CARISSIME
own characters
Amata~~
Mea vita~~
Amour de ma vie~~
Es Carissime~~~My beloved......
My life...
The love of my life...
You, My Dearest.........
.
.
.
~ c a r i s s i m e ~
.
.
.
*တုံ... တုံ... တုံ............ တုံ... တုံ......*အစပထမမှာ နှေးနှေးလေး...
တဖြေးဖြေးမြန်လာပြီးနောက်မှာ...
နှေးသည်ထက်နှေးလာပြီး ပျောက်ကွယ်သွား
တဲ့ *တုံတုံ* ဆိုတဲ့ အသံတွေ......
နှစ်ဆယ့်လေးချက်...
နှစ်ဆယ့်လေးချက်တိတိ...
ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူတဲ့
၂၄ပစ္စည်း ပဋ္ဌာန်းတရားတော်ကို ကိုယ်စား
ပြုတဲ့ အုန်းမောင်းခေါက်သံ...မြတ်စွာဘုရား......
တပည့်တော်မ၏ တည်မှီရာ ဖြစ်တော်မူပါ
အရှင်ဘုရား......အိပ်ရာထက်ကကျမ ပက်လက်အိပ်လျက်နဲ့
လက်အုပ်ချီထားမိတယ်...
ဘုရားရှင်ကို အာရုံပြုထားတဲ့ကျမ...
အနည်းဆုံးတော့...
ကျမရဲ့ ညာဘက်ခြမ်းက အေးစက်နေမယ့်
ပိုင်ရှင်မဲ့ အိပ်ရာနေရာကို လျစ်လျူရှုထား
နိုင်ခဲ့တယ်...
.
.
.
" ဟယ်လို~~~~"*မာမား~~ Happy Birthday~~ *
*Happy Birthday~~ချစ်မားရေ~~ *
တဖက်က စူးကနဲ ထွက်လာတဲ့ ခပ်သြသြ
အသံနှစ်ခုက ကျမကို နှစ်နှစ်ခြိုက်ခြိုက်
ပြုံးမိစေတယ်..."ကျေးဇူးပါ မားရဲ့ သားတွေရယ်..."
*မားကလည်း ကွာ~~ ကျေးဇူး ဆိုတာ
ကြီး လာပြန်ပြီ~~~*အသက် ၁၆နှစ်အရွယ် သားငယ်ရဲ့
ခပ်ဆတ်ဆတ်အသံကြောင့် ကျမရီမိတယ်...*It's OK မား~~~ ဒါနဲ့ ပါး ကော~~ *
အေးဆေးတဲ့ ၁၈နှစ်သား သားကြီးရဲ့
အမေးကို ကျမ မဖြေနိုင်ဘဲ ဆွံ့အ နေမိ
တယ်...*ဘာလဲ~~ ပြန်မလာပြန်ဘူးမလား~~
ကျစ်~~ ပါး ကွာ~~
မား နေမကောင်းတာ သိလျက်နဲ့~~~
ဘာ အလုပ်တွေများရှိနေပြန်တာလဲ~~
ပါး က တကယ်ပဲဗျ~~~**အငယ်ကောင်~~ တော်ပြီ~~
ပါးက အလုပ်များလို့နေမှာပါ~~ ကနေ့
ပြန်လာမှာပေါ့~~နော်~~ မား~~
ဒါပဲနော်~~မား~~
နေ့လည်မှ ထပ် ဆက်မယ်နော်~~*သားကြီးနဲ့ သားငယ်ရဲ့ စကားတွေကို
ကျမ ပြန်ဖြေဖို့ရာ မစွမ်းနိုင်တော့ပါ...
ဖုန်းခွက်လေးကို စားပွဲပေါ်ချပြီး
နာကျင်နေတဲ့ ဝဲဘက်ရင်ညွှန့်နေရာကို
လက်နဲ့ဖိရင်း ခါးသက်သက်ဆေးတချို့ကို
ရေများများနဲ့ မျောချလိုက်တယ်...
ဆေးသောက်ပြီး ငါးမိနစ်လောက်နေမှ
ပုံမှန်ပြန်ဖြစ်သွားတဲ့အခြေအနေကြောင့်
ကျမ စိတ်အေးသွားရတယ်...
ကနေ့အတွက်တော့ အဆင်ပြေပြီ
ထင်ပါရဲ့...
YOU ARE READING
The Heart of Ink (completed ) Z/U
Short Story*ကျမ* ဆိုတဲ့ p.o.v နဲ့ ရေးဖူးသမျှလေးများကို ပြန်လည် စုစည်းခြင်း ဖြစ်ပါတယ်...... ဖတ်ပြီးရင် တွေးနိုင်ကြပါစေ...... တွေးပြီး ရသမျှ အတွေးတွေကို FeedBack ချန်ခဲ့ပါ... လွတ်လပ်စွာတွေးပြီး လွတ်လပ်စွာ feedbackပေးနိုင် ပါတယ်...... .21st. April. 2018 Friday...