ငှက်ဝါမလေး ခပ်လွင်လွင်ရယ်လိုက်တဲ့အခါ
ခင်ဗျားထပျံသွားလို့ ဆတ်ခနဲ တုန်ယင်ကျန်ရစ်ခဲ့တဲ့
သစ်ကိုင်းခြောက်လေးရဲ့ ငိုသံတွေ ကြားမိသေးလား။သူမနှုတ်ခမ်းကို ခင်ဗျားနမ်းနေမလားလို့ တွေးကြည့်လိုက်ရုံနဲ့တင်
ည ၂ နာရီမှာ အာခေါင်တွေခြောက်တယ်။ခင်ဗျား ကျွန်တော့်ကို နားမလည်ပါဘူး
သူမနဲ့ကျမှ ပိုတောက်ပနေရတဲ့ ခင်ဗျားအပြုံးတွေကို
ကျွန်တော်နားမလည်နိုင်သလိုပေါ့
အဲ့ဒီ့ခင်ဗျားကို ကျွန်တော် မသိဘူးရယ်စရာကောင်းတဲ့ ပြကွက်တစ်ခုပါပဲ
ခင်ဗျားတို့နှစ်ယောက်ကို ကျွန်တော်က
အတတ်နိုင်ဆုံး ဆုတောင်းပေးမိနေသေးတယ်။ချစ်ရခြင်းနဲ့ နာကျင်ရခြင်းတွေ တိုက်ရိုက်အချိုးကျလာတဲ့အခါ
ကျွန်တော် အတတ်နိုင်ဆုံး အလုပ်တစ်ခုကတော့
ကိုယ့်ကိုယ်ကိုမေ့ပစ်လိုက်ခြင်းပါပဲ။
YOU ARE READING
S T A R D U S T
Short Storyဒီဘက် ကမ္ဘာမှာတော့ ခင်ဗျားက သူမကို ချစ်ပါ။ ခင်ဗျားကို ကျွန်တော်က ချစ်ပေးမယ်။ ဒီလောက်ဆို လုံလောက်ပါတယ်။