Phone Call

319 13 3
                                    

" ဟယ်လို?"
" Yeobosae yo? May- shi?"
" Ah- nae... nugu sae yo?"
" May- shi... တီချယ် ဂျီဝန်း ပါ"
" ဟုတ် , တီချယ် ဂျီဝန်း.. ဘာကိစ္စ ရှိလို့လဲဟင် "
< တီချယ် ဂျီဝန်း... မေ ရဲ့ ကိုရီးယား သင်တန်းကျောင်း က မြန်မာလို အပီဆုံး ဆရာမ...တောင်ငူဆောင်မှာ
မြန်မာစာလာသင်တဲ့ ကျောင်းသူတစ်ဦး >
" ဒီအတိုင်း မေ့ ကို အင်တာဗျူးလုပ်ချင်လို့... "
"ဟုတ်ကဲ့.. ရပါတယ်"
" မေ ရဲ့ အိပ်မက်က ကိုရီးယား မှာ ကျောင်းတက်ချင်တာလို့ ပြောဖူးတယ် နော်"
"ဟုတ်"
" အဲ့တော့ မေ လည်း ခု Level-2 လောက်ရောက်ပြီဆိုတော့ ကိုရီးယားလို့ ပြောဖို့ အဆင်ပြေပြီ ထင်တယ်"
- ဒိန်း ! ဘာလား .. ငါ့ကို ခေါ်မယ့်ပုံပဲ... ဒါပေမယ့် ငါက ဘာမှမ မဟုတ်သေးတာ... မျှော်လင့်ချက်ပေးနေသလိုပဲ ...ဟင့် -
" နည်းနည်းတော့ ပြေပါတယ် တီချယ်"
ထို့နောက် အဖုံဖုံသော မေးခွန်း တသီတသန်း ကြီးကို တမေ့တမော မေးပါတော့သည်... လူလည်း
အမြုတ်ထွက်မတတ်ဖြေပြီးနောက်.... Survey ဟုပြောလိုက်သောအခါ ....
- အော် ငါလေး က ဘာတွေစိတ်ကူးနေတာပါလိမ့်... စိတ်က ဒုန်းဒုန်းဒိုင်းဒိုင်း မြည်အောင်ကျသွားသည် -
"ဒါပဲနော် မေ ရေ... စိတ်ရှည်ရှည်နဲ့ဖြေပေးလို့ လက်ဆောင်ပေးရမှာပေါ့ .. Kakao က ပို့လိုက်မယ်နော်"
- မဟုတ်မှလွဲ Sticker များလား.. အဟေး ဘယ်ဆိုးလဲ.. ငါလည်း အဲ့တာလိုချင်နေတာ.. ခစ်ခစ် -
"ဟုတ် တီချယ် ကျေးဇူးတင်ပါတယ်"

~ တီတီ noti *

" Sticker လည်း မဟုတ်.. ဘာကြီးလဲ မသိဝူး .. ဓာတ်ပုံပို့တော့ လိုင်းမကောင်းတော့ တန်းလန်းကြီး"
- လန့်သွားတယ်ဟုတ် ...ㅋㅋㅋ ( Teacher JiWon )
" ဘာလား ... လန့်လာပြီနော်!! . ပေါ်ပီဟ!! ဘာတဲ့ "

ဂွက်!!!!!! ဖုန်းတောင်လွတ်ကျသွားတယ်

"Seoul National University" ဝင်ခွင့်?!!!
"ချက်ချင်းလက်ငင်းပဲ မေးရမယ် မဟုတ်ရင် ငါသေမလား ရူးမလား တစ်ခုခုပဲ!! "

"တီချယ် နောက်နေတာမလားးးးးး! " အသံကုန်ခြစ်အော်လိုက်တယ်.. မသိဝူး ဖြစ်ချင်ရာဖြစ် -.-
" ထင်တယ် အဲ့လို့ပြောမယ် ဆိုတာ... အတည်ပေါ့ မေ ရယ်... နောက်စရာလား "
" သမီးလာခဲ့မယ် တီချယ်ဆီကို... မနေနိုင်တော့လို့ပါ"
" မဟုတ်လည်း တီချယ် က ခေါ်မလို့.. တောင်ငူဆောင် ပဲလာလိုက်နော် .. စောင့်နေမယ်"
ဂွက်ခနဲ ချပီးနောက်

" အမေရေရရရရရရရရရ!! " ၇ အိမ်ကျော်၈ အိမ်ကြား အသံနက် အော်လိုက်ရာ.....
အဖေရော အမေရော ပြေးထွက်လာပီး "ဘာလဲ ဘာဖြစ်တာလဲ"
"ဟိုလေ သမီး ဝင်ခွင့်ရတယ်လို့ " ပြောရင်း နဲ့ ဖီးတက်ကာ မျက်ရည်တွေပါကျလာတော့တယ် ...
" ဖေကြီး အမြန်ပြင် မေကြီးရောပဲ... တီချယ်ခေါ်နေလို့"

ဂမန်းဂတန်း စွတ်ချင်ရာစွတ်ပီ ကားပေါ်ပြေးတက်သွားတဲ့ သားအမိသားအဖ ၃ ယောက် ~ Janes Bond BG များဖွင့်ထား လိုက်ရင်ဖြင့် ဟင်းဟင်း 😂

ရောက်ရှိ- ခုန်ထွက် အဲလေ ခုန်ဆင်း
" တီချယ်!! " ဆွဲလားရမ်းလားလုပ်နေမိတယ်
"ရော့ ဒီမှာ " စာအိတ်အညိုလေး... ကိုယ်ရော အဖေ ရော အမေ ပါ ခေါင်းစိုင်ပြီး
ဖတ်ကြည့်ပြီးနောက်.......
၃ မိနစ်လောက် စကားမေးမရ......

" အတည်ပေါ့နော်..."
တီချယ်ဂျီဝန်း ပြုံးပြုံးကြီးကြည့်နေသည်...
"ဘာလို့လဲဟင်"
"တီချယ် တို့ သင်တန်းက စာကြိုးစားတဲ့ကျောင်းသူကို အမြဲဆုချတယ် .. ဒါပေမယ့် လျို့ဝှက်ချက်ပေါ့ စတတ်တုန်းက မပြောထားဝူး မေ က ကြိုးစားတယ် စာအုပ်မှာ ပါတာထက်တောင် ပိုလေ့လာတယ်... အဲ့တော့ ကျောင်းအုပ်ကြီး ဆရာ ဂျောင် ကို ပြောပြတော့ ၁ နှစ် အခမဲ့ လွှတ်မယ်ဆိုပြီးဖြစ်သွားတာ..  အင်တာဗျူးက လည်း အဲ့အတွက်ပဲလေ "

"တီချယ်ဂျီဝန်း!!! " ပြေးဖက်မိတယ်..... မျက်ရည်များနဲ့ပေါ့ ...

- တိုင်ပင်ဆွေးနွေးပြီးနောက် မေ ၁ ယောက် ကိုရီးယား သို့ရောက်ရှိ-
xxxxxxxxxx

အားလုံးပဲ မင်္ဂလာပါရှင်! Fanfic ကို ခုမှ စရေးဖူးတာ မို့လို့ လိုအပ်တာလေးတွေ ရှိရင် တောင်းပန်ပါတယ်နော်😥💓 ကျေးဇူတင်ပါတယ်ရှင့်😘

ချစ်ခြင်းအစ ..? Ferrero Rocher. ( 사랑의 시작..? Ferrero Rocher)Wo Geschichten leben. Entdecke jetzt