⭐️19⭐️

18.7K 1.3K 41
                                    

အကိုလေး သို့မဟုတ် ကျွန်တော်ချစ်ရသူ

အပိုင်း (၁၉)

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

"မဖြစ်နိုင်ပါဘူး Akihiko ရယ် "

"Nao ဆိုတာ ကျွန်တော် ခံစားမိနေတယ် Ryuu သေချာတယ် Naoပါ..."

"Nao ဆိုရင် မင်းကို သူသိမှာပေါ့ Akihikoရယ်.."

Ryuu စိတ်လေးပင်စွာ ခေါင်းခါရမ်းလိုက်သည်..

အိမ်အထိပေါက်ချလာကာ.. အဆက်မပြတ်ဆိုနေသောစကား..

Nao က တွေ့လာသည်ဆိုတဲ့အကြောင်း..

ကလေးငယ်..... ကိုယ်မျှော်လင့်ချင်ပါတယ်......

မင်း အသက်ရှင်နေသေးတယ်လို့လေ..

"ဆေးတွေမှန်မှန်သောက်တာ သေချာရဲ့လား Akihiko.."

"Ryuu ရယ် ကျွန်တော့ကိုယုံပေးပါ.........ကျေးဇူးပြုပြီး..."

အသံတိမ်ဝင်သွားခဲ့သည်...ဆိုဖာပေါ်တွေ ဒူးကိုပိုက်ကာ.. မျက်ရည်စတို့နဲ့...

"တကယ်လို့ Nao က ကျွန်တော့ဆီမဟုတ်ဘဲ Ryuuဆီကို ပြန်လာခဲ့ရင်တောင်..

ရပါတယ်ဗျာ Ryuu....Naoထပ်ပြီးထွက်မသွားအောင် ခေါ်ထားပေးပါနော်..."

မင်းရင်အကွဲခံပြီး ငါ့ဆီကို အရင်လိုဘဲ အပ်ထားဦးမယ်တဲ့လား Akihiko...

ဘယ်လိုတောင် ရူးတဲ့အရူးလေးလဲကွာ.......

တကယ်တော့ ကိုယ်သည်လဲ မထူးခြား.......

တကယ်လို့များ ကလေးငယ်သာ ပြန်လာခဲ့မယ်ဆိုရင်... Akihiko ကိုဘဲရွေးချယ်ခဲ့မယ်ဆိုရင်တောင်

ဝမ်းသာမိမှာပါ....မျက်စိရှေ့မှာကလေးငယ်ရှင်သန်နေရုံလေးနဲ့ လုံလောက်တာမို့..........

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

"အကို..ဒီနားကကုမ္ပဏီတခုက ကော်ဖီ အခွက်၃၀မှာထားတယ် သွားပို့ရမယ်အကို.. "

"ငါပါလိုက်မယ်လေ ၃၀တောင်ဆိုတော့..အတူသွားကြတာပေါ့..."

Meeting အတွက်မှာဟန်တူသည်... ၀န်ထမ်းလေး၃ယောက်က အခန်းဝကနေ ကော်ဖီဘူးတွေကို လာသယ်ယူသွားသည်...

အစ်ကိုလေး သို့မဟုတ် ကျွန်တော်ချစ်ရသူOnde histórias criam vida. Descubra agora