2

25 1 0
                                    

Kiseမှာ ဘယ်သူ့ဆီမှာမှ မရှိတဲ့ စွမ်းအင်တစ်ခုရှိသည် အဲ့ဒီစွမ်းအင်က သူ့အတွက် ကျိန်စာတစ်ခုထက်တော့ မပိုပါဘူး

လူတွေအကုန်လုံးမှာ သူတို့ရဲ့ ကိုယ်ပိုင် အသက်စက်ဝန်းလေးတွေ ရှိတတ်ကြသည် သူတို့ရဲ့ ခေါင်းနားမှာရှိတဲ့ လေက အရောင်လေးတွေ ထင်ဟပ်နေတတ်သည် ပြီးတော့ Kiseက ထိုအရောင်တွေကို မြင်ရသည် သို့သော် ထိုအရောင်တွေက အဓိပ္ပါယ် တိတိကျကျရှိသည် အရောင်တွေက အစိမ်းနုနုရောင်က စပြီး အနက်ရောင်နီးနီးဖြစ်နေတဲ့ အနီရင့်ရင့်ရောင်အထိ ရှိသည် အရောင်တွေက လူတွေရဲ့ ရှင်သန်ရမယ့်သက်တမ်းကို မူတည်ပြီး ပြောင်းလဲနေသည် Kiseက မကြာခင်မှာပဲ အရောင်တွေရဲ့ အဓိပ္ပါယ်ကို သဘောပေါက်သွားသည် သူဘယ်လိုသိသွားလဲ? သူ့အဖိုးရဲ့ အနက်နီးနီးအရောင်စက်ဝန်းကို မြင်ရပြီး နောက်တစ်ရက်မှာပဲ အဖိုးဆုံးသွားသည် သူ့ရဲ့ ၀မ်းကွဲညီဘေးနားက အနက်ရောင်စက်ဝန်းဟာ ဘာပါလိမ့်လို့ သူစဉ်းစားနေတုန်း နောက်တစ်ရက်မှာ သူ့ဝမ်းကွဲညီ ကားအက်ဆီးဒင့်ဖြစ်ပြီး ဆုံးသွားသည်

ဒါက တကယ့်ကို ကျိန်စာတစ်ခုပဲ ဘယ်သူတွေ သေတော့မလဲဆိုတာကို မြင်နေရတာ သူသိတဲ့ လူတွေရော မသိတဲ့လူတွေရော သူမုန်းတဲ့လူတွေရော ချစ်တဲ့သူရော  တစ်ခါတစ်လေ သူဆုတောင်းမိတာက မျက်တောင်တစ်ချက် ခတ်ပြီး ပြန်ကြည့်လိုက်ရင် ဒီအရောင်တွေ အကုန်လုံး သူ့အမြင်ကို ဖုံးမနေပဲ ပျောက်သွားစေရန်သာ ဒါပေမယ့် ဒါဟာ သူ့ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုပဲ ပြီးတော့ သူက တစ်ဘ၀လုံး ဒီလိုပဲ နေသွားရမှာပဲ

Kiseက သူဒီစွမ်းအင်ကို ရပ်တန့်ဖို့အတွက် ဘာမှလုပ်မရတဲ့အဆုံး ဘ၀ကြီးကို ပုံမှန်အတိုင်းသာ ဖြတ်သန်းဖို့ ဆုံးဖြတ်လိုက်သည် သူ့ရဲ့ ကိုယ်ပိုင်စက်ဝန်းက အစိမ်းရောင်ပါ ပြီးတော့ သူ့သူငယ်ချင်းတွေ မိသားစုတွေကလည်း အစိမ်းရောင် ဒါမှမဟုတ် အ၀ါရောင်နုနုတွေသာ များသည်

နောက်စာသင်ချိန်အတွက် အခန်းပြောင်းဖို့ ကော်ရစ်ဒါတစ်လျှောက် အရောင်စုံတွေကြား ဖြတ်လျှောက်လာသည် သူက အ၀ါရောင်ရင့်ရင့် ဒါမှမဟုတ် အနီရောင်ကို မြင်လိုက်ရရင်ကို အဲ့လူကို ရှောင်ပြီး ဆက်လျှောက်သွားမိသည်

Kiseရဲ့ ခြေလှမ်းတွေကို ရပ်တန့်စေတာက ခပ်ချောချော ဒါပေမယ့် မောနေပုံပေါ်တဲ့ ကောင်လေးတစ်ယောက် ဒါမှမဟုတ် Senpai (senior)လို့ ပြောရမလား အဲ့ကောင်လေးက သူ့ရှေ့တည်တည့်မှာ ရပ်ပြီး သူ့ကို စိုက်ကြည့်နေသည် ခါးကုန်းပြီး အသက်ကို မနည်းလုရှူနေရလို့ သူ့နှာခေါင်းပေါ်က မျက်မှန်လေးက လျှောကျလာသည် သူက တော်တော်ကြည့်ကောင်းသည်ကိုတော့ Kise၀န်ခံရမည်

သူ့နှလုံးခုန်သံရပ်သွားလား ထင်လိုက်မိသည်

အဲ့ဒီSenpaiက မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး..ဆိုပြီး တီးတိုးရေရွတ်ကာ ဆောရီးတစ်ခွန်းပြောပြီး လာရာလမ်းအတိုင်း ပြန်လှည့်ပြေးသွားသည်

်ထိုကောင်လေးရဲ့ အသက်စက်ဝန်းသည် အနီရင့်ရောင် ဖြစ်နေသည်

Red string of loveWhere stories live. Discover now