*တီးတောင် တီးတောင် *
"သားငယ်လေးရေ တံခါးသွားဖွင့်လိုက်ပါအုန်း "
"ဟုတ်မေမေ "
မီးဖိုချောင်ထဲမှ မေမေအော်သံကြောင့်
ကျတော့်လက်ထဲမှ ဂိမ်းစက်ကို ချကာ တံခါးဆီသို့ သွားခဲ့တယ်*တီးတောင် တီးတောင်*
"လာပြီဟေ့ လာပြီ နှိပ်ဖို့ပဲသိတယ် ဘယ်လိုဟာမှန်းမသိဘူး"
"သားရေ မြန်မြန်တံခါးဖွင့်ပေးလိုက် အရေးကြီးနေတဲ့ပုံပဲ "
"ဟုတ်ကဲ့"
*ကျွှီ*
"ဟင်"
ချောလိုက်တာ နတ်သားလေးလား
"အဟမ်း ညီလေး လူကြီးရှိလား "
"ဟင့်အင်း မရှိဘူး "
ကျတော့်မျက်လုံးတွေက အဲ့ကိုကိုကို စိုက်ကြည့်ဆဲ
(Hkhk လွမ်းရတုတို့က မြင်ရုံနဲ့ ကိုကို ခေါ်ပလိုက်ပြီ )
"အကိုက ညီလေး တို့၇ဲ့မျက်နှာချင်းဆိုင်အိမ်က အရင်အပတ်မှပြောင်းလာတာ
ဒါအိမ်မှာ ရွှေတောင်ခေါက်ဆွဲချက်လို့လာပေးတာ "လွမ်းရတုတို့ကံဇာတာ တက်နေတာ ရှေ့ခြံကတဲ့
"ဟုတ် ချောလိုက်တာ!!"
"ဗျာ "
*ဂွပ်*
"အား "
ဘယ်သူလဲကွ ငါ့ကို ခေါက်တာ ဆိုတဲ့ဒေါသမျက်လုံးနဲ့ လှည့်ကျိမိလိုက်တော့
"မေမေ ဟီးးး"
"ထင်တယ်ထင်တယ် လွမ်းရတုတို့ကလေ ဟွင်းဟွင်း သားပေး အန်တီ ချိုင့် လဲလိုက်အုန်းမယ်နော် လာအိမ်ထဲဝင်ပြီး ခနထိုင်စောင့်နေ "
"ဟုတ်ကဲ့အန်တီ"
ဟူး ကိုကိုရယ် ရုပ်ချောရုံတင်မဟုတ်ဘူး အ၇မ်းလည်း ယဉ်ကျေးတာပဲ (လွမ်း၇တု အတွေး)
" ညီက ဘယ်နှတန်းရောက်နေပြီလား "
"ဗျာ "
ရင်ခုန်လိုက်တာ ကိုကို ကျတော့်က်ု စကားအ၇င်စပြောတယ်
"ဘယ်နှတန်းလဲလို့"
"ဟုတ် သားက အကြီးဆုံးတန်းလေ"

YOU ARE READING
No, I LOVE U...
Romance# ခင်ဗျားကြီး ကျတော့်ကိုမချစ်ဘူးမလား ???? #....မဟုတ်ဘူး ငါမင်းကိုချစ်တယ်