' ဟော့ဝပ်ဒ် လိုက်ပို့ပေးလိမ့်မယ်လေ အိုင်းရစ် '
' အိုင်းရစ်က မမဟန်နာနဲ့ပဲ သွားချင်တာ '
ဒီရက်ပိုင်းတွေမှာ မမဟန်နာက ပျားတစ်ကောင်လိုပဲ သိပ်အလုပ်များနေတယ် ။ ယောခ့်ရှိုင်းယားမြောက်ပိုင်းရဲ့ အချောအလှတစ်ယောက်ဖြစ်ပြီး ဂုဏ်တွေကလည်း ကြီးတာမို့ မင်္ဂလာပွဲကို ခမ်းနားသထက် ခမ်းနားအောင် လုပ်နေကြတယ် ။ မင်္ဂလာရက် နှစ်ဆယ့်တစ်ရက်က တစ်ဖြည်းဖြည်းနီးကပ်လာတယ် ။ နောက်သုံးရက်ဆိုရင်ပဲ မမက လက်ထပ်တော့မှာ ။ မမနဲ့ တစ်အိမ်တည်း နေနေပေမယ့် တွေ့ရတဲ့အချိန်က ဖယောင်းတိုင်တစ်တိုင်ထွန်းစာတောင် မရှိရှာဘူး ။ မမကို လွမ်းလိုက်တာ ။
' ပြန်လာရင် မမဟန်နာ စန္ဒယားတီးပြပါ့လား '
' တီးပြမယ်လေ ။ '
ဒါဟာ မမတီးပြတဲ့ နောက်ဆုံး စန္ဒယားသံတောင်ဖြစ်သွားလောက်တယ် ။ မမဟန်နာက အိုင်းရစ်ကို ဂရုစိုက်မှာ မဟုတ်တော့ဘူး ။ အိုင်းရစ်ထက် ပိုချစ်ရတဲ့ ရော့ဘတ်ဒ် ဆိုတာရှိနေပြီ ။ နောက်ဆို သားသားမီးမီးလေးတွေများသာ ရှိနေရင် အိုင်းရစ်ဆိုတာကို ကြားဖူးတော့မှာတောင်မဟုတ်ဖူး ။
ဘယ်လိုလုပ်ရမလဲ ။ အိုင်းရစ်က မမဟန်နာတစ်ယောက်တည်းကို ချစ်သလို မမဟန်နာကလည်း အိုင်းရစ်တစ်ယောက်ကို ချစ်ရင် သိပ်ကောင်းမှာနော် ။
...
' ဒါက ဘုရားကျောင်းလား ? '
' အင်း ဟန်နာ လက်ထပ်ရင် ဒီမှာ လုပ်မှာလေ '
ဘယ်လိုဘုရားကျောင်းလဲ ။ စန္ဒယားမရှိ ၊ ရောင်စုံဖန်ပြတင်းပေါက်တွေ မရှိ ၊ ယေရှုရုပ်ထုတော်မရှိ ၊ အမိုးလည်းမရှိ ၊ အကာလည်းမရှိ ။ ကြီးမားလွန်းတဲ့ ကျောက်တုံးတွေ ပတ်ပတ်လည်ကာရံထားတဲ့ နေရာတစ်နေရာက ဘုရားကျောင်းလို့ပြောရင် မယုံနိုင်ဘူး ။
YOU ARE READING
SERENDIPITY
ChickLitအိုင်းရစ်ပန်းလေးရဲ့ အဓိပ္ပာယ်ကို သိလား မမဟန်နာ ? သူ့မှာ ° ကြီးကျယ်မြင့်မြတ်မှု ၊ ° ဥာဏ်ပညာ ၊ ° ယုံကြည်မှု ၊ ° သတ္တိ နဲ့ ° မျှော်လင့်ချက် တွေပါတယ်တဲ့ ။ အိုင်းရစ် နဲ့တော့ ကွာတာပေါ့ မမဟန်နာ ။ အိုင်းရစ်က ပန်းလေးမှမဟုတ်ခဲ့...