆိုတဲ့
ခပ်ဩဩအသံလေးကိုကြားလိုက်ရတော့ အားယူပြီးဖွင့်ကြည့်လိုက်တာ မျက်စိရှေ့က ထိုလူသားလေး ဆံနွယ်အညိုရှည်ရှည်ဝဲဝဲ။ ဖြောင့်စင်းနေတဲ့နှာတံရယ်။ ပိန်ပိန်သွယ်သွယ်နဲ့ နှာခေါင်းထိပ်မှာ ထင်းနေတဲ့မှည့်နက်လေး သေချာတယ် ဒါလက်ဝဲဒဲလ်နိုင်ငံခေါင်းဆောင်ရဲ့သားဘဲ။

"စိုက်ကြည့်မနေနဲ့ ကျွန်တော်မေးတာဖြေ"

"အင်း"

Cross Our Pinkies Where stories live. Discover now