Stealing The Angel's Heart - 3

1.5K 181 26
                                    

~~~~~~~~~~~~~~~

Episode 3 >>

" Tiffany …………… Tiffany ………… Tiffany ……… "

ပျင်းရိရွဲနေသည့်မျက်နှာလေးဖြင့် ကုတင်ပေါ်မေးတင်ရင်း မိမိနာမည်သာ ထိုင်ရွတ်နေသူကလေးမကို Tiffany မျက်စောင်းတစ်ချက်နဲ့ ကြည့်လိုက်ပေမယ့် ခဏသာ တိတ်သွားပြီး သူမေ့မေ့ပျောက်ပျောက်ဖြစ်သွားချိန်မှာ အဲ့အသံစာစာက ထပ်ပေါ်လာတာကြောင့် Tiffany မနေသာတော့ပဲ စာအုပ်ကိုပစ်ချရင်း သူ့ဘေးနား သွားရပ်ကာ ခါးထောက်ကြည့်ပေးလိုက်တယ် ။

" ဘာလဲ ?? ဘာဖြစ်ချင်ပြန်ပြီလဲ ? "

" အပေါ့သွားချင်တယ်လို့! ဒီသံကြိုးကြီးဖြုတ်ပေးဦး "

ခြေကျင်းဝတ်က သံကြိုးကို တချွင်ချွင်မြည်အောင်ရမ်းရင်း ရှင်းပြနေသူ Erika မျက်နှာမှာ ဇီးရွက်လောက်ကလေးပဲ ရှိတယ် ။ တစ်ကယ်ဆို သူမ လက်တောက်လောက် ကတည်းက ရဲတိုက်နေရာအကုန် ချောင်ကြိုချောင်ကျားမကျန် ဟိုနှံ့နှံ့ဒီနှံ့နှံ့လျှောက်သွားနေတတ်တာ အရွယ်ကလေးရလာမှ မပြောကောင်းမဆိုကောင်းဖြစ်ပြီး ခြေချုပ်မိချိန်တိုင်း ရူးမတတ်ဖြစ်ရတယ် ။

" မရဘူး … ကလိမ်ကကျစ်မကျနဲ့ ! မင်းကို အချိန်ပြည့်မှပဲ လွှတ်ပေးနိုင်မယ် … "

Tiffany ရဲ့ စကားအဆုံး Erika မျက်နှာ ရှုံ့မဲ့လို့သွားပြီး ပါးစပ်က တီးတိုးတိုးနဲ့ပွစိပွစိလုပ်နေတော့တယ် ။ ခဏနေတော့ မပြောမဆိုနဲ့ အခန်းပြင်ကို ကောက်ခါငင်ကာ ထွက်သွားသူ Tiffany ကြောင့် ခြောက်တိခြောက်ကပ် အခန်းကြီးအတွင်း သူမ တစ်ယောက်သာ ကျန်နေခဲ့တော့တာပေါ့ ။

" ဟူးးးးးး……… "

Erika သက်ပြင်းတချက်ချလိုက်ရင်း အိပ်ရာပေါ်မှာတင် ကိုယ်ကိုလှည့်လိုက်ကာ အပေါ်ကမျက်နှာကြက်ကြီးဆီ ငေးကြည့်နေမိတယ် ။ အတွေးက တောင်ရောက်မြောက်ရောက်ဖြစ်နေသလို အကယ်၍ Tiffany သူမကိုပြောပြတဲ့အတိုင်း စစ်ပွဲအတွင်း အသက်ဆုံးရှုံးခဲ့ရသူ သူမ မိဘတွေသာ ထိုကြမ္မာဆိုးနဲ့မဆုံခဲ့ရဘူးဆို သာမန်ကျေးလက်သူလေးတစ်ဦးအဖြစ် သူကြီးပြင်းလာရင်း သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ သာယာတဲ့ မိသားစုလေးပိုင်နိုင်မှာ ပဲ ။

Stealing the Angel's Heart [ Editing ]Wo Geschichten leben. Entdecke jetzt