ညက ကိုကိုအာကာ အကြောင်းတွေးလိုက်တာ မနက်၂နာ၇ီမှ အိပ်ပျော်သွားတယ်
* ဒေါက် ဒေါက်*
"သားရေ ထတော့ "
"အင်းးးးး မေမေကလဲ အစောကြီးကို "
"ဟဲ့ နာ၇ီပြန်ကြည့်အုန်း နေဖင်ထိုးနေပြီ "
"အာ ကျတော် စောင်ခြုံထားတယ်ဗျ ဘာမှမထိုးဘူး"
"လွမ်းရတု ငါမနက်စောစောစီးစီး မဆဲချင်ဘူးနော် ထဆိုထ "
"မေမေကလည်း ဗျာ "
"အေး မထလဲနေ ငါက ကလျာ တို့အိမ်ကို သွားမလို့ နင့်ကို ခေါ်သွားရင်ကောင်းမလားလို့"
"အာ မေမေကလည်း ရှူပ်ရှူပ်ရှပ်ရှပ် ဘယ်က ကလျာလဲ"
(ဟုတ်တယ် ကျတော်က အိမ်လည်ရတာ ၀ါသနာမပါဘူးလေ )"အရှေ့ခြံကလေ အ၇င်အပတ်ကမှပြောင်းလာတာလေ "
"အာ. ...."
(ဒါဆို ကိုကိုအာကာရဲ့အမေပေါ့ ဟီး ယောက္ခမနဲ့တွေ့ရတော့မယ် ""သားလိုက်မယ် မေမေ "
"အေး အဲ့ဒါဆို မြန်မြန်လုပ် "
"ဟီးး ဟုတ်ကဲ့"
ကျတော်လည်း ပြောလည်းပြော ရေချိုးခန်းထဲတန်းဝင်သွားလိုက်တော့တယ်ခနကြာတော့
ကျတော်ပြင်ဆင်ပြီးသွားပြီလေSpecialတော့ မဟုတ် liner လေးကို နည်းနည်းထူထူလေးဆွဲ မျက်နှာလေးကို နေရောင်ခံ cream လေးလိမ်းပြီး ဒူးလောက် ဘောင်းဘီလေးနက် အင်္ကျိအပူလေးကို ၀တ်ထားတာလေ
ဆံပင်ကတော့ဗျာ
ပြောချင်တာ အဲ့ဆံပင် ကျောင်းကလေဗျာ ကျတော်ဆံပင်ရှည်နေတာကို မညှပ်လို့ဆိုပြီး ဆရာမတွေက အလကားညှပ်ပေးလိုက်တယ်
ဆိုင်မှာညှပ်တယ်လို့တော့မထင်နဲ့ဗျ ကျောင်းဂိတ်ဝမှာ ကပ်ကြေးနက် ချက်ချင်းညှပ်တာကျတော်လည်း ပုံဆိုးပန်းဆိုး ဆံပင်ကြောင့် ဘိုကေ ပြန်ညှပ်လိုက်၇တယ်
အဲ့အညှပ်ခံလိုက်ရတဲ့နေ့ကဆို ကျတော် ကျောင်းမှာထိုင်ငိုနေတာ
(ဟီး ကျတော်က အငိုသရဲလေ တခုခုဆို ငိုတာ မျက်၇ည်လွယ်တယ်ဆိုတာလားတော့မသိဘူး )
YOU ARE READING
No, I LOVE U...
Romance# ခင်ဗျားကြီး ကျတော့်ကိုမချစ်ဘူးမလား ???? #....မဟုတ်ဘူး ငါမင်းကိုချစ်တယ်