Love in Okinawa

15.9K 973 57
                                    

Bonus Chapter-2

လေယာဉ်ဆိုက်ကာနီး အောက်ခြေကို မြင်ရတဲ့အခါ

ပြာလဲ့လဲ့ပင်လယ်က ဆီးကြိုနေခဲ့သည်။

ဂျပန်နိုင်ငံရဲ့ အလှတရားတွေထဲက တစ်ခု Okinawa

ဂျပန်နိုင်ငံအတွင်းက ကျွန်းစုတစ်စုဖြစ်သော်ငြား

ပြည်ပနိုင်ငံသို့ရောက်သွားသည့်နှယ် ဘာသာစကားကလုံးဝကွဲပြားနေလေသည်

ကျွန်းပေါင်းများစွာတည်ရှိပြီး ဂျပန်နိုင်ငံနဲ့ ထိုင်ဝမ်နယ်နမိတ်အစပ်ဖြစ်နေသည့်

Okinawaဟာ ဒုတိယ ကမ္ဘာစစ်အတွင်းကကော တခြားစစ်ပွဲပေါင်းများစွာရဲ့

ဓားစာခံနယ်နမိတ်လေးတခုဖြစ်သည်.

ကျွန်းသူကျွန်းသားတွေရဲ့ ချစ်စရာ ဓလေ့လေးတွေဟာ ပျောက်ကွယ်လုနီးပါး

နေရာအနှံ့မှာ နိုင်ငံခြားသားများသာ နေရာယူနေသည်ကို

လေယာဉ်စိုက်စိုက်ခြင်းပင် သိနိုင်ပါသည်

Akihikoအတွက်ကတော့ သီးခြား ဂိုက်မလို အင်္ဂလိပ်လို မွတ်မွတ်ထနေသော

Alexခေါ် သူ့ရဲ့အချစ်ပါတယ်မဟုတ်လား..

အိတ်တစ်လုံးတောင် ကူဆွဲဖော်မရဘဲ ကင်မရာတစ်ကိုင်ကိုင်နဲ့ လေဆိပ်က

အလှပန်းအိုးတောင်မချန် မှတ်တမ်းတင်နေသော အချစ်အား

Akihikoပြောလို့နိုင်မည်တဲ့လား

"AKI!!!"

"လာပါပြီ အချစ်ရေ"

ဟိုတယ်ရောက်လို့ ဖင်တောင်မထိုင်ရသေး ချက်ချင်းအကျီင်္လဲကာ အပြင်ထွက်မည်ဆိုသဖြင့်

ပြေးရပြန်ဦးပေါ့ Akihiko ခံလိုက်စမ်း ချစ်တယ် မဟုတ်လား

ပင်လယ်ရှေ့က Resortကိုမှ ငှားထားတာကြောင့် ပင်လယ်ပြာပြာသည် ဆီးကြိုနေခဲ့သည်

တခြားပင်လယ်များနဲ့မတူဘဲ Okinawaရဲ့ပင်လယ်သည်

ကောင်းကင်နဲ့ အတူ အရောင်များ လိုက်ပြောင်းနေလေ့ရှိသည်

အပူချိန်သည်လဲ တိုကျိုနဲ့ဆန့်ကျင်စွာပင် ထူးထူးကဲကဲပူသည်

အစ်ကိုလေး သို့မဟုတ် ကျွန်တော်ချစ်ရသူWhere stories live. Discover now