Never Forget Me

17 1 0
                                    

Conyနင်အသိစိတ်တွေလွတ်နေပြီ

CONyပြုံးပြီး
သူ့အသိစိတ်တွေကို ပူဖောင်းလေးမှာချည်ပြီး
တလုံးချင်းစီ ကောင်းကင်ကြီးဆီကို လွတ်လိုက်တယ်
"တချို့အရာတွေက သားပိုက်ကောင်ငယ်လေးတွေကို သူ့အမေက အိတ်ကလေးထဲထည့်ထားတာကိုကြည့်ရတာသလိုမျိုးမဟုဘူးကလေးလေး

တချို့အရာတွေရှိတယ်
ခေါင်းစဉ်မရှိတဲ့
ဝမ်းနည်းမူတွေပေါ့
ဘာကြောင့်ဝမ်းနည်းနေမှန်းမသိပေမယ့်
အဲ့ဒီဝမ်းနည်းမူက ကိုယ့်ကိုဝါးမြိုပြီး
ဘယ်တော့မှထွက်မသွားတာမျိုးပေါ့"

Conyကလေးလေးကိုလှည့်ကြည့်ပြီး
ချိုသာတဲ့အပြုံးတွေနဲ့ပြောလိုက်တယ်

ကလေးလေးက ဆူပုတ်ပုတ်မျက်နှာထားတဲ့
မျက်စောင်းထိုးနေပြီး
"Conyကရူးသွပ်နေတာ"
ဆူပုတ်ပုတ်ကလေးကပြောတော့

Conyက သူ့ ဦးနှောက်ထဲက ပန်းတပွင့်ကို
ပူဖောင်းလေးမှာချည်ပြီးကလေးလေးဆီပို့ပေးလိုက်တယ်

ကလေးလေးက ပူဖောင်းကိုကိုင်ထားပြီး
Conyကိုလှည့်ကြည့်ပြီး
"လိုချင်တယ်လို့ပြောမိလား"

Conyမျက်မောင်ကြုတ်ပြီးကလေးကို
လေသံအေးအေးနဲ့ဆူလိုက်တယ်

"အဲ့လိုမလုပ်ရဘူး"

ကလေးဟာဒေါသတကြီးအော်တယ်

"အပြုအမူသေးသေးလေးအတွက်ဘာလို့
ကလေးကိုအဲ့လိုကြည့်တာလဲ"

ရုန်းကန်နေတဲ့ကလေးလေးကို ပေါင်ပေါ်ဆွဲတင်ပြီး
Conyတဖွဖွပြောတယ်

"ဒေါသကြီးတဲ့ကလေးလေး
ကိုယ်သတ်မှတ်ထားတဲ့အပြုအမူသေးသေးလေးဆိုတာ
လူတျောက်အတွက်
ကိုယ့်ကိုချစ်တဲ့လူတျောက်အတွက်ပေါ့
နာကျင်မူအကြီးကြီးပဲ ဒေါသအိုးလေးရဲ့"

ကလေးလေးကပြောတယ်
"အက်တာတွေမရှိရင်ဘယ်ပျော်စရာကောင်းမလဲ
ပျင်းလာတာပေါ့
Conyရဲ့အဲ့ဒါကြောင့်ပေါ့
မင်းကိုငါစကားသိပ်မပြောတာ"

Conyဟက်ဟက်ပက်ပက်ရယ်မောပြီး
ရုတ်တရက်ထလိုက်တယ်

ဘုတ်ကနဲကျသွားတဲ့ကလေးလေးဟာ
နာလို့ အော်ငိုရော

Conyကအေးစက်စက်ကြည့်ပြီး
"တုံးအ ပျော့ညံ့ပြီး ရက်စက်လိုက်တဲ့ကလေးလေး"

Cony ကောင်ကင်ပြာကြီးဆီက အပြာရောင်တိမ်တွေကို
ရင်ဘတ်ထဲထည့်ပြီးပြောတယ်
"ငါနင့်ကိုမချစ်တော့ဘူးဆိုရင်
ငါနင့်ကိုထားခဲ့မယ်ဆိုရင် နင် ဘယ်လိုလုပ်မလဲ"

ကလေးလေးကအပြုံးအကြီးကြီးနဲ့ဖြေတယ်
"ထားခဲ့တော့လဲထားခဲ့တာပေါ့
ဘာများတက်နိုင်မှာလဲ"

Cony မျက်ရည်တွေနဲ့ထပ်မေးတယ်
"နိဆွဲမထားဘူးပေါ့"

ကလေးလေးက Conyလက်ကလေးကိုဆွဲပြီး
"ဆွဲထားပြီးဘာလုပ်မှာလဲ မင်းအတွက်အနှောင့်အယှက်ပဲဖစ်မှာပေါ့"

Conyကြေကွဲအက်ရှစွာနဲ့

"ငါကဆွဲထားစေချင်တာ"

Conyတျောက်ပွင့်ဖတ်တွေအဖစ်ပြောင်းလဲသွားတယ်
ပွင့်ဖတ်တချပ်ချင်းဟာ လေထဲလွင့်သွားတယ်
ဟိုဒီလျှောက်ပြေးလို့

ကလေးလေးက လက်သီးကိုဆုပ်ထားတုန်း

ပွင့်ဖတ်တွေက ကလေးကိုရစ်ပတ်

ပွင့်ဖတ်တွေရဲ့မွေးပျံ့တဲ့ရနံ့ကနေ ကလေးလေး
ကြားရတာက

"ငါနင့်ကိုထားမသွားဘူး"

ကလေးလေးပြုံးလိုက်တယ်
လက်သီးဆုပ်ထဲကပွင့်ဖတ်လေးကိုလွတ်မချပဲ
တင်းတင်းဆုပ်ပြီးရင်ဘတ်ထဲထည့်လိုက်ကာ

"ဒီတျောက်တော့အတော်တွယ်တာနေတာပဲ
နိသွားချင်ရင် ပင်ပန်းနေပြီဆိုသွားပါ
ငါနိကိုမတားပါဘူး"

လက်ထဲမှာတော့ပွင့်ဖတ်လေးကိုတင်းတင်းဆုပ်ထားတုန်း

CONY Where stories live. Discover now