Between us

183 23 18
                                    


*
*
*
"တစ်ယောက်တည်းမဟုတ်ပါဘူး…မင်ဟွန်းhyungရှိတယ်လေ…ဟားဟား…"

ဝူဂျင်ရဲ့လက်ညှိုးနဲ့ဂျင်ယောင်းရဲ့မျက်လုံးလေးတွေကကျွန်တော့ဆီမှာ

"Hyung…ကျွန်တော့သူငယ်ချင်းကိုအပ်ပါတယ်နော်!!!!"

ဟုအော်ကာ ခုန်ပေါက်ပြီးပြေးထွက်သွားတယ် ဝူဂျင်

"ဘူဆန်ပြန်ရမယ်ဟေ့ …ဘူဆန်ပြန်ရမယ်" လို့လည်းသီချင်းတွေအော်ဆိုနေသေးတယ်လေ

ကြောင်တောင်တောင်နဲ့ကျန်ခဲ့တာက ကျွန်တော်နဲ့ဂျင်ယောင်း
ဒီကိုးလိုးကန့်လန့်အခြေအနေမှာဘာလုပ်ရမလဲကျွန်တော်မသိဘူး

သူဝမ်းနည်းနေမှာလား…

"ဟင့်…" ခနဲ အသံပြုပြီးကြမ်းပြင်ပေါ်ထိုင်ချလိုက်တဲ့ဂျင်ယောင်း

ကျွန်တော်လန့်သွားတယ် သူဘာဖြစ်သွားတာလဲ

ဘာလုပ်ရမှန်းမသိဘဲ ကျွန်တော်ကြောင်နေတုန်းမှာပဲ

"အီးဟီးဟီး…" ဆိုကာ ထငိုတဲ့ထိုကလေး

"ဟာ ဂျင်ယောင်း ဘာဖြစ်တာလဲ …"

ကျွန်တော်မေးတာကိုမဖြေပါ ခြေကိုသာကြမ်းပြင်ကိုဆောင့်ရင်း ခေါင်းကိုမော့ကာ အသားကုန်အော်ငိုနေလေသည်

ကျွန်တော်တကယ်ပြာသွားခဲ့တာ
ခပ်မြန်မြန်သူ့အနားသွားထိုင်ရင်းပခုံးကိုအသာအယာကိုင်ရင်း

"မ…မငိုပါနဲ့…ဂျင်ယောင်းရယ်"

ဒီလိုငိုနေရင် ဘယ်လိုချော့ရမလဲကျွန်တော်နားမလည်ပါ
စိတ်ရှုပ်စရာမကြိုက်တဲ့ကျွန်တော်ဟာ ကလေးတွေကိုလည်းစိတ်ရှုပ်စရာစာရင်းထဲထည့်ထားတဲ့သူပင်
အစ်မဆီသွားရင်လည်း အစ်မကလေးတွေကိုအနားကပ်မခံပါ
သူ့ဆီကပစ္စည်းတွေပဲ မမသွားပြီးသူ့ကလေးတွေကိုတော့နည်းနည်းလေးတောင်ကူမထိန်းပေး၍အဆဲခံရပေါင်းလဲမနည်း
တကယ် ကလေးဆို စာကလေးတောင်မချစ်ဘူး

ဒါပေမယ့် ဒီကလေးကိုတော့သူမပစ်ထားချင်ပါ မျက်နှာသေးသေးလေးကိုရဲတွတ်နေအောင်ငိုနေသည်မလား

"ဂျင်ယောင်းရေ …မငိုပါနဲ့စိတ်မကောင်းဖြစ်တာကိုသိပါတယ်...ခဏပါပဲကွာ မိဘဆိုတာသားသမီးကိုအကြာကြီးစိတ်မဆိုးနိုင်ပါဘူး…ခုဝူဂျင်ကိုတောင်ပြန်ခေါ်နေပြီမလား…ဂျင်ယောင်းကိုလည်းမကြာခင်…"

I don't think I love youWhere stories live. Discover now