ကျွန်တော်ငယ်ငယ်က ကျောင်းပိတ်ရက်တွေမှာ အမေနဲ့အတူ ရုပ်ရှင်သွားကြည့်လေ့ရှိတယ်တခြားကလေးတွေလို ကျွန်တော်ကြည့်ချင်တာကို ကျွန်တော်မရွေးချယ်ရပေမယ့် အမြဲတမ်းလိုလို အမေရွေးတဲ့ဇာတ်ကားတွေဟာ ကျွန်တော်ကြည့်ချင်တဲ့ကားတွေဖြစ်နေတတ်တယ်
ပျော်စရာဇာတ်ကားလေးတွေ ကလေးစွန့်စားခန်းကားလေးတွေ ဟာသကားလေးတွေ မိသားစုကားလေးတွေပေါ့
အဲ့ဒါကြောင့် ရုပ်ရှင်ကြည့်ရတာကိုကျွန်တော်ပျော်ခဲ့တယ်
ဒါပေမယ့် တစ်ခုသော အားလပ်ရက်မှာတော့ ထူးဆန်းစွာနဲ့ပဲ အမေရွေးတဲ့ဇာတ်ကားကိုကျွန်တော်မနှစ်သက်ခဲ့ဘူး
အဲ့ဒီကားက ဒေသတစ်ခုမှာ စစ်ဖြစ်နေတဲ့အတွက် လူတွေသေကြေပျက်စီး ထွက်ပြေးကြရတဲ့ဇာတ်ကားပဲ
အမေကပြောတယ် ကိုယ်ကဒီလိုအေးချမ်းတဲ့နေရာမှာကံကောင်းစွာနေရတဲ့အတွက် ဒီလိုမျိုးလူတွေကိုစာနာရမယ်တဲ့
အမေပြောတာဟာ ဒုက္ခသည်စခန်းအကြောင်းလာတဲ့အချိန်မှာ
ဒုက္ခသည်စခန်းဟာလည်းတကယ်ကိုစုတ်ပြတ်နေတာပဲ ကျွန်တော်တကယ်ထိတ်လန့်အံ့သြရတဲ့အထိပဲ
အမေ့ကိုမေးခဲ့တယ်
အဲ့လိုနေရာက အပြင်မှာတကယ်ရှိလို့လားလို့အမေက ရှိတာပေါ့သားရယ် တဲ့
ကျွန်တော်မယုံခဲ့ဘူး အဲ့လို စုတ်ပြတ်တဲ့နေရာဟာ အပြင်မှာတကယ်ရှိတယ်လို့ မယုံနိုင်ခဲ့ဘူး
ဒါပေမယ့်
**
**
**
ဒါပေမယ့်အခုယုံနေရပြီကျွန်တော်ရောက်နေတဲ့ ဒီကောင်လေးတွေရဲ့အခန်းဟာ အဲ့ဒီဒုက္ခသည်စခန်းလိုပဲ
တစ်စက်ကလေးတောင်တင့်တယ်မှုမရှိဘူး
ဒါဟာ ဝက်ခြံလိုပဲ
ဖယောင်းတိုင်လေးတွေကိုစီပြီးထွန်းထားတာကြောင့် မီးရောင်ဝါဝါအောက်မှာ သူတို့အခန်းရဲ့ဖွဲ့စည်းပုံကိုကျွန်တော်မြင်နေရတယ်
တကယ်ကို ညစ်ပတ်တယ်
"မီး မီးဘာလို့မဖွင့်တာလဲ "
YOU ARE READING
I don't think I love you
FanfictionHwangdeep Think about hwangdeep and sleep.So you'll dream sweet dream. That is HWANGDEEP. *ကျွန်တော်ကညစ်ပတ်တဲ့သူတွေကိုမကြိုက်ဘူး *ကျွန်တော်ကကျွန်တော်ညစ်ပတ်တာကိုလက်ခံပေးမယ့်သူကိုပဲသဘောကျမှာ