Something i've written for Spring Revolution page .
Enjoy.…
[U]
အာဏာရှင်
__________"နွေဦးတော်လှန်ရေးဆိုတာ အာဏာရှင်စနစ်ကို တော်လှန်နေတာကွ…အဟမ်း…… "
မျိုးဆက်သစ်လူငယ်များကို ဝေ့ကြည့်ရင်း ဦးလေးမောင်က အဟမ်းကနဲချောင်းဟန့်လိုက်သည်။
"အာဏာရှင်စနစ်ဆိုတာ ဘာလဲ ဟုတ်လားကွ…… သူတပါးရဲ့ လုပ်ပိုင်ခွင့်တွေ ရပိုင်ခွင့်တွေကို အတင်းအဓမ္မသ်ိမ်းပိုက်… အခွင့်အရေးတွေကို ဖျက်စီးပြီး လူညွှန့်ချိုးထားတဲ့စနစ်ကို ခေါ်တာကွ…… "
လက်ကျန်ရေနွေးကြမ်းကို မော့ချလိုက်ပြီး ဦးလေးမောင်က ဆက်ပြောပြန်သည် ။
"အဲ… အခွင့်အရေးဆိုရာမှာလည်း ချမ်းသာဆင်းရဲ ယောက်ျားမိန်းမ လူကြီးလူငယ် ခွဲခြားမှုတွေ အားလုံးက လွန်မြောက်ပြီးမှ စစ်မှန်တဲ့ လူ့အခွင့်အရေးကို ဖော်ဆောင်နိုင်မှာကိုးကွ…… "
ဦးလေးမောင်က ရေနွေးကြမ်းအိုးကို ကိုင်မြောက်ပြီး မျက်မှောင်ကျုံ့သွားသည် ။ ဘေးနားတွင် ခပ်ကုပ်ကုပ်ထိုင်ကာ ပြောသမျှ နားထောင်နေသော ဒေါ်လေးလှမေကို လှည့်ကြည့်ပြီး ခပ်ငေါက်ငေါက်ပြောလိုက်သည်။
"ဟဲ့… လှမေ … ရေနွေးကြမ်း မဖြည့်ဘဲ ဘာလုပ်နေတာလဲ … "
"တော်တို့ပြောတာ စိတ်ဝင်စားလို့ပါတော်…… "
"သယ်…… ဒီ မိန်းမကတော့ ပညာရှိစတိုင် ဖမ်းနေပြန်ပြီ… နားလည်တာလဲ မဟုတ်ဘဲ … သွား! ကိုယ့်အလုပ်ကိုယ်လုပ်… "
ဆောင့်ချပေးသောရေနွေးကြမ်းအိုးလေးကို ယူကာ ခပ်သုပ်သုပ်လျှောက်သွားသော ဒေါ်လေးလှမေကို ကြည့်ကာ ဦးလေးက ခပ်အုပ်အုပ်ပြောလိုက်သည် ။
" မိန်းမတွေများ… နေရာတကာကို ဝင်ပါချင်တာပဲ… မီးဖိုချောင်ထဲပဲနေတာ မဟုတ်ဘူး… အဟမ်း… ဒါနဲ့ ပြောနေတာ ဘယ်ရောက်သွား…"
ကွပ်ပြစ်လေးကို ကျောခိုင်းသွားသော လူငယ်များကို ဦးလေးမောင်က တအံ့တသြငေးကြည့်နေသည် ။ ဦးလေးမောင် သတိမရသော အရာတခုကို လူငယ်များ သတိရသွားချင်းဖြစ်သည် ။
အာဏာရှင်စနစ်ကို အမှန်တကယ်တော်လှန်ချင်သူသည် အာဏာရှင်စိတ်ဓာတ်ကိုပါ ဖြောက်ဖျက်နိုင်ရလိမ့်မည် ။
#အာဏာရှင်စနစ်ကျရှုံးပါစေ
.
.
.[Z]
အာဏာရွင္
__________"ေႏြဦးေတာ္လွန္ေရးဆိုတာ အာဏာရွင္စနစ္ကို ေတာ္လွန္ေနတာကြ…အဟမ္း…… "
မ်ိဳးဆက္သစ္လူငယ္မ်ားကို ေဝ့ၾကည့္ရင္း ဦးေလးေမာင္က အဟမ္းကနဲေခ်ာင္းဟန္႕လိုက္သည္။
"အာဏာရွင္စနစ္ဆိုတာ ဘာလဲ ဟုတ္လားကြ…… သူတပါးရဲ႕ လုပ္ပိုင္ခြင့္ေတြ ရပိုင္ခြင့္ေတြကို အတင္းအဓမၼသိ္မ္းပိုက္… အခြင့္အေရးေတြကို ဖ်က္စီးျပီး လူညႊန္႕ခ်ိဳးထားတဲ့စနစ္ကို ေခၚတာကြ…… "
လက္က်န္ေရေႏြးၾကမ္းကို ေမာ့ခ်လိုက္ျပီး ဦးေလးေမာင္က ဆက္ေျပာျပန္သည္ ။
"အဲ… အခြင့္အေရးဆိုရာမွာလည္း ခ်မ္းသာဆင္းရဲ ေယာက်္ားမိန္းမ လူႀကီးလူငယ္ ခြဲျခားမႈေတြ အားလံုးက လြန္ေျမာက္ျပီးမွ စစ္မွန္တဲ့ လူ႕အခြင့္အေရးကို ေဖာ္ေဆာင္နိုင္မွာကိုးကြ…… "
ဦးေလးေမာင္က ေရေႏြးၾကမ္းအိုးကို ကိုင္ေျမာက္ျပီး မ်က္ေမွာင္က်ံဳ႕သြားသည္ ။ ေဘးနားတြင္ ခပ္ကုပ္ကုပ္ထိုင္ကာ ေျပာသမွ် နားေထာင္ေနေသာ ေဒၚေလးလွေမကို လွည့္ၾကည့္ျပီး ခပ္ေငါက္ေငါက္ေျပာလိုက္သည္။
"ဟဲ့… လွေမ … ေရေႏြးၾကမ္း မျဖည့္ဘဲ ဘာလုပ္ေနတာလဲ … "
"ေတာ္တို႕ေျပာတာ စိတ္ဝင္စားလို႕ပါေတာ္…… "
"သယ္…… ဒီ မိန္းမကေတာ့ ပညာရွိစတိုင္ ဖမ္းေနျပန္ျပီ… နားလည္တာလဲ မဟုတ္ဘဲ … သြား! ကိုယ့္အလုပ္ကိုယ္လုပ္… "
ေဆာင့္ခ်ေပးေသာေရေႏြးၾကမ္းအိုးေလးကို ယူကာ ခပ္သုပ္သုပ္ေလ်ွာက္သြားေသာ ေဒၚေလးလွေမကို ၾကည့္ကာ ဦးေလးက ခပ္အုပ္အုပ္ေျပာလိုက္သည္ ။
" မိန္းမေတြမ်ား… ေနရာတကာကို ဝင္ပါခ်င္တာပဲ… မီးဖိုေခ်ာင္ထဲပဲေနတာ မဟုတ္ဘူး… အဟမ္း… ဒါနဲ႕ ေျပာေနတာ ဘယ္ေရာက္သြား…"
ကြပ္ျပစ္ေလးကို ေက်ာခိုင္းသြားေသာ လူငယ္မ်ားကို ဦးေလးေမာင္က တအံ့တၾသေငးၾကည့္ေနသည္ ။ ဦးေလးေမာင္ သတိမရေသာ အရာတခုကို လူငယ္မ်ား သတိရသြားခ်င္းျဖစ္သည္ ။
အာဏာရွင္စနစ္ကို အမွန္တကယ္ေတာ္လွန္ခ်င္သူသည္ အာဏာရွင္စိတ္ဓာတ္ကိုပါ ေျဖာက္ဖ်က္နိုင္ရလိမ့္မည္ ။
#အာဏာရွင္စနစ္က်ရွံဳးပါေစ
VOCÊ ESTÁ LENDO
The Heart of Ink (completed ) Z/U
Conto*က်မ* ဆိုတဲ့ p.o.v နဲ့ ေရးဖူးသမ်ွေလးမ်ားကို ျပန္လည္ စုစည္းျခင္း ျဖစ္ပါတယ္...... ဖတ္ျပီးရင္ ေတြးနိုင္ျကပါေစ...... ေတြးျပီး ရသမ်ွ အေတြးေတြကို FeedBack ခ်န္ခဲ့ပါ... လြတ္လပ္စြာေတြးျပီး လြတ္လပ္စြာ feedbackေပးနုိင္ ပါတယ္...... .21st. April. 2018 Friday...