Mine

43 3 0
                                    

Yoongi's POV

မေ အရမ်းထူးဆန်းတယ် ဒီတစ်လော
... သူနဲ့ ၃ နှစ်အတူရှိလာတဲ့ အတောအတွင်း.. သူ ခုလိုဖြစ်နေတာ က ဘာလို့လဲ
အရင်က ဆို ကျွန်တော် က အမြဲ သူ့ကို လိုက်ဆွဲနေရတာ.. ဒါပေမယ့် အခု 
အမြဲ ဘေးနားမှာပဲ.. တစ်ခါတစ်လေ လွမ်းလွမ်းဆွေးဆွေး ငေးကြည့်နေတယ်..  သူ့ပုံက မကြာခင် ထွက်သွား
တော့မလိုကြီး...

ကျွန်တော် အဲ့လို မတွေးချင်ဘူး..
မဟုတ်ဘူး... သူ အဲ့လို မလုပ်ပါဘူး
..ကျွန်တော် ယုံတယ်.. မေ က ကျွန်တော့် ဘဝ.. သူသိတယ်...

ခုလည်း သူဘေးနားမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတယ်... ဒါပေမယ့် ကျတော်
အိပ်မပျော်ဘူး.. တစ်ခုခု က ဆုတ်ဖြဲ
နေသလို....

... မေ... ဘာလုပ်ထားလဲ.....

နောက်၁ပတ် သူဘွဲ့ယူမှာ..
ကျတော် နဲ့ သူနဲ့ အလုပ်ရှုပ်နေတယ်

သူ့မိဘလည်း လာမှာဆိုတော့.. ကျတော် အခန်းကို သူ့အဖေ နဲ့ အမေ ကို ပေးမယ်..
ကျတော်က ဆိုဖာ ပေါ်မှာပေါ့.. သူက တော့ သူ့အခန်းမှာ..
အဲ့ဒါတွေ စီစဉ်နေရတာနဲ့.. ပြီးတော့
သူ့အတွက် လက်ဆောင်... အဲ့ဒါက
သူနဲ့ကိုယ့် သီချင်းလေး....

ဘွဲ့ယူဖို့ အကျီ်င်္က အစ ..ကျတော် လုပ်ပေးမယ် ဆိုပြီး အတင်း ပြောထား
လို့.. သူ ဘာမှ မလုပ်ရဘူး...

ကျတော် လောဘ ကြီးတယ်.. သူ့အပေါ် အတ္တကြီးနေတယ်...သူထူးဆန်းလာပြီးနောက် ကျွန်တော် က ပိုဆိုးလာတယ်.. သူနဲ့ ပတ်သတ်တမျှ ကျတော်ပဲ
လုပ်ပေးချင်လာတယ်... အရင်ကလည်း
အဲ့လိုပေမယ့်... ခုသူ့ကို အပြင်တောင်
ပေးမသွားတော့ဘူး.. ဘာလို့ အဲ့လိုဖြစ်
လဲတော့ မသိဘူး...
ဘာကို စိတ်မချမှန်း မသိဘူး

ဘွဲ့ယူတဲ့နေ့...

သူမိဘ နဲ့ သူ နဲ့ကို ကျတော် ဓာတ်ပုံရိုက်ပေး..
သူ့အဖေကလည်း ကျတော်ကို သဘောကျလာသလိုပဲ.. စရောက်တုန်းက အမြင် မကြည်😂
သူ့အမေ နဲ့က အဆင်ပြေဆုံး... ကိုယ်နဲ့ ဓာတ်ပုံတွေတောင် ရိုက်...
သူနဲ့ ကိုယ်နဲ့ ဓာတ်ပုံကတော့ မပါမဖြစ်
ပေါ့.. သူ အဖေ လက်ရာ😘😜

မီဒီယာမှာလည်း ကိုယ်တွေ ပုံက လှလှပပ... အရမ်းပျော်တာပဲ...

ညကျတော့ Dinner တူတူစား.. ကျတော် မိသားစု တစ်ခုတည်း တကယ်ရောက်နေသလို...

ချစ်ခြင်းအစ ..? Ferrero Rocher. ( 사랑의 시작..? Ferrero Rocher)Nơi câu chuyện tồn tại. Hãy khám phá bây giờ