~E~

740 97 2
                                    

နှစ်‌နှစ်‌‌ကျော်‌ အချိန်‌‌တွေက လျင်‌လျင်‌မြန်‌မြန်‌ကုန်‌ဆုံးသွားတယ်‌ ။ အိုင်းရစ်‌  သူမက အခုဆိုရင်‌ ဆယ့်‌ငါးနှစ်‌အရွယ်‌ မိန်းက‌လေးတစ်‌‌ယောက်‌ဖြစ်‌လာပြီ ။ သူမ သိပ်‌‌ပျော်‌တယ်‌ ။ ‌ဂေဟာမှာ ‌နေထိုင်‌ဖို့ အချိန်‌သိပ်‌မကျန်‌‌တော့ဘူး‌လေ ။ ‌ဂေဟာက ဆယ့်‌ရှစ်‌နှစ်‌ထိပဲ လက်‌ခံထားတယ်‌ ။

မမဟန်‌နာက စန္ဒယားတီး စိတ်‌ဝင်‌စားတဲ့ သူမကို အားတဲ့အချိန်‌တိုင်း စန္ဒယားတီး သင်‌‌ပေး‌လေ့ ရှိတယ်‌ ။ တစ်‌ခါတစ်‌ရံ‌ သူမပျင်းရိ‌နေရင်‌‌တော့ မမကိုပဲ စန္ဒယားတီးပြခိုင်းပြီး နား‌ထောင်‌‌လေ့ရှိတယ်‌ ။ အများအားဖြင့်‌က‌တော့ Beethoven ရဲ့ Fur Elise ။

Fur Elise .
အိုင်းရစ်‌ ဒီ‌တေးသွားကို သ‌ဘောကျတယ်‌ ။ ထပ်‌ပြန်‌တလဲလဲ ‌ကျော့‌နေတဲ့ ‌တေးသံက သူမကို ‌ပျော်‌ရွှင်‌‌စေသလိုလို ဝမ်းနည်း‌စေသလိုလို ခံစားမှုကို ‌ပေးတယ်‌ ။

" မမဟန်‌နာ Fur Elise ဆိုတာ ဘာကို ‌ပြောတာလဲ ? "

သူမ ဆယ်‌နှစ်‌အရွယ်‌ ‌ဒီ‌တေးသွားကို ပထမဆုံးအကြိမ်‌ကြားဖူးခဲ့တုန်းက မမကို ‌မေးဖူးတယ်‌ ။

" For Elise ။ Elise အတွက်‌‌ရေးထားတာလို့ ‌ပြောကြတယ်‌ ။ Elise ဆိုတာ Beethoven ရဲ့ ချစ်‌သူဖြစ်‌လိမ့်‌မယ်‌ ။တစ်‌ချို့က‌တော့ For Therese တဲ့ "

ဆယ်‌နှစ်‌အရွယ်‌ ဦး‌နှောက်‌‌လေးနဲ့ အိုင်းရစ်‌ စဉ်းစားခဲ့တယ်‌ ။ ကြီးလာတဲ့ တစ်‌‌နေ့ မမဟန်‌နာအတွက်‌ သံစဉ်‌တစ်‌ပုဒ်‌စပ်‌‌ပေးမယ်‌လို့ ။

°
" မမဟန်‌နာ .. ဆယ့်‌ရှစ်‌နှစ်‌ပြည့်‌ရင်‌ အိုင်းရစ်‌နဲ့ လက်‌ထပ်‌မလား "

ဆယ့်‌ရှစ်‌နှစ်‌ပြည့်‌မှ လူကြီးဖြစ်‌တယ်‌လို့‌ပြောဖူးတဲ့ ‌ဂေဟာမှူး‌ကြောင့်‌  မမဟန်‌နာကို‌မေးလိုက်‌တယ်‌ ။ မမက‌တော့ အသည်းအသန်‌ ရယ်‌‌နေတယ်‌ ။ မမက ပြန်‌မ‌ဖြေဘဲ အိုင်းရစ်‌ကို ‌မေးခွန်းတစ်‌ခု ထပ်‌‌မေးတယ်‌ ။

" အိုင်းရစ်‌က မမနဲ့ လက်‌ထပ်‌ချင်‌လို့လား "
အိုင်းရစ်‌ ခပ်‌မြန်‌မြန်‌ပဲ ‌ခေါင်းငြိမ့်‌မိလိုက်‌တယ်‌ ။ သူမ မမကို သိပ်‌ချစ်‌တယ်‌ ။

°
ဆယ့်‌ငါးနှစ်‌‌နောက်‌ပိုင်း ‌ဂေဟာကို လာတဲ့‌နေ့‌တွေမှာ မမဟန်‌နာနဲ့အတူ ‌ယောက်ျား‌လေးတစ်‌‌ယောက်‌ပါလာခဲ့တယ်‌ ။ အိုင်းရစ်‌ သူ့ကို ကြည့်‌မရပါဘူး ။ မမဟန်‌နာ‌ဘေးနားမှာပဲ ‌နေတယ်‌ ။ မမဟန်‌နာသွားတဲ့‌နေရာတိုင်း ထီးလိုက်‌မိုး‌ပေးတယ်‌ ။ မမ‌ပြောတာက‌တော့ ‌ရောဘတ်‌ဒ်‌  (Robert) က စန္ဒယားတူတူတီး‌နေကျ သူတဲ့ ။ ‌ယော့ရှိုင်းယား‌မြောက်‌ပိုင်း တစ်‌ခုလုံးမှာ ‌‌ရောဘတ်‌ဒ်‌က အ‌ချောဆုံးပါတဲ့ ။ အိုင်းရစ်‌က‌တော့ သူ့ကို ဘယ်‌လိုမှကြည့်မရပါဘူး ။

" ဒါမဟုတ်‌ဖူး‌လေ ။ မမတီးခိုင်းတာက E-minor ထဲက Prelude . Op. 28-4 . No. 4 ကို တီးခိုင်းတာ "

သွယ်‌လျလျလက်‌‌ချောင်းရှည်‌‌တွေက စန္ဒယားခလုတ်‌‌တွေ‌ပေါ် ဖြတ်‌‌ပြေးသွားတယ်‌ ။ Frederic Chopin ရဲ့ လွမ်း‌ဆွေးဆွတ်‌ပျံ့စရာ‌ကောင်းတဲ့ စန္ဒယားသံစဉ်‌က မိုး‌ရေ‌တွေကြားက‌နေ ‌ဖောက်‌ထွက်‌လာတယ်‌ ။ အမှန်‌အတိုင်း‌ပြောရရင်‌ သူမ စန္ဒယားတီးဖို့ စိတ်‌မပါဘူး ။အထူးသဖြင့်‌ chopin ရဲ့ သံစဉ်‌‌တွေက အရမ်းကို ရိုမန်‌တစ်‌ ဆန်‌လွန်းတယ်‌ ။  မမဟန်‌နာ တီးတဲ့ Fur Elise ကိုပဲ ထပ်‌ပြန်‌တလဲလဲ နား‌ထောင်‌ချင်‌‌နေတယ်‌ ။

~e~

SERENDIPITY Where stories live. Discover now