episode-1

1K 102 7
                                    

လမ်းမီးရောင်အနည်းငယ်သာရသည့် လမ်းကြားထဲတွင် ကျွန်တော့်ရှေ့က ထိုလူအား သေနပ်နဲ့ချိန်ထားရင်း

'မလှုပ်နဲ့'

'လူမှားနေပြီ ငါက'

ရပ်နေရာမှ ကျွန်တော့်ဆီလာဖို့လုပ်နေသောကြောင့် သေနပ်ကိုမောင်းတင်ပြီးပြောလိုက်သည်။

'မလှုပ်နဲ့လို့ပြောတယ်နော် လက်နှစ်ဖက်ကို မြှောက်ထားလိုက်'

'ဟုတ်ပြီ'

ထိုလူက ဟုတ်ပြီဟုပြောသော်လည်း ညာလက်ထဲမှလက်ခနဲမြင်လိုက်ရ၍ မောင်းတင်ပြီးသားသေနပ်ကို ပစ်လိုက်သည်။ထင်တဲ့အတိုင်းပင် ဓားမြှောင်တစ်ခု နားထင်ဘေးမှဖြတ်သွားလေသည်။

'အင့်'

'နှေးလွန်းတယ်'

လျက်တစ်ပြက် ဟုတ်တယ် လျက်တစ်ပြက်အတွင်း ကျွန်တော်ကမြေပြင်ပေါ်လဲသွားပြီး ထိုလူရဲ့လက်တစ်ဖက်က ကျွန်တော့်လည်ပင်းမှာ ကျန်လက်တစ်ဖက်တည်းနဲ့ ကျွန်တော့်လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားသည်။

လမ်းမီးကိုကျောပေးပြီးသားဖြစ်နေ၍ ထိုလူဘယ်လိုပုံလဲမသိရ သူကတော့ကျွန်တော့်မျက်နှာကိုမြင်ရမှာတော့သေချာသည်။

'သတ်ချင်သတ်လိုက်'

'အိုး သတ်ပစ်ဖို့ ချစ်စရာကောင်းလွန်းတယ်'

'ဘာ ခင်ဗျား'

ကျွန်တော်ပစ်လိုက်တဲ့ ကျည်ဆံကသူ့လည်ပင်းဘေးကိုထိသွားပုံရတယ် ခေါင်းငုံ့လာတော့ သွေးတွေကကျွန်တော့်အကျီပေါ်ကျလာသည်။

လည်ပင်းကိုလွှတ်ပြီး လက်ကဘယ်ဘက်ရင်ပေါ် ရွေ့လျားရင်းပြောလေရဲ့

'ဒါပေမဲ့ ကိုယ့်ကိုဒဏ်ရာရအောင် လုပ်တဲ့အတွက်အပြစ်တော့ပေးရမယ်'

ထိုလူကကျွန်တော့်မျက်နှာနား အုပ်မိုးလာ၍ခေါင်းကိုဘေးဘက်စောင်းလိုက်တာကို ပြန်လှည့်ပြီး

'ခင်ဗျား ဘာလုပ်ချင်.....'

Secအနည်းငယ်ကြာတဲ့အထိ ခေါင်းထဲတွင်ဘာမှကိုမရှိ လုံးဝဗလာနတ္တိကိုဖြစ်သွားတာ

'ဟက် အံသြနေတဲ့ပုံလေးက သိပ်ချစ်ဖို့ကောင်းလွန်းတယ် ကိုယ့်ရှေ့ကလွဲရင် ဘယ်သူ့မှမပြမိစေနဲ့ အရင်ကထက်လဲ ပိုချစ်ဖို့ကောင်းလာတယ် good bye honey'

😑Yes,he is so annoying 😑(Unicode)Where stories live. Discover now