⭐️10⭐️

22.9K 1.7K 85
                                    

အကိုလေး သို့မဟုတ် ကျွန်တော်ချစ်ရသူ
အပိုင်း (၁၀)

☆☆☆☆☆☆☆☆☆☆☆☆
ကျောင်းဝန်းထဲခြေချသည်နှင့် သူစိမ်းမဆန်ချင်ဘဲ ဆန်ရသော ဆက်ဆံရေးသည်...
တစ်နေ့တော့ အကိုလေး ပြန်ရုပ်သိမ်းဖို့မျှော်လင့်မိပါသည်။
ဘောင်းဘီအိတ်ထဲ လက်နှစ်ဖက်ထည့်ကာ ကျောခိုင်းသွားသော အကိုလေးကျောပြင်အား..
နှမျှောတသစွာ ငေးကြည့်နေမိသည်..။
ကျောင်းမတက်ချင်တော့ဘူး အကိုလေး........
ငရဲနဲ့တူသော ကျောင်းဆီ ကျွန်တော်မလာချင်တော့ဘူး...။

ခပ်မှိုင်းမှိုင်းအုံ့နေတဲ့ မိုးတိမ်ညိုညိုတို့က လေနှင်ချင်းမရှိသောအခါ မာန်တကြွကြွနဲ့ ခြိမ်းခြောက်နေဟန်အလား...
မကြည်လင်သောစိတ်က ပိုဆိုးကာ ချောင်တစ်နေရာတွင် ထိုင်ကာ ရှိုက်ငိုလိုက်ချင်သည်...
တနေ့ကလိုများ...အကိုလေး က ပွေ့ကာချော့လေမည်လား.............
ပြန်တွေးမိပြန်တော့.. ခပ်နွေးနွေးခံစားမိကာ နှုတ်ခမ်းအစုံကို ထိတွေ့မိသည်...
အကိုလေး နှုတ်ခမ်းက အရမ်းကိုချိုမြိန်တာ

☆☆☆☆☆☆☆☆☆☆☆☆
စာသင်ချိန်အတွင်း ခပ်စူးစူးအော်မည်လာသည့်ရဲကားသံကြောင့် အာရုံတွေ အထိတ်တလန့်လွင့်သွားကြသည်.
ကျောင်းဝန်းထဲရဲကားဝင်လာစရာဘာအကြောင်းရှိမည်နည်း----။

နာရီဝက်ခန့်အကြာမှာဘဲ...
ရဲဝန်ထမ်းနှစ်ယောက်နဲ့အတူ ကျောင်းအုပ်ကြီးရောက်လာခဲ့သည်။

"Uchida sensei အတန်းထဲမှာ Nao ဆိုတဲ့ကလေး ရှိလား..."
"ဟုတ်...ဟုတ်ကဲ့ ဆရာကြီး ဘာများဖြစ်လို့လဲ.."
"အသက်မပြည့်သေးဘဲ Adult Club မှာ အလုပ်သွားလုပ်နေတယ် လို့ တိုင်တဲ့ကျောင်းသားမိဘရှိလို့ ခု..သက်ဆိုင်ရာကလာစစ်ဆေးတာပါ..
ကျောင်းသား ရုံးခန်းလိုက်ခဲ့ပါ.."

ခေါင်းထဲတွင် ဘာမျှမရှိတော့သလို ခံစားချက်...အမြင့်တနေရာကနေပစ်ချခြင်းခံလိုက်ရသလိုပင်...
တီးတိုး အပြစ်တင်ပြောဆိုသံတွေ ရွံရှာသလို အကြည့်တွေကြားက နေ အကိုလေးကို ရှာဖွေမိတော့...
အနည်းငယ်တုန်ယင်နေဟန်ရှိသည်...
မဖြစ်သင့်တာ...အကိုလေးက ဒီလိုမျိုးကြောက်လန့်နေတာမျိုး မေမေလေးဆုံးတဲ့နေ့ တစ်နေ့တည်းသာဖြစ်ဖူးခဲ့တာမဟုတ်လား....
Nao ကိုကြည့်နေသော အကိုလေးအကြည့်တို့တွင်... မည်သည့်အရာများခိုအောင်းနေမည်လဲ...
သိချင်စိတ်ဖြင့် စက္ကန့်အနည်းငယ်ကို မသိမသာအချိန်ဆွဲနေမိသည်...
နောက်ဆုံး Nao လိုချင်သော ချစ်ခြင်းအရိပ်အငွေ့တွေမတွေ့ခင်မှာဘဲ...
ခေါ်ဆောင်ရာနောက် ပါသွားခဲ့ရလေသည်...........
တချိန်ချိန်တော့ ရမယ်မဟုတ်လား အကိုလေး...........
အကိုလေးရဲ့ ချစ်ခြင်းတွေကိုလေ.......။
☆☆☆☆☆☆☆☆☆☆☆☆
ရဲစခန်းရောက် တရားရင်ဆိုင်ရမည့်အဖြစ်ကို မိဘမဲ့ကလေးဟူသော ခေါင်းစဉ်တပ်ကာ ဆရာမမှကယ်တင်ပေးနိုင်ခဲ့သော်ငြား
မင်နီတား ကျောင်းထုတ်ခံလိုက်ရခြင်းကို ကယ်တင်နိုင်မည့်သူတစ်စုံတစ်ရာမရှိခဲ့........။
သက်ဆိုင်ရာ စာရွက်ကလေးကို ကိုင်ထားရင်း...
"ကျွန်တော် ဘယ်ကျောင်းမှ တက်လို့မရတော့ဘူးပေါ့နော်.............."
အချိန်အတော်ကြာ စာနာစိတ်ဖြင့်ဖေးမခဲ့သော ဆရာမက မျက်နှာလွှဲသွားခဲ့သည်........
အဖြေက ရင်နာစရာကောင်းလှပေမယ့် လက်ခံရမည်ပေါ့.............
အကိုလေးနဲ့အတူ တက္ကသိုလ်အတူတက်ခွင့် ဟူသော မျှော်လင့်ချက်မှိန်မှိန်သည် အဆုံးအစမဲ့ ပျောက်ကွယ်သွားခဲ့လေပြီ...........။
☆☆☆☆☆☆☆☆☆☆☆☆
ဖြစ်နိုင်ခဲ့မယ်ဆိုရင် အတန်းထဲကပါးစပ်ပေါက်တွေအကုန်လုံးကိုလိုက်ပိတ်ဆို့ထားချင်မိသည်.........
အရမ်းများကြောက်နေလေမလား.....
ဒီဖြစ်ရပ်သည် မည်သူ့အမှားဆိုတာ Akihiko အသိဆုံးပေမဟုတ်လား
တဒင်္ဂသော သူ့ရဲ့ဒေါသကြောင့် ဒီကောင်လေးက ခံစားရပေဦးမည်လား...
ဟင်...
အခန်းထဲကို လှမ်းဝင်လာတဲ့အရိပ်ကလေးရဲ့အင်အားသည် ချိနဲ့လွန်းလှဟန်တူသည်
ကျောပိုးအိတ်လေးထဲ ပစ္စည်းတွေထည့်သိမ်းနေရင်း... မျက်ရည်စက်တချို့ သူမြင်လိုက်ပါသေးသည်...
ဖြစ်နိုင်ရင် ထွေးပွေ့ထားချင်မိတယ်...
သူ့ကိုများ မုန်းတီးသွားပြီလား...သူ့ကြောင့်ရယ်မဟုတ်လား....
ကျောပိုးအိတ်ကို လွယ်ပြီး သူ့ဆီတလှမ်းချင်းလှမ်းလာနေတာကို သိနေပေမယ့်
မော့ကြည့်ဖို့ ကြောက်ရွံ့နေမိသည်.
"ကျွန်တော် ကို ကျောင်းထုတ်လိုက်ပြီတဲ့...."
"အကိုလေးနဲ့ ကျွန်တော် တက္ကသိုလ်အတူမတက်ရတော့ဘူး.........."

အစ်ကိုလေး သို့မဟုတ် ကျွန်တော်ချစ်ရသူDonde viven las historias. Descúbrelo ahora