1:29

8 2 0
                                    

1:29 ပါ တအားတိတ်ဆိတ်နေတယ်

ဆပ်ပြာပူဖောင်းလေးတလုံးလက်ထဲမှာကိုင်ပြီး
အမှောင်ထဲမှာစမ်းတဝါးဝါးလျှောက်နေမိတဲ့ငါ

ရုတ်တရက် နောက်ကျောကနေနွေးထွေးသွားသလိုခံစားရတယ်
မျက်လုံးဖွင့်လိုက်တော့
အင်း ငါနည်းနည်းတော့ကြောက်နေမိတယ်ထင်တယ်
မျက်လုံးဖွင့်လိုက်တော့ဘယ်သူမှမရှိဘူး

ငါတယောက်ထဲပါလားဆိုတဲ့ အထီးကျန်မူတွေက
ကျောရိုးကနေနှလုံးသားထဲအထိရောက်သွားတယ်

ရုတ်တရက် လက်ကိုလာကိုင်တဲ့နွေးထွေးတဲ့အထိအတွေ့ကြောင့်အနောက်ကိုလှည့်ကြည့်မိတော့

အလင်းရောင်တွေဖြာထွက်နေတဲ့
သူစိမ်းတယောက်က အရင်းနှီးဆုံးလူလိုပြုံးပြနေတယ်

သူ့ဆီကနွေးထွေးမူတွေကိုငါခံစားရတယ်
သူကအလင်းရောင်ပဲ
သူ့ဖစ်တည်မူလေးကငါ့အတွက် အလင်းရောင်ပဲ
ငါသူ့ကိုမှီခိုချင်နေမိပြီ
မဖစ်ဘူးဆိုတဲ့စိတ်နဲ့
လက်ကိုရုန်းကန်တော့ ပိုတင်းကြပ်လာတဲ့ဆုပ်ကိုင်မူနဲ့အတူ
'လာလေသွားကြရအောင်'တဲ့

ကိုယ့်ရဲ့စိုးရိမ်တဲ့ အကြည့်တွေက သူ့ရဲ့
ချိုမြိန်ပြီး စိတ်ကူးယဉ်ဆန်တဲ့မျက်လုံးတွေထဲမှာ
တဖြည်းဖြည်းရုန်းထွက်မရ

'ငါ့ကိုမှီခိုလို့ရပါတယ်'ဆိုတဲ့စကားနဲ့အတူ
အပြုံးလေး

ပြီးပြည့်စုံပါတယ်

အရူးဆေးမိနေတဲ့ငါဟာ သူ့ဆွဲခေါ်ရာနောက်လိုက်လို့

သေချာတယ် ငါလုံးဝ မှီခိုနေမိပြီ

မျက်လုံးကအောင့်တောင့်တောင့် ပူနွေးနွေးခံစားချက်ကြောင့်ငါနိုးသွားတယ်

မျက်နှာကြက်က ဆည်းလည်းလေး လေတိုက်တိုင်း လူပ်ရှားနေတာကိုကြည့်ရင်း
ငါဟာ ဗလာဖစ်နေခဲ့တယ်

ငါ့မှာ ဘာမှမရှိဘူး
ငါ့လက်တွေမြောက်လိုက်တယ်ကို ပြတင်းပေါက်ကနေဖြာကျနေတဲ့
နေရောင်ခြည်လေးက ငါ့လက်ကို ထိတွေ့လို့
နွေးထွေးတဲ့ခံစားချက်လေးကြောင့်

ငါတိုးတိုးရေရွတ်မိတယ်
"ငါ့မှာပင်ပန်းလွန်းလို့မှီခိုစရာရှာမိရုံလေးပါ"

CONY Where stories live. Discover now