4

12 1 0
                                    

"​သေစမ်း"

Oikawaတိတ်​တိတ်​​လေး ကျိန်​ဆဲလိုက်​ပြီး အခန်းထဲကို ၀င်​လိုက်​သည်

..အဲ့​ကောင်​က ဘာလို့ ဒီအခန်းထဲ ​ရောက်​​နေတာလဲ.. သူဒီအခန်းကို ဘယ်​လို ရှာ​တွေ့တာလဲ

သူ့မျက်​လုံး​တွေက ​ကောင်​​လေးကိုင်​ထားတဲ့ စာရွက်​​တွေဘက်​ကို လှမ်းကြည့်​လိုက်​မိသည်

ကြိုးအနီ​လေးတစ်​​ချောင်းက စာရွက်​​တွေကို ကိုင်​ထားတဲ့ သူ့လက်​က​နေ တွဲလဲခို​နေသည်​ ကြိုး​လေးရဲ့အဆုံးက Oikawaကိုယ်​တိုင်​ရဲ့ လက်​သန်း​လေးမှာ..

Oikawaသူ့လက်​သူ ကြိုး​လေးများ ​ချောင်​သွားမလားဆိုပြီး လှုပ်​ခါလို​က်​မိသည်​ သို့​သော်​ ကြိုး​လေးက အရှိန်​​ကြောင့်​ လှုပ်​ရမ်းသွားရုံသာ..

"Oikawa! ဒီပထမနှစ်​​လေးက နင့်​စာရွက်​​တွေ ပြန်​လာ​ပေးတာတဲ့"

Mayaက ထုံးစံအတိုင်း စွာကျယ်​စွာကျယ်​နဲ့ ၀င်​​ပြောသည်

"အာ..​ကျေးဇူးပဲ.."

ကောင်​​လေးက သူ့နားလာပြီး စာရွက်​​တွေ လှမ်း​ပေးသည်

"Kise Ryoutaပါ ကိစ္စမရှိပါဘူး"

Kiseရဲ့ မျက်​နှာက ပြုံး​နေသည်​ သို့​သော်​ Oikawaသိသည်​ သူ့ရဲ့အပြုံး​တွေမှာ ခံစားချက်​အပြည့်​မပါဘူးဆိုတာကို ​မြွေ​မြွေချင်း ​ခြေမြင်​တယ်​ပဲ ​ပြောရမလား..

"Oikawa Tooru.. စီနီယာလို့ပဲ​ခေါ်"

မျက်​နှာကို တည်​ထားပြီး လက်​ထဲက စာရွက်​​လေး​တွေကို ဖြန့်​ရင်း ​ပြောလိုက်​သည့်​ Oikawaရဲ့အသံက တင်းမာမ​နေ​ပေမယ့်​ ချိုသာမှုမရှိ

"Kiseက ငါတို့ အသင်းကို ဝင်​ချင်​လို့တဲ့"

Maya၀င်​​ပြောလိုက်​​တော့ Kiseနားမလည်​ခြင်းများနှင့်​ သူမကို ကြည့်​လိုက်​မိသည်​ သို့​သော်​ မငြင်းမိ

"​အော်​ ဟုတ်​လား?"

Oikawaအသံက ပျင်းတွဲတွဲနှင့်
သူ့အိတ်​ထဲက laptopကို ​ယောင်​​တောင်​​ပေါင်​​တောင်​နှင့်​ ဆွဲထုတ်​​နေသည်

"အင်း!! ငါတို့ အဖွဲ့ဝင်​အသစ်​​တွေကို ​ကောင်း​ကောင်းအသုံးချလို့ရတယ်​​လေ.. မင်းက ငါတို့အသင်းအတွက်​ အရမ်းမိုက်​တဲ့ အဖွဲ့ဝင်​ဖြစ်​မှာ ​သေချာတယ်​"

Red string of loveWhere stories live. Discover now