Stealing The Angel's Heart - 7

859 153 33
                                    

ထိုရက်တွေလွန်ပြီးနောက်ပိုင်းမှာ သူနဲ့အမြဲအတူရှိနေတတ်တဲ့ Tiffany က နန်းတော်ပြင်ကိုခဏခဏထွက်နေ၍ Erika တစ်ယောက်တည်းသာအမြဲကျန်နေတတ်သည် ။

ဒါကြောင့် Erika လည်းနန်းတော်ထဲမှာပဲ အိပ်လိုက် စားလိုက်နဲ့ အချိန်ကုန်ဖြစ်သည် ။

သို့သော် တစ်နေ့မှာတော့ Erika နန်းတော်ရဲ့အပေါ်ထပ်က စာကြည့်ခန်းမှာ အချိန်ဖြုန်းနေသည် ။

နေသာနေရာမှ ကောင်းကင်ကြီးကချက်ချင်းမှောင်ကျသွားတော့ Erika စာဖတ်နေရာမှ ချက်ချင်းထလိုက်သည် ။

ရဲတိုက်တစ်ခုလုံးမှောင်သွားတော့ Erika အမှောင်ထဲစမ်းတဝါးဝါးနဲ့ နံရံမှာချိတ်ထားတဲ့ မီးတုတ်ကိုဆွဲယူဖို့လုပ်ပေမယ့် " ဂျောက် " ဆိုတဲ့အသံနဲ့အတူ မီးတုတ်ကို ဆွဲလိုက်သလို ဖြစ်သွားပြီး နံရံကြီးက တဖြည်းဖြည်းပွင့်သွားသည် ။

Erika နံရံနောက်ကပေါ်လာတဲ့အခန်းတစ်ခန်းကြောင့် အံ့အားသင့်သွားသည် ။

သူဒီနှစ်တွေမှာ ဒီလိုအခန်းရှိမှန်း လုံးဝမသိခဲ့ဘူးလေ ။

ထိုအခန်းထဲမှာ ထွန်းထားလျက်သားမီးတုတ်တွေကြောင့် အလင်းရောင်မှိန်ပြပြက အခန်းကိုစိုးမိုးသွားသည် ။

အပြင်ဘက်ကိုလှမ်းကြည့်လိုက်တော့ မကြာခင်မိုးသဲကြီးမဲကြီးရွာတော့မယ့်ဟန်ရှိတာကြောင့် Erika ဘာမှတွေးမနေတော့ပဲ ထိုလျှို့ဝှက်အခန်းထဲကို ဝင်ခဲ့လိုက်သည် ။

ထပ်သွားစရာ လမ်းလေးရှိသေးတာကြောင့် Erika အခန်းထဲကမီးတုတ်တစ်ချောင်းကိုဆွဲယူခဲ့ပြီး ဆက်လျှောက်လာခဲ့သည် ။

သူမလည်းအထဲကိုဝင်လိုက်ရော နံရံကြီးကအလိုလိုပြန်ပိတ်သွား၍ Erika တံတွေးမြိုချမိသည် ။

မီးတုတ်ထဲကမီးအလင်းရောင်က သူမ သွားတဲ့လမ်းတစ်လျှောက်ထွန်းလင်းနေသည် ။

ကျောက်သားနံရံတွေကို Erika စူးစမ်းနေရင်း လိုဏ်ခေါင်းလိုနေရာလေးမှ အခန်းကျယ်ကြီးတစ်ခုကိုထပ်ရောက်လာသည် ။

ထိုအခန်းကျယ်ကြီးထဲ သူမဝင်လိုက်တာနဲ့ အခန်းထဲကမီးတုတ်တွေက အလိုလို မီးတောက်လာကြသဖြင့် အခန်းကြီးတစ်ခုလုံး ထိန်ထိန်ဝင်းသွားသည် ။

Stealing the Angel's Heart [ Editing ]Tempat cerita menjadi hidup. Temukan sekarang