COP-4

4.7K 386 12
                                    

{Unicode}

အချိန်ကညနက်နေပေမဲ့ နှစ်ယောက်သားအိပ််မပျော်သေးဂျွန်က ဒီည လက်ယာကိုပြန်ရမယ်မလား ဒါကြောင့်သူ ထယ်ယောင်း အိပ်အပျော်ကိုစောင့်နေရင်း..

"ယောင်း"

"ပြောလေ"

"တကယ်လ်ို့ ခေါင်းဆောင်ယောင်းအခန်းထဲဝင်လာလို့
ကျွန်တော့်ကိုတွေ့သွားရင်ကော"

"စိတ်မပူပါနဲ့ မတွေ့နိုင်ဘူး"

"ဘာလို့အဲ့လောက်တောင်သေချာနေရတာလဲ"

"ဘာလို့ဆို ပါပါးက ဒီအခန်းထဲမပြောနဲ့ အခန်းရှေ့တောင်ခြေချဖူးတာမဟုတ်ဘူး ထမင်းစားချိန်ကလွဲလို့ သူနဲ့မျက်နှာချင်းဆိုင်ရတဲ့အချိန်ကရှားတယ် ငါ့ကိုလည်းဂရုမစိုက်ပါဘူး"

သိသိသာသာ ညှိုးငယ်သွားတဲ့မျက်နှာလှလှလေး...

"အင်း စိတ်မကောင်းဖြစ်စေဖို့မေးလိုက်တာမဟုတ်ဘူးနော်တောင်းပန်ပါတယ်"

"မဟုတ်တာရပါတယ် အမှန်တရားဘဲကို"

"အိပ်တော့လေနော် ညနက်နေပြီ"

"အင်း မင်းကောဘဲအိပ်တော့"

"ကောင်းသောညပါ ယောင်း"

တစ်ယောက်နဲ့တစ်ယောက် ကျောပေးကာ အိပ််မရတဲ့ညမှာအတွေးကိုယ်စီနဲ့ပေါ့။

အခုဆိုည၁နာရီ အချိန်တွေကုန်သွားတာ သုံးနာရီကျော်ကျော်ပေါ့။ အိပ်ပျော်နေလောက်ပြီထင်တယ်။

ခန္ဓာကိုယ်ကိုဖွကာ ထယ်ယောင်းရှိရာသို့လှည့်လိုက်ရင်းမျက်နှာလေးကိုကြည့်လိုက်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ အည်ိုရောင်လေး...

ဒီအတိုင်းနှုတ်ဆက်မယ်တွေးထားပေမဲ့ ထိန်းမရတဲ့နှုတ်ခမ်းတွေက သူ့နဖူးပြင်လေးကို ဖွဖွလေး ဖိကပ်နမ်းမိတယ်။

"ပြန်လာခဲ့မယ် ယောင်း"

အအိပ်စက်လွန်းတဲ့သူမို့ နဖူးပေါ်ထိကပ်လာတဲ့နှုတ်ခမ်းပါးတစ်စုံကိုခံစားမိတာနဲ့အတူ ပွင့်လာသောမျက်ဝန်းအစုံ

မြင်လိုက်ရတာက ပြတင်းပေါက်တံခါးမှကျော်ကာ အိမ်အနောက်ဖေးကနေထွက်သွားတဲ့ဂျွန်။

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Jan 29, 2022 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

Cross Our Pinkies Nơi câu chuyện tồn tại. Hãy khám phá bây giờ