"Park chanyeol
Byun beakhyun"မရဲတရဲနဲ့ အိမ်ထဲ ဝင်လာသော သူတို့နှစ်ယောက်အား အမေနှစ်ယောက်ရဲ့ အသံက သာယာငြိမ့်ညောင်းစွာ ဆီးကြိုလိုက်သည်။
"ဟာ ommaလည်းရောက်နေတာလား"
"ဒီမှာ chanyeol ဘာမှလာ မျက်နှာချိုသွေးမနေနဲ့ မင်းတို့နှစ်ယောက် ဘယ်တွေသွားပြီး ဘာတွေဖြစ်ခဲ့ကြလဲ မှန်မှန်လိမ်"
"ဟာ omma!!!!"
Chan ရော beakရော နှစ်ယောက်လုံး ပြိုင်တူအော်မိကြသည်။B: "ကျွန်တော်တို့က ရိုးရိုးသားသားပါ"
C's omma: "သားတို့ommaကို ဘာကြောင့်လဲရှင်းပြစရာမလိုဘူး ommaတို့နားလည်တယ် ဘယ်အဆင့်ထိရောက်ခဲ့ပြီလဲပဲပြော"
C: "ommoni!!!!"
B's omma: "ဟုတ်တယ် မင်းတို့နှစ်ယောက်ကို သဘောမတူစရာလည်းမရှိဘူး အမှန်အတိုင်းပြောရင် ကျောင်းပြီးရင် လက်ထပ်ပေးမယ်"
C :" omma မှားနေပြီ ကျွန်တော်တို့ကရိုးရိုးသားသား သူငယ်ချင်းတွေ ဘာမှ လည်းမဖြစ်ခဲ့ကြဘူး ဘာမှ လက်ထပ်စရာလည်းမလိုဘူး။"
ထို့နောက် chanသည် မနေ့ကဖြစ်ခဲ့သော အကြောင်းအရာ အား အားလုံးပြန်ပြောပြလိုက်သည်။သူတို့နှစ်ယောက် အချစ်ကမ္ဘာတည်ဆောက်ခဲ့သည့်အကြောင်းကလွဲလို့ပေါ့။
C: "ommaကျွန်တော့်ကို ဒီအကြောင်းထပ်မေးရင် ကျွန်တော်အိမ်မှာ မနေတော့ဘူး"
Chanသည် ထိုစကားတို့အား ရုပ်တည်နှင့်ပြော၍ထွက်သွားလေတော့သည်။
Beakhyun'pov
..........................
Chanရယ် ပြတ်သားလှချည်လား။နင်သာ omma တို့ကို ဟိုအကြောင်းပြောပြရင် ငါက ommaကိုဖွင့်ပြောပြီး နင့်ကို မိသားဖသားပီပီ တောင်းမှာပါ။ ငါခေါင်းမရှောင်တတ်ပါဘူး။ ခုတော့ဟာ နင်က... နင်..နင် ကပြတ်သားလွန်းတယ်ဟာ။ နင်ပြောချင်ရာတွေပဲ ပြောသွားတယ် ငါ့ကိုဖွင့်ပြောခွင့်တောင်မပေးတော့ဘူးလား။ ငါ့ရင်ထဲက အကြောင်းတွေ နင်ဘာမှမသိသေးဘူးလေ။ နင့်ကိုငါအဖြေမသေးရသေးဘူးလေဟာ။နင်အဖြေမတောင်းတော့ဘူးလား။နင်ဖွင့်ပြောချင်တိုင်းဖွင့်ပြောပြီး ငါ့အဖြေကို နားမထောင်တော့ဘူးလားဟာ။နင်ပြတ်သားလွန်းတယ်ဟာ။Chanyeol's pov
.............
Wuri beakလေး ငါလုပ်တာကိုအပြစ်တင်နေဦးမှာလား။miyanae!နင့်အတွက်ပါဟာ။ ငါပျော်ဖို့သက်သက်နဲ့ နင့်နှလုံသားတံခါးပိတ်မိအောင် ငါမလုပ်ရက်ပါဘူး။ ဖြစ်ခဲ့တဲ့ ခဏတာ သာယာမှုအတွက် နင့်ကိုလှည်းကြိုးမထမ်းစေချင်ဘူး။ ပြီးတော့ ပွဲလန့်တုန်းဖျာခင်းတယ်လို့လဲ အထင်မခံနိုင်ဘူး။ ငါချစ်တာနင် ဟုတ်တယ်။ ဒါမေယ့် နင်ချစ်တာငါမဟုတ်ဘူး။နင် ချစ်ချင်တဲ့သူကို နင့်မှာ ချစ်ခွင့်ရှိရမယ်။ ငါ့ကြောင့် နင့်အခွင့်အရေးမဆုံးရှုံးစေချင်ဘူး။ miyanae beak! နင့်အတွက်ပါ။...................
BINABASA MO ANG
ရွှေမင်းသားလေးရဲ့ သက်တော်စောင့် (normal)chanbeak ver
Fanfiction~မိန်းကလေးတစ်ယောက်ကအမြဲတမ်းနူးညံနေရမယ်cute typeလေးဖြစ်နေရမယ်လို့ ဘယ်သူပြောလဲ ~မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်လိုနေလို့မရဘူးလား ~မိန်းကလေးတစ်ယောက်ကယောက်ျားလေးတစ်ယောက်ကိုစဖွင့်ပြောပြီး သူ့အဖြေကိုရင်ခုန်...