Lonely Valentine

66 3 0
                                    

အတန်းထဲက ဟိုတစ်ယောက်က ဧကန်တ တော့ ဧကန်တ ပဲ. သူ့ပုံက ချစ်စရာလေး .. မျက်စိပြူးပြူး
လေးနဲ့.. ဖြူဖွေးနေတာပဲ.. အဟီး ..ကြည့်ကောင်းချက်.. ငါ့ကို ကယ်လိုက်တာ သူပဲနေမှာ.. သူဖြစ်
ရင် မဆိုးဝူး!  🙄* မေ ၁ ယောက် ဘူးချက်*
" အမည်- Do Kyung Soo " ဒါအကုန် သူ စုံစမ်းမိသလောက်.  ( တော်တော်သိသွားတာပဲ) 😂😂
ကဲကဲ.. ငါဒီနေ့တော့ လှလှပပ ဖီးလိမ်းသွားဦးမှပဲ.

-အတန်းချိန်စပြီ..
" ဒီနေ့တော့ ဘေးနားက သူတွေနဲ့ပဲ မဟုတ်ပဲ တခြားသူတွေနဲ့လည်း စကားပြောကြည့်ကြပါဦး"..
ဂွင်ပဲ ! * မေ၁ယောက်ကျေနပ်နေစဉ်..
" မေ.. Kyung Soo ဘေးသွားထိုင်နေ.." အဟွတ်.
ရေတောင်သီးတယ်.. သူ့ဘေးတဲ့လား..
အဲ့တော့ ကိုယ်လည်း လွယ်အိတ်လေးပိုက်ပြီး မယောင်မလည်သွားထိုင်.. သူ့ကြည့်လိုက်တော့ အေးတိအေးစက်မလှုပ်မယှက် ဒါပေမယ့် မျက်နှာချိုမယ့်ပုံပဲ.. သူက အရင်စ နှုတ်ဆက်တယ်.. ကိုယ်လည်း မပီတပီတွေပြောပြီး မိတ်ဖွဲ့ပေါ့.. ချစ်ဖို့ကောင်းသား.. အဟီး.. ဒါနဲ့ပဲ သူနဲ့ကိုယ် KakaoTalk တွေဘာတွေနဲ့.. အဆင်ကိုပြေလို့..
သူကဖော်ရွေသား.. ဘာလိုလိုနဲ့ ကိုယ်ရယ် ,အခန်းဖော် ၃ ယောက် ,Kyung Soo ,Emily
နောက်ပြီး Park Jihoon & Lai Kuanlin ..Squad လေးရသွားတယ်.. Major တွေမတူပေမယ့်လည်း ဒီဘာသာစကား ၃လ အတွက်တော့ ကိုယ့်ရဲ့ Team လေးပေါ့.

- မေ ၁ယောက် စိတ်ပျက်လက်ပျက်ထိုင်နေ တယ်... အကြောင်းက...  BTS fan meeting..
သွားချင်တာ ၁ ပိုင်းမက ၁ ကိုယ်လုံးသေနေတာ .. မရှိတာက ပိုက်ဆံ.. လုံးဝမရှိလို့တော့ မဟုတ်ပေမယ့် ကိုယ်လည်း ကိုယ် အစ နဲ့ကိုယ်ဆိုတော့.. အိမ်ကိုလည်း တော်ရုံပဲ အပူကပ်ချင်တော့ .. ကိုယ်ပဲ စိတ်အညစ်ခံလိုက်မယ်...
ဘေးနဲ့ကို စွက်ခနဲ ဝင်ထိုင်တာက ပြူးစိန်လေး .. Kyung Soo .."ဘာဖြစ်နေတာလဲ.. နင့်ကြည့်ရတာ မရွင်မပြနဲ့.. ငါဘာလုပ်ပေးရမလဲ.." သူကြည့်တော့ တော်တော်စိတ်ပူနေပုံရတယ်.. ကိုယ်တောင်ပြူးကြောင်ကြောင်ဖြစ်သွားတယ်.. "ငါ့ကိုယ်ပူပေးတဲ့သူရှိတယ်?" အနည်းငယ်ပြုံးမိပြီး.. အကြောင်းစုံပြောပြတော့မှ .. အော် ဆိုပြီး ငြိမ်သွားတယ်..ကိုယ်နဲ့သူလည်း သိတာ ၂ ပတ်ကျော်ပြီဆိုတော့ ဟို ချောကလတ်အကြောင်း စပြီး မေးချင်မိတယ်.. ဘာရယ်မဟုတ်ပေမယ့် သူဆိုရင်သိပ်ကောင်းမှာပဲ ဆိုတဲ့ အတွေး.. သူနဲ့သိတဲ့အတွင်းလသူ့အကြောင်းလည်း သိလာတယ်.. အနေအေးပေမယ့် နွေးထွေးတယ်.. ကိုယ့်ကိုလည်းဂရုစိုက်တယ်..ကိုယ့်၁ယောက်တည်းတော့ မဟုတ်ပါဘူး.. သူငယ်ချင်းတွေကိုရောပေါ့..ချစ်ဖို့ကောင်းတယ် ချိုသာတယ်.. သီချင်းဆိုလည်းကောင်းတယ်.. ကောင်းတာတွေချည်းပဲ.. ဒါပေမယ့် အဲ့၁ ခုကြောင့် ကိုယ်တွန့်ဆုတ်မိတယ်...အဲ့တာက စိတ်ခံစားချက် ၁ခု... " သူမဟုတ်မှန်းသိနေတယ်.. ခံစားမိတယ်.. ဒါရူးနေတာလို့ ထင်ရင်လည်း မငြင်းပါဘူး.. စိတ်ခံစားချက် ကို ဦးစားပေးတယ်ဆိုလည်း ဟုတ်ပါတယ်..သူ့ဆီက နွေးထွေးမှုကိုကိုယ်မြင်ရပေမယ့် မခံစားမိဘူး.. ပြီးတော့ သူ့အပေါ်မှာ ထူးခြားတဲ့ ခံစားချက်မရှိဘူး.. ဒါလေးမေးဖို့ ဒီလောက်ထိတွေးဖို့လိုလားဆိုတော့ မလိုပါဘူး ဒီအတိုင်း အတွေးနယ်ချဲ့မိတာပါ.. ကိုယ့်ရဲ့စိတ်တွေကို သေချာချင်တဲ့ အကျင့်ကြောင့်ပါ.." ကိုယ်အတွေးလွန်နေမိတယ်... *မသိဘူး မေးမယ်..မေးလိုက်ပြီ* " Soo ya.. နင် ချောကလတ်...." ဆိုပြီး စကားစဖြတ်လိုက်တော့ " ဟင်... ဘာချောကလတ်လဲ..."တဲ့. ရှက်လိုက်တာ!!! ဟိုကတော့ ငါသူ့ကို ကြိုက်လို့ ချောကလတ်ပေးမယ်ထင်တော့မယ်.. သေလိုက်!!
"ရဖူးလား မေးမလို့လား.. ဟာဟား.. မရဖူးဝူးဟ.. ဒီအရွယ်ရောက်ပြီ.. နင်ရော?" တော်သေးတာပေါ့. သူက အဲ့လိုမေးလိုက်လို့. " အင်းဟုတ်တယ်.. ငါတို့ထဲမှာရတာ Maknae Kuanlin ပဲရှိတော့ ချောကလတ်စုပြီး အချင်းချင်းပေးမလားလို့..ဟီးဟီး" .. "ကောင်းတယ်အဲ့ဒါ.."
တော်သေးတာပေါ့ Valentines Day ရောက်ဖို့၃ ရက်အလိုမို့.. တော်ကြာ အရှက်ကွဲဦးမယ်..  " အဲ့တာဆို သူမဟုတ်ဘူးပေါ့.. ဘယ်သူများလဲ.. သူ့ကြည့်ရတာ လိမ်တဲ့ပုံလည်းမပေါက်ဘူး.. အေးလေ သူက ငါနဲ့ခင်တာပဲ မပြောစရာမှမရှိတာ.. ဒါဆိုဘယ်သူလဲ?"

*ဒီလိုနဲ့ ပဲ ချစ်သူများနေ့ကို သူငယ်ချင်းများနဲ့ ဖြတ်သန်းလိုက်တယ်... fan meeting လည်းလက်လွှတ်ပြီးပေါ့*

"မင်ယွန်းဂီရော.. ဘယ်လိုဖြတ်သန်းလဲဟင်.. ကိုယ်က တော့ ၁ ယောက်တည်းပဲ.. မင်း နဲ့ ကိုယ်က တစ်နိုင်ငံတည်းနေတောင် မတွေ့ရဘူး.. ကံကလည်းကွာ!" ညနေဘက်ကောင်းကင်ကို မျှော်ကြည့်ရင်း ညည်းတွားမိတယ်...

လူ၁ယောက်ကလည်း သူမ ကို မျှော်ကြည့်ရင်း....

တစ်ဖက်မှာလည်း လူ၁ယောက် ရယ်ပြုံးရင်း...

ချစ်ခြင်းအစ ..? Ferrero Rocher. ( 사랑의 시작..? Ferrero Rocher)Donde viven las historias. Descúbrelo ahora