In Dream

16 2 0
                                    

မနေ့က အိမ်မက်မက်ခဲ့တယ်
ဒီနေ့တော့အဲ့အိမ်မက်နဲ့အတူလမ်းထွက်လျှောက်ဖစ်
ကိုယ်အိမ်မက်ကိုမေးတယ်
ဘယ်လိုလုပ်မှခံစားချက်တွေလျော့နည်းသွားမှာလဲ
အိမ်မက်ကမေးတယ်
အချစ်ဆိုတဲ့ကောင်ကိုမင်းမက်တိုင်းနိုးလာတဲ့အခါနာကျင်ရတယ်မှတ်လား
ငါပြုံးနေမိတယ်
အိမ်မက်က ကောင်းကင်ကြီးကိုမော့ကြည့်ပြီး အပြာရောင်အငွေ့တွေကိုသက်ပြင်းအနေနဲ့ရူထုတ်လိုက်တယ်
ဆွေးရိပ်သန်းနေတဲ့အိမ်မက်ကပြောတယ် ငါဟာမင်းပါပဲ
Conyလေးရယ်
ငါအချစ်ကိုနောက်ထပ် ငါနဲ့အတူမင်းဆီခေါ်ဆောင်မလာတော့ဘူး ငါရပ်တန့်လိုက်တော့မယ်
ငါ့ကိုလှည့်ကြည့်ပြီးအိမ်မက်ကပြောတယ် ငါမင်းကိုချစ်တာမို့လို့
ငါဟာလဲ သူ့ရင်ဘတ်ကိုထောက်ပြီး
အိမ်မက် မင်းနာကျင်နေတာလား
အိမ်မက်ကပြောတယ်
အချစ်ဆိုတဲ့ကောင်က ပြသနာပဲ
Conyမင်းငါ့ကိုရှိနေစေချင်တယ်မှတ်လား
ငါလည်းဖြေလိုက်တယ်
ဟုတယ် ငါမင်းကိုလိုအပ်တယ်
ချစ်တာမို့လို့
ငါ ခုန်ဆွခုန်ဆွနဲ့ကစားနေလိုက်တယ်
အိမ်မက်ကရုတ်တရက်ရပ်တန့်သွားတယ်
ငါအိမ်မက်ရဲ့ အနက်ရောင်Long coatကြီးကိုဆွဲပြီး အိမ်မက်ရပ်မနေနဲ့လာဆက်လျှောက်ကြမယ်
အိမ်မက်က လိုက်လိုက်လှဲလှဲပြုံးတယ်
Conyလေး သူ့ထက် 2ပေနီးပါးပုတဲ့သူ့ရှေ့ကငါ့ကိုငုံ့ကြည့်ပြီးငါ့ရဲ့ဘယ်တော့မှသပ်ရပ်မနေတဲ့ ဆံပင်တွေကိုဖွတယ်
ငါရပ်တန့်ရမယ်Conyငါ့ကြောင့်မင်းလေး ဒီလို ဖစ်နေတာဆိုရင်ငါရပ်တန့်ရမယ်
ငါရယ်မိတယ်
အိမ်မက်ရယ် မင်းမလုပ်နိုင်ပါဘူး
အိမ်မက်ကပြောတယ် ဘာလို့မလုပ်နိုင်ရမှာလဲ
အခုဆိုငါ့ကိုပိုင်တဲ့လူရှိနေပြီ
ငါရီလိုက်ပြန်တယ်
ဒါဆိုမင်းက ငါ့ဆီက ထွက်သွားပြီးသူ့ဆီသွားချင်လို့ဒီလိုတွေလုပ်နေတာပေါ့
အိမ်မက်က သူခိုးလူမိတဲ့အမူအရာနဲ့
ဟုတယ်Cony
ငါပြုံးပြီးသက်ပြင်းချတယ်
ကိုယ်သွားတိုင်းစိတ်မပါဆိုတာဒါမျိုး
အိမ်မက်ရယ်မင်းသွားလိုက်ပါတော့
ငါတို့နောက်မတွေ့ရအောင်
ငါခြေဖျားထောက်ပြီးအကြင်နာပေးမိတယ်
အိမ်မက်မင်းပင်ပန်းနေပြီမှတ်လား
အိမ်မက်က ရီပြီး နောက်လှည့်ပြန်သွားတယ် ငါက ကြည့်မိနေတုန်း မျက်လုံးမှိတ်မသွားပါနဲ့ ငါဆုတောင်းလိုက်တယ်
ဒါပေမယ့်မှိတ်သွားတယ်
ငါနိုးလာတယ် ငိုတယ် သေချာတာပေါ့ ဒါပေမယ့်ငါမငိုဘူး
ငါအမြဲဝတ်နေကျအိမ်မက်ရဲ့အကျီင်္ကိုချွတ်လိုက်တယ်
သေချာခေါက်ပြီး အဝါရောင်တောက်တောက်ညအိပ်ဝတ်စုံနဲ့ ငါ လဲလိုက်တယ်
အိမ်မက်ရဲ့အကျီင်္ကို ခြင်းတောင်းလေးထဲထည့်ပြီး
ကုတင်အောက်မှာ ထာဝရသိမ်းထားလိုက်တယ် ဘယ်တော့မှမတွေ့ရအောင်

ပြီးတော့ငါအိပ်ဖို့ကြံစည်တယ် အိမ်မက်မပါတဲ့အိပ်စက်ခြင်းပေါ့
နံရံပေါ်က ကြယ်လေးတွေ
ပြတင်းပေါက်ကတိုးတဲ့လေ
လရောင်သဲ့သဲ့
ငါရေတွက်နေတယ်နောက်ဆုံး ငါအိပ်ပျော်သွားတယ်
တဖက်သောနေရာမှာငါမျက်လုံးပွင့်လာတယ်
အိမ်မက်ဟာငါ့ကို ဖက်ထားတယ်
ပြီးတော့ သည်းသည်းထန်ထန်ငိုပြီး ရိုက်သံတွေကြားကပြောတယ် ငါမလုပ်နိုင်ခဲ့ဘူး
ငါကမင်းကိုလိုအပ်တယ်
ငါဆွံ့အနေတယ်
အိမ်မက်က သူ့ရဲ့long coatထဲမှာငါ့ကိုထည့်ပြီးပွေ့ပိုက်ထားတယ်
ငါတို့အတူရှိနေရအောင်
ငါမေးလိုက်တယ် ဘာလို့လဲ အိမ်မက်
ချစ်တာမို့လို့ ချစ်ရည်ရွှန်းနေတဲ့မျက်လုံးတွေနက်သူဖြေတယ်
ငါ့ကိုဝမ်းနည်းစေဦးမှာလား
အိမ်မက်ကပြောတယ်
မဖစ်စေရဘူး အချစ်ကလေး
နဖူးလေးကိုဖွဖွလေးနမ်းတယ်
ငါနှလုံးသားက တွေးလိုက်တယ်
လုံလောက်ပြီ
ပြီးတော့ အိမ်မက်တောကြီးထဲကိုငါတို့ဝင်သွားကြတယ်
နောက်ပြန်လှည့်ကြည့်ပြီးငါတွေးလိုက်တယ်
ဘယ်တော့မှမပြန်ဘူး အိမ်မက်နဲ့ပဲနေမှာ အိမ်မက်ကငါတွေးနေတာကိုသိတဲ့အလား
ငါ့ပါးကိုမွေးကြူပြီးပြောတယ်
ပူတူတူးလေး "ငါတို့ အိမ်ပြန်ရအောင်"
ပြီးတော့ငါအိပ်ပျော်သွားတယ်
နိုးလာသည့်တိုင်အိမ်မက်နှင့်အတူရှိနေတုန်း
ငါဘယ်တော့မှနိုးမလာတော့ဘူး
20 march 2018
12:32
sweluyi
in dream

CONY Where stories live. Discover now