the day we met

293 22 22
                                    

  
နွေရာသီဟာ သိပ်ပူတယ်

မနေနိုင်လောက်အောင်ပဲ
ဒါကြောင့်မို့ ဂျင်ယောင်း အင်္ကျီချွတ်ထားတာ ဘောင်းဘီတိုလေးတစ်ထည်ပဲဝတ်ပြီး

ဆိုဖာပေါ်မှာတော့ အသေကောင်လိုအိပ်နေတဲ့ ဂျင်ယောင်းရဲ့သူငယ်ချင်း ဝူဂျင်

ဒီလောက်ပူတာကို အိပ်နေနိုင်တာအံ့သြပါရဲ့

Air conလည်းဖွင့်လို့မရဘူးလေ မီတာခမဆောင်တာဘယ်နှစ်လရှိပြီလဲ

ရေတောင် နောက်ဖေးကခြံအလွတ်ထဲက ချောင်းထဲမှာသွားချိုးရတာ လအတော်ကြာပြီ

မတတ်နိုင်ဘူးလေ အခန်းလခတောင်တစ်လတစ်ခါမနည်းပေးနေရတာ

တကယ်ဆိုအခန်းခတောင်ပေးချင်တာမဟုတ် နှင်ချခံရမှာစိုးလို့

ဝူဂျင် နဲ့ ဂျင်ယောင်းနဲ့အတူအိမ်တွေအများကြီးရှာခဲ့ကြပေမယ့် ဒီအိမ်လောက်ဈေးသက်သာတာမရှိတော့

ဆိုးလ် ထဲမှာပေမယ့် အစွန်နည်းနည်းကျတာမို့ လူတော့ရှင်းသည်

တခြားအခန်းတွေက လူတွေနဲ့လည်းမရင်းနှီးဘူးလေ

အရင်တုန်းက ဘူဆန်မှာနေတုန်းကဆို အိမ်မှာဘာမှလုပ်စရာမလို စားလိုက်အိပ်လိုက်ပဲ

ဒါပေမယ့် ဒါပေမယ့်

စဉ်းစားရင်းနဲ့ အိပ်နေသောဝူဂျင်ကိုကြည့်ရင်းဒေါသထွက်လာရသည်

အဲဝူဂျင်သာ မြင်းပွဲလောင်းဖို့မပြောခဲ့ရင်

သူသာ အမေ့စုဘူးကို သင်တန်းကြေးလို့လိမ်ပြီးမခွဲခဲ့ရင်

အမလေးးး
တွေးရင်းနဲ့ဒေါသထွက်လာလို့ အိပ်နေတဲ့ဝူဂျင်ရဲ့ပါးကိုခပ်ဆတ်ဆတ်ချလိုက်တယ်

ဒါပေမယ့် ဝူဂျင်ကတော့ သူ့ကို အာဘွားပေးသည်ထင်လားမသိ ကယောင်ကတမ်းနဲ့ပါးကိုပွတ်ပြီး ပြုံးလို့

ကျက်သရေမရှိဘူးရယ်

အမလေး အိုက်တယ်
မသိတော့ဘူး အထဲမှာပိတ်လှောင်ခံမယ့်အစား အပြင်ဘဲထွက်နေတော့မယ်

အများကြီးမစဉ်းစားဘဲ အပြင်ဘက်ကော်ရစ်ဒါမှာ ထွက်နေလိုက်တယ်လေ

I don't think I love youWhere stories live. Discover now