ခွဲခွာခြင်းလက်​​ဆောင်

170 15 2
                                    

Chan နှင့်​ စကားမ​ပြောရသည်​မှာ သုံးရက်​ရှိ​နေပြီ။ ​​​ဘေးချင်းကပ်​ထိုင်​​သော်​လည်း ​မေးထူး​ခေါ်​ပြောသာရှိ၍ စကားအပိုမ​ပြောဖြစ်​ကြ​ပေ။
တကယ်​​တော့ကျွန်​​တော်​ မ​ပြောရဲလို့ပါ
Arnyii မ​ပြောရက်​လို့ပါ။ ဒါ​ပေမယ့်​လည်း ​ပြော​တော့​ပြောရမည်​။ လျို့ဝှက်​ထားရမည့်​ကိစ္စလည်းမဟုတ်​။အင်း... ရဲ​ဆေးတင်​ကာ ​ပြောဖို့ပြင်​လိုက်​သည်​။ chan miya! သုံး​လေးရက်​စကားမ​ပြောဘဲ ခု စ​ပြောမယ့်​စကားက ဒီစကားဖြစ်​​နေလို့။I 'm really sorry။

"Chan ငါ​ပြောစရာရှိလို့ ငါနဲ့ ခဏလိုက်​ခဲ့"

"Imm"

အော်​​ရေးရှား ပိ​တောက်​ပင်​​အောက်​ရှိ သစ်​သားခုံတန်း​ပေါ်တွင်​ ထိုင်​လိုက်​ကြသည်​။

"Beak ငါ့ကိုဘာ​ပြောမလို့လဲ "

"အာ..ဟိုဟာ​လေ"

"Beak ပွင့်​"လင်း"​ပြောစမ်း"

"Chanyah!ငါ..ငါ ​နောက်​အပတ်​ထဲမှာ Australia ​ပြောင်းရ​တော့မယ်​"

"Bor?? Jinja??"

"Imm omma​ရော ​appa​ရော ငါတို့မိသားစုလိုက်​​ပြောင်းမှာ ဟိုမှာ appaစီးပွား​ရေး စလုပ်​​နေတာ ငါပါကူညီရမှာ နှစ်​​ယောက်​အားဆို​တော့ ပိုတက်​တာ​ပေါ့ ​ကျောင်းက​တော့ အပြင်​​ဖြေ​ပေါ့ အဲ့ကပဲ ​ဖြေမှာ"

"မကြာဘူးမလား"

"အပြီးဖြစ်​ချင်​ဖြစ်​သွားနိုင်​တယ်​"beak ထိုစကားကို အရဲကိုးကာ ​ပြောလိုက်​​သော်​လည်း အဖျားခတ်​တုန်​ယင်​သွားသည်​။

Chanနှလုံးသားတို့​ရေစုန်​နစ်​သွားပါသည်​၊

Chanဘာမှ ပြန်​မ​ပြောပါ။ ​ရှေ့တူရှုကိုသာ ​တွေ​တွေ​ငေးကြည့်​​နေသည်​။ကျွန်​​တော်​လည်း ဘာမှထပ်​မ​ပြောဘဲ ဒီတိုင်းငြိမ်​​နေလိုက်​သည်​။
တော်​​တော်​ကြာမှ ကျွန်​​တော်​က စ​ပြောလိုက်​ပါသည်​။

"Chan ဘယ်​လိုသ​ဘောရလဲ"

"ဘာကိုလဲ"

"ငါလိုက်​သွားရမှာလား"

Chanနင်​တားလိုက်​ပါ။ နင်​တားလိုက်​ရင်​ ငါမလိုက်​သွား​တော့ဘူး။ မဟုတ်​​တောင်​ ခဏပဲ​နေပြီး ပြန်​ခဲ့မယ်​ဟာ။ သို့​သော်​....

ရွှေမင်းသား​လေးရဲ့ သက်​​တော်​​စောင့်​ (normal)chanbeak verWhere stories live. Discover now