ဘယ်ဘာသာစကားနဲ့ပြောမှ
ခင်ဗျား ကျွန်တော့်ကို နားလည်မှာလဲ
ဘယ်ဘုရားကို ဆုတောင်းမှ
ခင်ဗျား ကျွန်တော့်အတွက် ဖြစ်လာပေးမှာလဲဓူဝံကြယ်က မြောက်အရပ်ကို ပြတယ်
ခင်ဗျားအချစ်တွေရှိရာအရပ်ရောက်ဖို့ကျ ဘယ်ကြယ်ကို
ကျွန်တော် ကြည့်ရမလဲ။
ကျွန်တော့်ကောင်းကင်မှာမှ ကြယ်မစုံခြင်းကို ပြန်တွေးမိရင်
ကျွန်တော်ဟာ လူဖြစ်ရှုံးပါတယ်။ရယ်သံတွေပါတဲ့ ဖန်ပုလင်းလေးကျကွဲသွားတဲ့အခါ
အိပ်စက်ခြင်းဟာ ပြတင်းပေါက်ကနေ လွင့်ထွက်သွားတယ်။နာကျင်မှုတွေကို ထုတ်မပြတတ်တာလည်း
ကျွန်တော့်အားနည်းချက်ပဲ
အခန်းထောင့်က ရှိုက်သံတွေ ခင်ဗျား မကြားတာ မဆန်းပါဘူး။ခင်ဗျားနဲ့ ကျွန်တော့်ကြားမှာရှိတာ
ကံကြမ္မာမဟုတ်ပဲ ကျိန်စာဆိုတာ သိလိုက်ကတည်းက
ကြယ်တွေစခေါက်ဖြစ်တာပဲ။

VOCÊ ESTÁ LENDO
S T A R D U S T
Contoဒီဘက် ကမ္ဘာမှာတော့ ခင်ဗျားက သူမကို ချစ်ပါ။ ခင်ဗျားကို ကျွန်တော်က ချစ်ပေးမယ်။ ဒီလောက်ဆို လုံလောက်ပါတယ်။