COP-3

5.2K 399 16
                                    

{Unicode}

မေတ္တာတရားကြီးမားလွန်းတဲ့ကောင်လေး ထိုလူသားလေးလက်ဝဲမှာမွေးဖွားခံရပြီးရှင်သန်နေရလို့ စိတ်မကောင်းဖြစ်မိတယ်။ ဒီကောင်လေးက လက်ဝဲထက် အများကြီးသာတဲ့နေရာမျိုးမှာသူ့ရဲ့အတောင်ပံလေးတွေကိုလွတ်လွတ်လပ်လပ်ပျံ့သန်းခွင့်ရှိသင့်တာ....

ဟုတ်တယ်။ လက်ဝဲဒဲလ်မှာ မွေးဖွားလာမိတာနဲ့ငရဲကျခံလိုက်ရသလိုဘဲ။

လက်ဝဲဒဲလ်နိုင်ငံဆိုတာ စိတ်ကူးယဉ်ကြည့်လို့တောင်မရတဲ့နိုင်ငံ။ တောင်းဆိုချင်တာတွေ ပြောဆိုချင်တာတွေ သီချင်းဆိုဖို့ ဝတ်ဖို့ တွေးဖို့ကိုတောင် အရမ်းကြောက်ရပါတယ်။

စာအုပ်စာပေမရှိ။ သီချင်းမရှိ။ စာနယ်ဇင်းမရှိ။ အချစ်ဇာတ်လမ်းနဲ့ပတ်သက်တဲ့ရုပ်ရှင်တွေ စသည်စသည်ကင်းမဲ့နေသည့်တိုင်းပြည်။
.
.
.
ညကခေါက်ဆွဲစားကာ ၂နာရီလောက်မှအိပ်ပျော်သော်လည်းငယ်စဉ်ကတည်းက ပါပါးက အကျင့်လုပ်ပေးထားတာကြောင့်မျက်ဝန်းအစုံသည် မနက်၅နာရီဆိုတာနဲ့ အလိုလိုပွင့်လာတက်သည်။

"ဝါးးး"

အားရပါးရ အာသန်းပြီးတော့ အကြောအစုံကိုဆန့်ကာ

"ဒီနေ့လည်းအတန်းသွားရအုန်းမယ်"

အသက်၂၀ကျော်ပေမဲ့ ကျောင်းမပြီးသေးပါဘူး။ ဒါကံကောင်းတယ်လို့ပြောရမယ်ဗျ။ နိုင်ငံရဲ့ကလေးတစ်ဝက်ကျော်ကျော်က ကျောင်းစရိတ်မတက်နိုင်လို့ မူလတန်းအောင်လက်မှတ်ရပြီးတာနဲ့ စက်ချုပ်မဟုတ်ရင် ကောက်စိုက် လုပ်ငန်းခွင်ထဲဝင်ကြရတာ။ အသက်၁၈ပြည့်ပြီးသားယောက်ကျား မိန်းမ အချို့လည်း ရာသက်ပန်စစ်ထဲဝင်သွားကြတယ်။ ဟုတ်တယ်လေ သူတ်ို့မှာ ရွေးချယ်စရာသုံးခုဘဲရှိတာမလား။

တွေးနေတာကိုရပ်ပြီး ဘေးနားက အိပ်နေတဲ့ကောင်လေးကိုတစ်ချက်လှမ်းကြည့်လိုက်တော့ အိပ်မောကျနေတုန်း

ထိုကောင်လေးကလည်းလက်ဝဲနိုင်ငံသားတစ်ယောက်ဘဲဆိုတော့ အခုဆိုကျောင်းဆက်တက်နေသေးလား အပ်ချုပ်နေရတာလား သိချင်လိုက်တာ သနားပါတယ် မနေ့ညက လက်အုပ်ချီပြီးတောင်းပန်နေတာ အိမ်ကနှိပ်စက်လို့နေခွင့်ပြုပါတဲ့ဒါပေမဲ့သူကျွန်တော့်ပါပါးလ်ိုအိမ်ထဲရအောင်ဝင်လာနိုင်တဲ့သတ္တိကိုတော့တကယ်ကိုလေးစားပါတယ်။
.
.
"ဂျောက်"

Cross Our Pinkies Tempat cerita menjadi hidup. Temukan sekarang