Unicode
အိမ်လည်းပြန်ရောက်ပြီဆိုတော့ ဟျောင်းနဲ့ထမင်းစားပြီး မနက်ဖြန်ပြန်ရန် အထုတ်အပိုးပြင်လိုက်သည်။ဟျောင်းကတော့ အဆင်ပြေတဲ့နေ့ တစ်ရက်ရက်မှ ဆိုးလ်းကိုလာမယ် ဟုပြောသည်။ ပြီးမှ တစ်ခုခုကိုသတိရသွားသဖြင့် ဖုန်းကိုဖွင့်ကာ call ထဲဝင်ပြီး တစ်စုံတစ်ခုအား contactထဲထည့်လိုက်သည်။
>>>ဂျွန်<<<
အထုတ်အပိုးပြင်ပြီး မောတာနဲ့ပဲ ခုတင်ပေါ်ပစ်လှဲလိုက်သည်။ ခုတင်ပေါ် ဟိုလှိမ့်ဒီလှိမ့်လုပ်ရင်း ညနေကအကြောင်းပြန်စဉ်းစားမိတော့ ရယ်လည်းရယ်ချင်သလို အနည်းငယ်လည်းမျက်နှာပူ ရသည်။ တကယ်တမ်းပြောရရင် သူ ဒယ်ဂူမှ မပြန်ချင်သေးပါ။ မနက်ဖြန်ပြန်ရန်ပင် တွန့်ဆုတ်ချင်နေမိသည်။ ဒယ်ဂူမြေအားလွမ်းလို့လား ဂျွန်နှင့်ဆုံချင်သေးလို့လား ဆိုတာတော့ သူမဝေခွဲတတ်တော့ပါ။ တစ်နေကုန်လျှောက်သွားထားတာဖြစ်သဖြင့်ပင်ပန်းနေတာကြောင့် မျက်လုံးအစုံအားအနားပေးလိုက်ရတော့သည်။
Flashback 2 >> >> >>
ကျောင်းအသစ်လည်းတက်ရ ကိုယ် ခရက်ရှ် နေတဲ့ ဟျောင်းရဲ့အခန်းကလည်း နီးနီးလေး။အဲဒါကြောင့် ကင်ထယ်ယောင်းတို့ ပွပေါက်တိုးပြီပေါ့။ဒီကျောင်းသည် ကျောင်းဝန်းတော်တော်ကျယ်တာကြောင့် uni ပါ တွဲထားခြင်းဖြစ်သည်။ အတန်းမတူပေမယ့် တစ်ဝန်းထဲဖြစ်နေတာကြောင့် uni ဘက်သွားရန် အဆင်ပြေသည်။ တကယ်တမ်း အထက်တန်းကျောင်းသားတွေသည် uni ဘက်သွားခွင့်မရှိပါ။ တွေ့ချင်လွန်း၍ ခိုးသွားနေရခြင်း။သို့သော် uni က ကျောင်းသားတွေကတော့ ဘယ်သွားသွားရသည်။
သူမုန့်စားကျောင်းဆင်းတိုင်း အတန်းလွတ်တဲ့အားလပ်ချိန်တိုင်း ဟျောင်းအားသွားသွားချောင်းရတာလဲ အမော။ တစ်ခါတစ်ခါ လူမိမှာစိုးလို့လည်းသတိထားရသေး။ သူကတော့ရိပ်မိလားမရိပ်မိလားမသိ။သူ့သူငယ်ချင်းတွေကတော့ ကျွန်တော့်အား တစ်ချက်တစ်ချက်အကဲခတ်နေသည့်ပုံပင်။