ချန်လဲ့နန်းတော်ချန်းလဲ့နန်းတော်က ထုံးစံအရတော့
ဟန်အင်ပါယာရဲ့ ဧကရီတစ်ပါးနေထိုင်ရမယ့်
နန်းတော်တစ်ခုလေ။ဒါပေမယ့် ကျွန်မက ချန်မိန်
နန်းတော်မှာပဲဆက်ပြီးနေချင်ခဲ့တာမို့
မိဘုရားခေါင်တစ်ပါးဖြစ်ရှိနေခဲ့ပေမယ့်လည်း
ဒီနှစ်တွေအတွင်းမှာ ချန်လဲ့နန်းတော်က အလွတ်အတိုင်းပဲ
ကျန်နေခဲ့တယ်။ချန်လဲ့နန်းတော်က ဘယ်လောက်တောင် ကြီးကျယ်ခမ်းနား
ထယ်ဝါလဲဆိုတာတော့ ကျွန်မမသိဘူး။သိလည်းမသိ
ချင်သလို ဂရုလည်းမစိုက်ဘူး။ဟန်အင်ပါယာရဲ့
ဧကရီတစ်ပါးဆိုတဲ့ ဂုဏ်ပုဒ်ကိုတောင် ကျွန်မ ဂရုမစိုက်ခဲ့တာ။ကျွန်မအတွက် တစ်ခုတည်းသောအရေးပါတဲ့အရာက
ရှင်ပါပဲ...။ကျွန်မ ချန်မိန်နန်းတော်မှာပဲနေခဲ့တယ်။ဘာလို့လဲဆိုတော့
ချန်မိန်နန်းတော်ဆိုတာ ရှင်ကျွန်မအတွက်ဖန်ဆင်းပေးခဲ့တဲ့
ပုံပြင်ဆန်တဲ့ နန်းတော်ကြီးဖြစ်နေခဲ့တာမို့....။
ကျွန်မထင်ခဲ့တာက ကျွန်မတို့ ဒီနန်းတော်ကြီးထဲမှာပဲ
နေထိုင်ရင်း ကျွန်မတို့ရဲ့အချစ်ပုံပြင်လေးက
တစ်သက်စာ တည်ရှိသွားလိမ့်မယ်လို့လေ....အဲဒီနေ့အထိပေါ့။
နောက်ထပ်မိန်းမတစ်ယောက်
ချန်လဲ့နန်းတော်ကိုရောက်လာတဲ့ နေ့မှာတော့
ကျွန်မရဲ့အိပ်မက်တွေအားလုံး ပူဖောင်းတွေလို
လွင့်ပြယ်သွားခဲ့လေရဲ့။အဲ့ဒီအချိန်လေးအတွင်းမှာပဲ ယောက်ျားတစ်ယောက်
ရဲ့အချစ်ဟာ ဘယ်လောက်တောင် ပြောင်းလဲလွယ်
သလဲဆိုတာကို နားလည်ခဲ့လိုက်ရတယ်။
......အရာအားလုံးဟာ ဖင်းရန်အိမ်တော်ထဲမှာ စတင်ခဲ့တယ်။
ဝေဇီဖူနဲ့ရှင်နဲ့ စတွေ့တဲ့နေရာပေါ့။အဲဒီတုန်းက ကျွန်မရှင့်ဘေးမှာထိုင်နေခဲ့တာ။
ရောင်စုံပိုးသားဝတ်စုံဝတ်ထားတဲ့ ချောမောတဲ့
ကချေသည်အမျိုးသမီးတစ်ယောက်က
လှပစွာ ယိမ်းနွဲ့ကပြတဲ့အခါမှာတော့ ရှင့်ရဲ့စိတ်ဝိ
ဥာဉ်တွေဖမ်းစားခံလိုက်ရပုံပါပဲ။
VOUS LISEZ
Fairytale In Golden Palace [Completed]
Roman d'amourOriginal Name:Lament at Changmen Palace Original Author:Qiao Xi English Translator:cathercity အကယ်၍သာအစကတည်းက ကျွန်မလည်း ဧကရီတစ်ပါးရဲ့ အာဏာတစ်ခုတည်းကိုပဲ လိုချင်ခဲ့မယ်ဆိုရင် ကျွန်မ ရှင့္ကို အခုလိုမ်ိဳး မြန်မြန်ဆန်ဆန္ဆန္ႀကီး ဆံုးရှုံးချ...